ဓမ္မရံသီဆရာတော်ဘုရားကြီး၏ ကြီးမားသောမေတ္တာတရား

မြန်မာပြည်ရယ်+ဓမ္မရံသီရယ်+ကံကြမ္မာရယ်

မိုးကုတ်ဓမ္မရံသီရုံးခန်းသို့ ဒုတိယအကြိမ် ဆရာတော်မှဖုန်းဆက်မိန့်ကြားတော်မူပြန်သည်

နိုင်ငံတကာမှပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများကို သက်ဆိုင်ရာဒေသအလိုက်

ရန်ကုန်နဲ့အနီးတစ်ဝိုက်ကဆိုရင် ရန်ကုန်ဓမ္မရံသီရိပ်သာကြီးမှာထားပြီး

မိုးကုတ်မြို့နယ်က ပြန်လည်ဝင်ရောက်လာသူတွေဆိုရင် မိုးကုတ်ဓမ္မရံသီရိပ်သာကြီးမှာထားဖို့ခွင့်ပြုမယ်တဲ့..

တာဝန်ရှိသူတွေနဲ့ပူပေါင်းပြီး အစစအရာရာ အဆင်ပြေအောင် ငါ့တပည့်တို့ ဆောင်ရွက်ပေးလိုက်ကွာ..တဲ့။

နီးစပ်ရာလူကြီးတွေနဲ့ ကျောင်းတိုက်အတွက်စိုးရိမ်နေကြတဲ့ လူကြီးပိုင်းတွေက ဆရာတော်ကိုလျှောက်ကြပါတယ်…

ဒီတစ်ခါ အတော်အန္တရာယ်များတယ်ဘုရား..

အခြားဋ္ဌာနတွေကလဲ လက်မခံကြတော့ဘူး တော်တော်များများက..

ဆရာတော်လဲ ပထမအကြိမ်လက်ခံပြီးပြီပဲ ဒီတစ်ခါငြင်းမယ်ဆိုရင်လဲ မရိုင်းပါဘူးဘုရား တဲ့..

ခုပြန်လာမှာကလဲ..စင်ကာပူ တရုတ် ဂျပန် မလေးကများတယ်ဘုရား..

အဲဒီနိုင်ငံတွေက အတော်ဖြစ်နေတာcovid19ကခုတစ်သုတ်ကတော့ နိမိတ်ဖတ်တာမဟုတ်ဘူးP တွေ့မယ်ထင်တယ်ဘုရား တဲ့..

တစ်ကယ်လို့တွေ့သွားရင် ကျောင်းတိုက်အတွက်မကောင်းဘူးဘုရား တဲ့..လျှောက်ကြတယ်

ဆရာတော်ကမိန့်တော်မူပါတယ်..

ဒကာကြီးတို့ရေ..ဘုန်းကြီးဒီကျောင်းတိုက်ကြီးတွေကိုအခုလိုတိုးတက်အောင်ကြိုးပမ်းလာတာဟာဒီနိုင်ငံဒီလူတွေအတွက်ကြိုးပမ်းလာတာပါ..

ဒီနိုင်ငံဒီလူတွေအတွက်မှအသုံးမချရင် ဘယ်မှာသွားအသုံးချမလဲဒကာကြီးတို့ရ…

ဘုန်းကြီးလဲအန္တရာယ်များမှန်းသိတာပေါ့..ဒါပေမဲ့ဘုန်းကြီးဥပေက္ခာပြုထားရင် ကိုယ့် ပြည်သူတွေဖြစ်တဲ့ ဒကာ ဒကာမတွေကိုစောင့်ရှောက်ရာမရောက်တော့ဘူးလေ..တဲ့..။

ကျန်တဲ့တပည့်သားသံဃာတွေလဲ ဘာမှလျှောက်မနေနဲ့

ဒကာကြီးတွေကလဲ အကောင်းဆုံးဖြစ်အောင်ဝိုင်းဝန်းကူညီကြ.. တဲ့။

အေးရော..ဒုတိယအကြိမ် ကံကြမ္မာနဲ့ ရင်ဆိုင်ဖို့အားမွေးရတော့မှာပ..

ပထမအကြိမ်ကတော့ ရန်ကုန် မိုးကုတ် နှစ်ဋ္ဌာနလုံးဝမ်းသာစရာသတင်းပဲဖြစ်ခဲ့သလိုဒီတစ်ကြိမ်လဲ မြန်မာပြည်ကြီးအတွက်ရယ် ဓမ္မရံသီရိပ်သာကြီးအတွက်ရယ် ဝမ်းသာစရာတွေပဲဖြစ်ပါစေလို့မျှော်လင့်မိပါတယ်…

ရတနာသုံးပါးကျေးဇူးနဲ့ ဆရာတော်ဘုရားကြီး၏မေတ္တာကြောင့် အားလုံးကျမ်းမာချမ်းသာကြလိမ့်မယ်လို့လဲယုံကြည်မိပါတယ်။

မြန်မာပြည်ကြီးမှာ ဒီရောဂါတွေစင်ကြယ်သွာခဲ့ရင်..

ကမ္ဘာကြီးကလူတွေအံ့သြသွားကြလိမ့်မယ်..

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ မေတ္တာတရား ကရုဏာတရားတွေကို ကိုယ်တိုင်နားလည်လာကြလိမ့်မယ်..

ဘာသာတရားတိုင်းကို မစိစစ်တဲ့ငမိုက်သားများ သိလာကြလိမ့်မယ်..

အရာရာမှာ တန်းတူထားလို့မရဘူးဆိုတာ

ဒါ့ကြောင့် မြန်မာပြည်ရယ်+ဓမ္မရံသီရယ်+ကံကြမ္မာရယ်သုံးပွင့်ဆိုင်လွန်ဆွဲတဲ့ ဒီတစ်ပွဲမှာ..ကောင်းသောကံကြမ္မာတွေနဲ့သာ အဆုံးသတ်ပြီး..

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ..မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး ထွန်းလင်းနိုင်ပါစေဟု ဝိုင်းဝန်းမေတ္တာပို့သစ္စာပြုကြရအောင်လားဗျာ…..

ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)

4.5.2020 Pm































4.5.2020 Pm