“ဘဝတိုင်း ဆုံတွေ့လိုပါသလား” ရဝေနွယ် – အင်းမ

နိဗ္ဗာန် မရမီ ဘဝတိုင်း ဆုံတွေ့ချင်သူတွေ အတွက်အင်္ဂုတ္တရနိကာယ် ပုညာဘိသန္ဒဝဂ် ပထမ သမဇီဝိသုတ်မှာ -လမ်းညွှန်ဟောကြားထားတာ ရှိတယ် ။

ဘဂ္ဂတိုင်း သုသုမာရဂိရမြို့မှာ မြတ်စွာဘုရား သီတင်းသုံးစဉ်ကပေါ့။

မြတ်စွာဘုရားက နံနက်ရောက်တော့ သင်းပိုင် , ကိုယ်ဝတ်တွေကို သေသပ်စွာ ဝတ် , သပိတ်တွေ ယူပြီး နကုလပိတာနဲ့ နကုလမာတာတို့ ဇနီးမောင်နှံအိမ်ကို ကြွတယ် ။

အကြောင်းမဲ့ ကြွတာ မဟုတ်ဘူး ။ ရှိခဲ့ဖူးတဲ့ ကျေးဇူးကို ပြန်ဆပ်ချင်လို့ ။

နကုလပိတာဟာ ဘဝငါးရာ မြတ်စွာဘုရားရဲ့ ဖခင် , ဘထွေး ဦးလေး ဖြစ်ခဲ့ဖူးတယ်။ ဒီအတူ -နကုလမာတာဟာလည်း ဘဝငါးရာ မြတ်စွာဘုရားရဲ့ မိခင် , အဘွား , ဒေါ်လေး အရီး ဖြစ်ခဲ့ ဖူးတယ် ။

အိမ်ရောက်တော့ ဘဝအဆက်ဆက် သံယောဇဉ် ဖြစ်ခဲ့တဲ့အတွက် နကုလပိတာတို့ ဇနီးမောင်နှံဟာ မြတ်စွာဘုရားကို ” ချစ်သား , ချစ်သား ” လို့ နှုတ်က အလိုလို ထွက်မိတဲ့အထိ ဖြစ်တယ် ။ ပြီးတော့မြတ်စွာဘုရားကို မြင်တာနဲ့ တပြိုင်နက် တောသာပန် တည်တယ် ။

နကုလပိတာဟာ မြတ်စွာဘုရားကို ဒီလို လျှောက်တယ် ။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား , တပည့်တော်သည် ငယ်ရွယ်စဉ်အခါကပင်လျှင် နကုလမာတာကို ထိမ်းမြားလက်ထပ် ခဲ့ပါတယ် ။ ထိမ်းမြားပြီး ချိန်က စလို့ ယနေ့အထိ တခြားသော အမျိုးသမီးနှင့် ဖောက်ပြန်ကျူးလွန်ခြင်း မရှိပါ ။

တပည့်တော်သည် ယခုမျက်မှောက် ဘဝ၌လည်း နားလည်မှုများစွာနဲ့ မခွဲမခွာ သက်ဆုံးတိုင် ထာဝရ လက်တွဲသွားလိုပါတယ် ။ အဲဒီအတွက် ဘယ်လို ကျင့်ကြံနေထိုင်ရမယ် ဆိုတာ လမ်းညွှန်တော်မူပါ ဘုရား ။

ဒီအခါ -နကုလာမာတာလည်း အားကျမခံ နကုလပိတာ ပြောတဲ့ အတိုင်းပြန်လျှောက်တယ် ။ သူလည်း နကုလပိတာမှ တပါး အခြား အမျိုးသားနဲ့ ဖောက်ပြန်ကျူးလွန်ခြင်း မရှိပါ ပေါ့ ။

ဒီနေရာမှာ နကုလပိတာတို့ကိစ္စကို စကားရပ်ပြီး ပြောစရာတစ်ခု သတိရတယ် ။

လူနှစ်ယောက်ဟာ အခု ပစ္စုပ္ပန်ဘဝမှာ တွေ့ကြုံဆုံတွေ့ ပေါင်းသင်းရတာဟာ အကြောင်း ( ၂ ) ချက်ကြောင့်ပဲ တဲ့။

ကြာညို , ကြာဖြူ , ကြာနီ , ပဒုမ္မာကြာ စသည်တို့ ဖူးပွင့် ပေါ်ထွက်ရခြင်းဟာ ရေနဲ့ ညွှန် နှစ်ပါးသော အကြောင်းကြောင့် ဖြစ်ပေါ်ရသလိုပဲ တဲ့ ။

လူနှစ်ယောက် အခု ပစ္စုပ္ပန်ဘဝ ပေါင်းသင်းရခြင်းဟာလည်း

၁။ အတိတ်ဘဝ၌ အတူတကွ နေထိုင်ခဲ့ရခြင်း ။

၂။ ယခု ပစ္စုပ္ပန် ဘဝ၌ ( မိမိ ပေါင်းသင်းရသူရဲ့ ) အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်း ။

