လူတစ်ယောက်ရဲ့မေတ္တာကို လူတစ်ယောက်က လုယူလို့ရစတမ်းဆိုရင်
လူတစ်ယောက်က လူတစ်ယောက်အပေါ်မှာ ဘာမေတ္တာမှ ထားနေစရာမှ မလိုတာ၊မေတ္တာဆိုတာ သူ့ကိုရော့ ယူဆိုပြီးပေးနေရတာမဟုတ်ဘူး၊
ကိုယ့်စိတ်ထဲမှာ မေတ္တာဓာတ်တွေကို မွေးမြူရတာဖြစ်ပါတယ်။
မေတ္တာမှာ သူကဘယ်သူ၊ဘယ်ဝါ၊မဲတယ်ဖြူတယ်၊မခွဲခြားတတ်ပါဘူး။
မေတ္တာမှာ အရောင်ကာလာမရှိဘူး၊အေးမြကြည်လင်မှုတော့ ရှိတယ်၊အရောင်ကာလာနဲ့မေတ္တာမှာ ပူလောင်တတ်တဲ့ သဘောရှိတယ်၊ တစ်ချို့က ချစ်တာနဲ့မေတ္တာကိုမကွဲကြဘူး၊
မေတ္တာဟာ ချစ်တာမဟုတ်သလို၊ချစ်တာဟာလည်းမေတ္တာ မဟုတ်ဘူး၊
ဘာနဲ့တိုင်းတာမလဲ အေးမြခြင်း၊ပူလောင်ခြင်းတွေနဲ့ တိုင်းတာရမယ်၊ ချစ်ခြင်းမှာသောကရှိတယ်၊စွဲလမ်းမှု ရှိတယ်၊မေတ္တာမှာသောကလည်းမရှိဘူး၊စွဲလန်းခြင်းလည်းမရှိဘူး။
သူတစ်ခုခုဖြစ်နေလို့ သောကဖြစ်နေရတယ်၊ပူလောင်နေရတယ်ဆိုရင် အဲဒါမေတ္တာမဟုတ်ဘူး၊ချစ်တာလို့ခေါ်တယ်၊ချစ်ခြင်းရဲ့ဆွဲအားလို့ခေါ်တယ်၊ မေတ္တာမှာ အမျှင်အတန်း စွဲလမ်းမှုတွေ မရှိဘူး၊
အေးမြခြင်း ငြိမ်းအေးခြင်းတော့ရှိတယ်၊မေတ္တာနဲ့ချစ်တာ အတူတူထင်ရပေမယ့်တကယ်တမ်းမှာတော့ မတူပါဘူး။
တစ်ခါတလေ ချစ်တာမှာ မေတ္တာပါနိုင်ပေမယ့်၊မေတ္တာမှာတော့ ချစ်တာတွေမုန်းတာတွေမပါနိုင်ပါဘူး၊
ဘာကြောင့် မေတ္တာက အေးမြရတာလဲ၊အဖြေကရှင်းရှင်းလေးရယ်၊ချစ်တာတွေ မုန်းတာတွေ မပါတော့ အေးချမ်းရတာပေါ့၊
ချစ်ခြင်းရဲ့အခြားတစ်ဘက်မှာ မုန်းခြင်းရှိသလို မုန်းခြင်းရဲ့အခြားတစ်ဘက်မှာလည်းချစ်ခြင်းရှိနေတယ်ဆိုရင်၊ ချစ်ခြင်း မုန်းခြင်းရဲ့အခြားတစ်ဘက်မှာ အဲဒါမေတ္တာပါပဲ။
တစ်ခါတလေ တစ်ချို့လူတွေက ချစ်လာရင်းနဲ့မုန်းလာတတ်တာရှိသလို မုန်းနေရင်းနဲ့လည်းချစ်မိလာတတ်တာရှိပါတယ်၊
ဒါပေမယ့်မေတ္တာမှာတော့ ချစ်ခြင်း မုန်းခြင်းရှိလာတယ်ဆိုတာမရှိပါဘူး၊
ဒါကြောင့် မေတ္တာထားတဲ့ကိုယ့်စိတ်မှာ ချစ်ခြင်း မုန်းခြင်းတွေ သွယ်ဝှက်စွာရှိနေလားဆိုတာ သတိလေးနဲ့ပြန်ကြည့်လေ့လာကြည့်လိုက်ပါ။
မေတ္တာရဲ့သဘောကိုသိလာတဲ့တစ်နေ့မှာတော့ ချစ်တာကချစ်တာမေတ္တာကမေတ္တာဆိုတာ ကွဲကွဲပြားပြားသိလာပါလိမ့်မယ်။
မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
