ကိုယ့်ကို မပတ်သတ်ချင်တဲ့ သူကိုသွားမပတ်သတ်နဲ့
ကိုယ့်ကို မဆက်သွယ်ချင်တဲ့ သူကိုသွားမဆက်သွယ်နဲ့
ကိုယ့်ကို မခေါ်ချင်တဲ့သူကို အတင်းလိုက်မခေါ်နဲ့
ကိုယ့်ကြောင့်သူ့ပျော်ရွှင်မှုကိုပါ ထိခိုက်နေလိမ့်မယ်
သူနေသလို ကိုယ်နေနိုင်အောင်ကြိုးစား
သူတောင်နေနိုင်တာဘဲ အဲ့ဒါကိုကိုယ်က မနေနိုင်မထိုင်နိုင်လိုက်ဖြစ်နေရင်
ဒီလူ ငါဒီလိုလုပ်လည်းရပါတယ်ဆိုပြီးပိုနိုင်စားလာလိမ့်မယ်
ကိုယ့်အပေါ် တကယ်စိတ်ရင်းရှိတဲ့လူ
ကိုယ့်ကို လိုအပ်တဲ့သူဆိုရင်
ကိုယ်က သူ့လုပ်ရက်တွေကြောင့်စိတ်ပျက်နေတယ်
စိတ်မကောင်းဖြစ်နေပြီဆိုတာသိရင်သူလုပ်နေတာ မှားမမှားဆင်ခြင်ပြီးကိုယ့်ဆီပြန်လာမှာပေါ့
အကယ်၍ အဲ့လိုမှ ပြန်မလာဖူးဆိုရင်ကိုယ်က သူ့အတွက်ဘာမှအရေးမပါလို့ဘဲပေါ့
အဲ့လိုဘဲ လူတစ်ယောက်ရဲ့ တန်ဖိုးကိုအဲ့လူကိုယ့်ဘေးနားမှာ မရှိတော့မှ သိကြတယ်
တချို့တွေကြတော့လည်း တန်ဖိုးနားမလည်တဲ့အပြင်
အမြဲကိုယ်မှန်တယ်ထင်ပြီးတယူသန် အတ္တကြီးတတ်ကြတယ်
အဲ့လိုနဲ့ဘဲ မဆုံးရှုံးသင့်တဲ့ကိုယ့်အပေါ်ကောင်းတဲ့သူ တစ်ချို့ကိုအဆုံးရှုံးခံကြရတယ်
အဲ့လိုခံစားချက်တွေက ချစ်သူရည်းစားမှမဟုတ်ဘူးစိတ်ခံစားလွယ်တဲ့ လူတိုင်းရဲ့
နေ့စဉ် လူမှုရေးနယ်ပယ်နဲ့အသိုင်းဝိုင်းတွေထဲမှာလည်း ဖြစ်တယ်
တောသားရဟန်း
တောသားရဟန်း