ဒီ အင်္ဂါ နှစ်ချက်ကြောင့်ပဲတဲ့ ။

နကုလပိတာတို့အကြောင်း ပြန်ဆက်ရအောင် ။

နကုလပိတာတို့အမေးကို မြတ်စွာဘုရားက ပြန်ဖြေတယ် ။

သင်တို့ဟာ – ယခုဘဝ သာမက နောင်သံသရာ ဘဝ အဆက်ဆက် ထာဝရ ပေါင်းသင်း နေထိုင်သွားလိုလျှင် –

၁။ တူညီသော သဒ္ဓါတရား ရှိခြင်း ။

၂။ တူညီသော သီလ ရှိခြင်း ။

၃။ တူညီသော ပေးကမ်းစွန့်ကြဲမှု ရှိခြင်း ။

၄။ တူညီသော ဉာဏ်ပညာ ရှိခြင်း ။

ဤ အင်္ဂါ ( ၄ ) ပါးနဲ့ ပြည့်စုံပါက သင်တို့အလိုရှိတဲ့အတိုင်း ဖြစ်စေရမည် လို့ မိန့်တော်မူတယ်။ မိန့်ပြီး ကျောင်းကို ပြန်ကြွသွားတော်မူတယ်။

နံပါတ် ( ၄ ) တူညီသော ဉာဏ်ပညာ ရှိခြင်း ဆိုတာ -လောကီ အတန်းပညာကို ပြောတာ မဟုတ်ဘူး ။

ဉာဏ်ပညာ တူရမယ် ဆိုတာ -ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရမယ် ။

မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ် ။

အဲဒီလိုအကြောင်းအကျိုး , အကောင်းအဆိုးကို ခွဲခြားဝေဖန်နိုင်တဲ့ဉာဏ်ပညာကို ပြောတာ ဖြစ်တယ် ။

” ရဝေနွယ် – အင်းမ ”

(ဘဝတိုင်း ဆုံတွေ့ချင်ပါသလား ၊ စာ – ၁၁၈ – ၁၂၅ ) မှအကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏။

“ဘဝတိုင္း ဆံုေတြ႔လိုပါသလား”

နိဗၺာန္ မရမီ ဘဝတိုင္း ဆံုေတြ႔ခ်င္သူေတြ အတြက္အဂၤုတၱရနိကာယ္ ပုညာဘိသႏၵဝဂ္ ပထမ သမဇီဝိသုတ္မွာ -လမ္းညႊန္ေဟာၾကားထားတာ ရွိတယ္ ။

ဘဂၢတိုင္း သုသုမာရဂိရၿမိဳ႕မွာ ျမတ္စြာဘုရား သီတင္းသံုးစဥ္ကေပါ့။

ျမတ္စြာဘုရားက နံနက္ေရာက္ေတာ့ သင္းပိုင္ , ကိုယ္ဝတ္ေတြကို ေသသပ္စြာ ဝတ္ , သပိတ္ေတြ ယူျပီး နကုလပိတာနဲ႔ နကုလမာတာတို႔ ဇနီးေမာင္ႏွံအိမ္ကို ႂကြတယ္ ။

အေၾကာင္းမဲ႔ ႂကြတာ မဟုတ္ဘူး ။ ရွိခဲ႔ဖူးတဲ႔ ေက်းဇူးကို ျပန္ဆပ္ခ်င္လို႔ ။

နကုလပိတာဟာ ဘဝငါးရာ ျမတ္စြာဘုရားရဲ႕ ဖခင္ , ဘေထြး ဦးေလး ျဖစ္ခဲ႔ဖူးတယ္။ ဒီအတူ -နကုလမာတာဟာလည္း ဘဝငါးရာ ျမတ္စြာဘုရားရဲ႕ မိခင္ , အဘြား , ေဒၚေလး အရီး ျဖစ္ခဲ႔ ဖူးတယ္ ။

အိမ္ေရာက္ေတာ့ ဘဝအဆက္ဆက္ သံေယာဇဥ္ ျဖစ္ခဲ႔တဲ႔အတြက္ နကုလပိတာတို႔ ဇနီးေမာင္ႏွံဟာ ျမတ္စြာဘုရားကို ” ခ်စ္သား , ခ်စ္သား ” လို႔ ႏႈတ္က အလိုလို ထြက္မိတဲ႔အထိ ျဖစ္တယ္ ။ ျပီးေတာ့ျမတ္စြာဘုရားကို ျမင္တာနဲ႔ တျပိဳင္နက္ ေတာသာပန္ တည္တယ္ ။

နကုလပိတာဟာ ျမတ္စြာဘုရားကို ဒီလို ေလ်ွာက္တယ္ ။

“ဘုန္းေတာ္ႀကီးေတာ္မူေသာ ျမတ္စြာဘုရား , တပည့္ေတာ္သည္ ငယ္ရြယ္စဥ္အခါကပင္လ်ွင္ နကုလမာတာကို ထိမ္းျမားလက္ထပ္ ခဲ႔ပါတယ္ ။ ထိမ္းျမားျပီး ခ်ိန္က စလို႔ ယေန႔အထိ တျခားေသာ အမ်ိဳးသမီးနွင့္ ေဖာက္ျပန္က်ဴးလြန္ျခင္း မရွိပါ ။

