ကျေးဇူးတင်လိုက်ပါ
ကိုယ့်ကိုနာကျင်စေတဲ့သူတွေရှိလိမ့်မယ်။
ကိုယ့်ကို စွန့်လွှတ်ခဲ့သူတွေရှိလိမ့်မယ်။
ကိုယ့်ကို မုန်းတီးနေတဲ့သူတွေရှိလိမ့်မယ်။
ကိုယ့်ကို မနာလိုတဲ့သူတွေရှိလိမ့်မယ်။
နာကျင်စေတဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် စိတ်ဒါဏ်ရာတွေကို….ခံနိုင်ရည်ရှိသွားခဲ့လို့ ။
စွန့်လွှတ်ခဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် လွတ်လပ်ခြင်းရဲ့တန်ဖိုးကို..ပိုသိသွားခဲ့လို့ ။
မုန်းတီးနေတဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် ကိုယ့်ကိုချစ်ခင်တဲ့သူတွေကို..ပိုဂရုစိုက်နိုင်လို့ ။
မနာလိုတဲ့သူတွေကို ကျေးဇူးတင်ပါ။
သူတို့ကြောင့် ကိုယ့်မှာ အားသာချက်တွေရှိတယ်ဆိုတာ သိလိုက်ရလို့ ။
သက်တန့်ချို
ကျေးဇူးတင်လိုက်ပါ
သက်တန့်ချို