အထီးကျန်ခြင်း နှင့် အားငယ်ဝမ်းနည်းခြင်း
အထီးကျန်ခြင်း နှင့် အားငယ်ဝမ်းနည်းခြင်း
ဒီခံစားချက်ကို လူတိုင်း မကြာခန ဖြစ်တတ်ပါတယ်
အမျိုးသမီးတွေတော်တော်များများ ပို ဖြစ်တတ်ပါတယ်
ဒါ ဘာကြောင့်လည်းဆိုတော့ အတွေးများတဲ့သူတွေ မို့ပါ အစွန်အဆုံး ထိ တွေးပြီးပူပန်တတ် မှု့တွေကြောင့်ပါ
၁။ အရမ်းမတွေးပါနဲ့
အရာရာကို အရမ်းမတွေးပါနဲ့ အတွေးတွေရဲ့ နောက်ကွယ်မှာ စိုးရိမ်စိတ်တွေ နဲ့ သံသယစိတ်တွေ မယုံကြည်မှု့တွေ ပါနေတတ်ပါတယ်
ဒါကြောင့် သင့်ရဲ့ အတွေးတစ်ခုက သင့်ကို စိုးရိမ်ပူပင်မှု့တစ်ခု ဖြစ်စေနိုင်ပါတယ်
ဒါကြောင့်တတ်နိုင်သလောက် အတွေးတွေကို လျှော့တွေးပါ
ဘယ်တော့မှ တစ်ဖက်သက်မတွေးမိပါစေနဲ့
နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ ကိုယ်ထင်သလို / တွေးသလို ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်
အကောင်းအမြင်နဲ့ တွေးပေးကြည့်ပါ
၂။ သံသယစိတ်တွေမထားပါနဲ့
သံသယ စိတ်ဆိုတာက မိမိ အရင်ဆုံး လောင်ကျွမ်းခံရတာပါတစ်ဘက်လူ လောင်ကျွမ်းချင်မှ လောင်ကျွမ်းမှာပါ
ဒါကြောင့်မိမိအတွေးကြောင့် ဖြစ်ပေါ်လာတဲ့ ဒီ သံသယ စိတ်တွေကို ဖြေဖြောက်ကြည့်ပါ
၃။ ဘဝ အတွက် အမြဲလေ့လာသင်ယူပါ
အထီးကျန် အားငယ် နေတယ် ဆိုတဲ့ လူတစ်ယောက်က ဘာတစ်ခုမှ မလုပ်မိလို့
ဒီလို ခံစားနေရတာပါ မိမိသာ အလုပ်တွေ ရှုပ်နေမယ် ဆိုရင်
မိမိသာ အချိန်တွေ တိုင်းမအားလပ်အောင်ဖြစ်နေမယ် ဆိုရင်
ဒီခံစားမှု့တွေ ခံစားချင်မှ ခံစားရမှာပါ
ဥပမာ – စာအုပ်တွေဖက်ပြီးလေ့လာနေတာ
Internet ကနေ ကျန်းမာရေးအကြောင်း , Design အကြောင်းတွေ စုံစမ်းလေ့လာတာ ,Decoration design တွေနဲ့ .ဟင်းချက်နည်းတွေသင်နေတာ,
English စကားပြောတွေ လေ့လာနေတာ ………အစရှိတဲ့ အရာတွေကိုသာ သင်လုပ်နေမယ် ဆိုရင်
သေချာပါတယ် သင် လွယ်လွယ် အထီးကျန်အားငယ် တတ်တဲ့ သူတစ်ယောက်မဖြစ်တော့ပါဘူး
၄။ ခေတ်နဲ့ အချိန်တန်းဖိုးထားကြည့်ပါ
ခေတ်ကြီး တိုးတတ်ပြောင်းလဲလာသလို ပျက်စီးမှု့တွေကလည်း နည်းမျိုးစုံနဲ့ သင့်ကို ဖိတ်ခေါ်နေမှာပါ >>> သင်ရွှေးချယ်တတ်ဖို့ပဲ အရေးကြီးပါတယ်
သင် ကံကောင်းချင်ရင် အလုပ်ကြိုးစားပါ ကံ ဆိုတာ လူကလုပ်တာပါ
သင် ကောင်းတာလုပ်ရင် ကောင်းတာခံစားရမယ်
မကောင်းတာလုပ်ရင် နောင်တစ်ချိန် မကောင်းတာခံစားရမယ်
အကောင်းအဆိုးခွဲခြားတတ်ပါစေ အကောင်းဘက်က အသုံးချတတ်ပါစေ
၅။ ပျော်စရာကောင်းသောဘဝ ကိုဖန်တီးပါ
သင့်ကို သင်ပျော်ရွှင်အောင်ထားပါ( သင်စိတ်ညစ်ရင် သင်ခံစားရတာပါ )
သင့်ကျန်းမာရေးကိုသင်ဂရုစိုက်ပါ ( သင်နေမကောင်းရင် သင်ခံစားရတာပါ )
သင့်ဘဝ တိုးတတ်ရေးကို သင့်လေ့လာသင်ယူပါ ( သင်ကျရှုံးရင် သင့်ဘေးမှာ ဘယ်သူမှ ရှိတော့မှာမဟုတ်ပါဘူး
သင့်ကို စိတ်ညစ်စေမဲ့ အရာတွေ နဲ့ စိတ်ရှုပ်စေမဲ့ အရာတွေ ကိုဘဝထဲက ထုတ်ပြစ်ပါ ( မကောင်းတာတွေ ဖယ်ပြီး အကောင်းဆုံးတွေ ကိုနေရာပေးကြည့်ပါ )
ဒါကြောင့် သင့်ကိုယ်သင်ပဲ အားကိုးပါ / ယုံကြည်ပါ / မျော်လင့်ပါ
ဘာကြောင့်လည်း ဆိုတော့သင့်ကိုယ်တိုင်က သင့်ဘဝ သင့်အိပ်က် သင့်အနာဂဏ်ဖြစ်နေလို့ပါ ………
ဂျူဂျူးပန်ထွာ
၁။ အရမ်းမတွေးပါနဲ့