တပည့္ေတာ္သည္ ယခုမ်က္ေမွာက္ ဘဝ၌လည္း နားလည္မႈမ်ားစြာနဲ႔ မခြဲမခြာ သက္ဆံုးတိုင္ ထာဝရ လက္တြဲသြားလိုပါတယ္ ။ အဲဒီအတြက္ ဘယ္လို က်င့္ႀကံေနထိုင္ရမယ္ ဆိုတာ လမ္းညႊန္ေတာ္မူပါ ဘုရား ။

ဒီအခါ -နကုလာမာတာလည္း အားက်မခံ နကုလပိတာ ေျပာတဲ႔ အတိုင္းျပန္ေလ်ွာက္တယ္ ။ သူလည္း နကုလပိတာမွ တပါး အျခား အမ်ိဳးသားနဲ႔ ေဖာက္ျပန္က်ဴးလြန္ျခင္း မရွိပါ ေပါ့ ။

ဒီေနရာမွာ နကုလပိတာတို႔ကိစၥကို စကားရပ္ျပီး ေျပာစရာတစ္ခု သတိရတယ္ ။

လူႏွစ္ေယာက္ဟာ အခု ပစၥဳပၸန္ဘဝမွာ ေတြ႔ႀကံဳဆံုေတြ႔ ေပါင္းသင္းရတာဟာ အေၾကာင္း ( ၂ ) ခ်က္ေၾကာင့္ပဲ တဲ႔။

ၾကာညို , ၾကာျဖဴ , ၾကာနီ , ပဒုမၼာၾကာ စသည္တို႔ ဖူးပြင့္ ေပၚထြက္ရျခင္းဟာ ေရနဲ႔ ညႊန္ ႏွစ္ပါးေသာ အေၾကာင္းေၾကာင့္ ျဖစ္ေပၚရသလိုပဲ တဲ႔ ။

လူႏွစ္ေယာက္ အခု ပစၥဳပၸန္ဘဝ ေပါင္းသင္းရျခင္းဟာလည္း

၁။ အတိတ္ဘဝ၌ အတူတကြ ေနထိုင္ခဲ႔ရျခင္း ။

၂။ ယခု ပစၥဳပၸန္ ဘဝ၌ ( မိမိ ေပါင္းသင္းရသူရဲ႕ ) အက်ိဳးစီးပြားကိုေဆာင္ရြက္ေပးျခင္း ။

ဒီ အဂၤါ ႏွစ္ခ်က္ေၾကာင့္ပဲတဲ႔ ။

နကုလပိတာတို႔အေၾကာင္း ျပန္ဆက္ရေအာင္ ။

နကုလပိတာတို႔အေမးကို ျမတ္စြာဘုရားက ျပန္ေျဖတယ္ ။

သင္တို႔ဟာ – ယခုဘဝ သာမက ေနာင္သံသရာ ဘဝ အဆက္ဆက္ ထာဝရ ေပါင္းသင္း ေနထိုင္သြားလိုလ်ွင္ –

၁။ တူညီေသာ သဒၶါတရား ရွိျခင္း ။

၂။ တူညီေသာ သီလ ရွိျခင္း ။

၃။ တူညီေသာ ေပးကမ္းစြန္႔ႀကဲမႈ ရွိျခင္း ။

၄။ တူညီေသာ ဉာဏ္ပညာ ရွိျခင္း ။

ဤ အဂၤါ ( ၄ ) ပါးနဲ႔ ျပည့္စံုပါက သင္တို႔အလိုရွိတဲ႔အတိုင္း ျဖစ္ေစရမည္ လို႔ မိန္႔ေတာ္မူတယ္။ မိန္႔ၿပီး ေက်ာင္းကို ျပန္ႂကြသြားေတာ္မူတယ္။

နံပါတ္ ( ၄ ) တူညီေသာ ဉာဏ္ပညာ ရွိျခင္း ဆိုတာ -ေလာကီ အတန္းပညာကို ေျပာတာ မဟုတ္ဘူး ။

ဉာဏ္ပညာ တူရမယ္ ဆိုတာ -ေကာင္းတာလုပ္ရင္ ေကာင္းတဲ႔အက်ိဳး ခံစားရမယ္ ။

မေကာင္းတာ လုပ္ရင္ မေကာင္းတဲ႔အက်ိဳး ခံစားရမယ္ ။

အဲဒီလိုအေၾကာင္းအက်ိဳး , အေကာင္းအဆိုးကို ခြဲျခားေဝဖန္နိုင္တဲ႔ဉာဏ္ပညာကို ေျပာတာ ျဖစ္တယ္ ။

” ရေဝႏြယ္ – အင္းမ ”

(ဘဝတိုင္း ဆံုေတြ႔ခ်င္ပါသလား ၊ စာ – ၁၁၈ – ၁၂၅ ) မွအက်ဥ္းအား ေကာက္နုတ္ပူေဇာ္ပါ၏။