ေမတၱာႏွင့္ ခ်စ္တာ၊ မတူျခင္း
လူတစ္ေယာက္ရဲ႕ေမတၱာကို လူတစ္ေယာက္က လုယူလို႔ရစတမ္းဆိုရင္
လူတစ္ေယာက္က လူတစ္ေယာက္အေပၚမွာ ဘာေမတၱာမွ ထားေနစရာမွ မလိုတာ၊ေမတၱာဆိုတာ သူ႔ကိုေရာ့ ယူဆိုၿပီးေပးေနရတာမဟုတ္ဘူး၊
ကိုယ့္စိတ္ထဲမွာ ေမတၱာဓာတ္ေတြကို ေမြးျမဴရတာျဖစ္ပါတယ္။
ေမတၱာမွာ သူကဘယ္သူ၊ဘယ္ဝါ၊မဲတယ္ျဖဴတယ္၊မခြဲျခားတတ္ပါဘူး။
ေမတၱာမွာ အေရာင္ကာလာမရွိဘူး၊ေအးျမၾကည္လင္မႈေတာ့ ရွိတယ္၊အေရာင္ကာလာနဲ႔ေမတၱာမွာ ပူေလာင္တတ္တဲ့ သေဘာရွိတယ္၊ တစ္ခ်ိဳ႕က ခ်စ္တာနဲ႔ေမတၱာကိုမကြဲၾကဘူး၊
ေမတၱာဟာ ခ်စ္တာမဟုတ္သလို၊ခ်စ္တာဟာလည္းေမတၱာ မဟုတ္ဘူး၊
ဘာနဲ႔တိုင္းတာမလဲ ေအးျမျခင္း၊ပူေလာင္ျခင္းေတြနဲ႔ တိုင္းတာရမယ္၊ ခ်စ္ျခင္းမွာေသာကရွိတယ္၊စြဲလမ္းမႈ ရွိတယ္၊ေမတၱာမွာေသာကလည္းမရွိဘူး၊စြဲလန္းျခင္းလည္းမရွိဘူး။
သူတစ္ခုခုျဖစ္ေနလို႔ ေသာကျဖစ္ေနရတယ္၊ပူေလာင္ေနရတယ္ဆိုရင္ အဲဒါေမတၱာမဟုတ္ဘူး၊ခ်စ္တာလို႔ေခၚတယ္၊ခ်စ္ျခင္းရဲ႕ဆြဲအားလို႔ေခၚတယ္၊ ေမတၱာမွာ အမွ်င္အတန္း စြဲလမ္းမႈေတြ မရွိဘူး၊
ေအးျမျခင္း ၿငိမ္းေအးျခင္းေတာ့ရွိတယ္၊ေမတၱာနဲ႔ခ်စ္တာ အတူတူထင္ရေပမယ့္တကယ္တမ္းမွာေတာ့ မတူပါဘူး။
တစ္ခါတေလ ခ်စ္တာမွာ ေမတၱာပါႏိုင္ေပမယ့္၊ေမတၱာမွာေတာ့ ခ်စ္တာေတြမုန္းတာေတြမပါႏိုင္ပါဘူး၊
ဘာေၾကာင့္ ေမတၱာက ေအးျမရတာလဲ၊အေျဖကရွင္းရွင္းေလးရယ္၊ခ်စ္တာေတြ မုန္းတာေတြ မပါေတာ့ ေအးခ်မ္းရတာေပါ့၊
ခ်စ္ျခင္းရဲ႕အျခားတစ္ဘက္မွာ မုန္းျခင္းရွိသလို မုန္းျခင္းရဲ႕အျခားတစ္ဘက္မွာလည္းခ်စ္ျခင္းရွိေနတယ္ဆိုရင္၊ ခ်စ္ျခင္း မုန္းျခင္းရဲ႕အျခားတစ္ဘက္မွာ အဲဒါေမတၱာပါပဲ။
တစ္ခါတေလ တစ္ခ်ိဳ႕လူေတြက ခ်စ္လာရင္းနဲ႔မုန္းလာတတ္တာရွိသလို မုန္းေနရင္းနဲ႔လည္းခ်စ္မိလာတတ္တာရွိပါတယ္၊
ဒါေပမယ့္ေမတၱာမွာေတာ့ ခ်စ္ျခင္း မုန္းျခင္းရွိလာတယ္ဆိုတာမရွိပါဘူး၊
ဒါေၾကာင့္ ေမတၱာထားတဲ့ကိုယ့္စိတ္မွာ ခ်စ္ျခင္း မုန္းျခင္းေတြ သြယ္ဝွက္စြာရွိေနလားဆိုတာ သတိေလးနဲ႔ျပန္ၾကည့္ေလ့လာၾကည့္လိုက္ပါ။
ေမတၱာရဲ႕သေဘာကိုသိလာတဲ့တစ္ေန႔မွာေတာ့ ခ်စ္တာကခ်စ္တာေမတၱာကေမတၱာဆိုတာ ကြဲကြဲျပားျပားသိလာပါလိမ့္မယ္။
ေမတၱာျဖင့္
အရွင္ဇနက(မႏၲေလးစာသင္သား)