ဂဏန်းလိုလူမျိုး မဖြစ်စေနဲ့

တစ်ခါက လူတစ်ယောက်ဟာ ကမ်းခြေတစ်ခုဘက်ကို လမ်းလျှောက်ထွက်လာခဲ့ပါတယ်။

တစ်နေရာ အရောက်မှာတော့ ဆွဲပုံးတစ်ပုံးကို ဘေးမှာထားပြီး ငါးဖမ်းနေတဲ့ တံငါသည်တစ်ယောက်ကို တွေ့လိုက်တယ်။ ဒါကြောင့် သူဟာ တံငါသည်အနီးကိုသွားပြီး ငါးဖမ်းနေတာကိုရပ်ကြည့်နေလိုက်တယ်။ ပြီးတော့ ဘေးကပုံးထဲကို တစ်ချက်ကြည့်လိုက်တယ်။ အဲဒီမှာ ကဏန်းတွေကို ထည့်ထားတာတွေ့လိုက်ရတယ်။ ဒီနောက် သူက

“ဘာဖြစ်လို့ ခင်များရဲ့ဆွဲပုံးကို အဖုံးမပိတ်ထားတာလဲ။ မဟုတ်ရင် ကဏန်းတွေ အပြင်ပြန်ထွက် ကုန်မှာပေါ့”

လို့ တံငါသည်ကို မေးလိုက်တယ်။ အဲဒီတော့ တံငါသည်က

“တကယ်လို့ ဒီပုံးထဲမှာ ကဏန်းတစ်ကောင်ထဲရှိမယ်ဆိုရင်တော့ အဲဒီအကောင်ဟာ ခင်များထင်သလို အလွယ်တကူပဲ ဒီပုံးထဲကနေ တက်လာပြီးတော့ ထွက်ပြေးသွားမှာ သေချာတာပေါ့ဗျာ…။ ဒါပေမဲ့ ဒီပုံးထဲမှာ ကဏန်းတွေ အများကြီးရှိနေတယ်ဆိုရင်တော့ ဒီကောင်တွေဟာ ဘယ်လိုနည်းနဲ့မှ ထွက်မပြေးနိုင်ပါဘူး။

ဘာလို့လဲဆိုရင် ဒီကောင်တွေရဲ့ထုံးစံက တစ်ကောင်က အထက်ကိုတက်ဖို့ကြိုးစားပြီဆိုရင် အဲဒီတက်သွားတဲ့ အကောင်ရဲ့ခြေထောက်ကို တခြားအကောင်တွေကဆွဲချကြပြီး သူတို့နဲ့ကံကြမ္မာတူအောင် ဖန်တီးကြတယ်လေ။ ဒီလိုပဲ တခြားသူတွေကိုလည်း သူတို့လိုပဲ ဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျန်တဲ့အကောင်တွေတက်သွားတဲ့ အခါမှာလည်း ဆွဲချကြတာပေါ့”လို့ ပြန်ပြီး ပြောပြလိုက်တယ်….။

ဒီလိုပါပဲ။ ကျနော်တို့တတွေလည်း ကျနော်တို့ရဲ့အနာဂတ်အတွက် အိပ်မက်တွေ အကြီးကြီး မက်ကြပါတယ်။ ပတ်ဝန်းကျင်ကနေ ခွဲထွက်နိုင်ဖို့အတွက် ရုန်းကန်ကြတယ်။ ကြိုးစားကြတယ်။ ကိုယ်တစ်ဦးတစ်ယောက်အကျိုးအတွက် ဒါမှမဟုတ် အများအကျိုးအတွက် စသဖြင့်ချီတက်ကြတယ်။ ဒီလိုအခါမျိုးတွေမှာဆိုရင် ကျတော်တို့တွေ အနေနဲ့ အခု ကဏန်းကောင်တွေက တစ်ကောင်ကို တစ်ကောင်က ဆွဲချသလို ဆွဲချခံရတဲ့အဖြစ်တွေ တော်တော်များများလေးကိုမှ ကြုံရတတ်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့တတွေအနေနဲ့ စိတ်ပျက်အားငယ်သွားကာ လက်လျှော့လိုက်မယ်ဆိုရင်တော့ ကျနော်တို့ဟာ ကိုယ်မက်ထားတဲ့ အိပ်မက်တွေကို အကောင်ထည်ဖောင်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

စွပ်စွဲချက်၊ ထိုးနှက်ချက်၊ တိုက်ခိုက်ချက်စတာတွေကို ကြံ့ကြံ့ခံပြီး ဒါတွေကို ခွန်အားအဖြစ် အသုံးပြုကာ ကိုယ့်လမ်းကြောင်းကို မဖဲ့မစောင်း လျှောက်လှမ်းနိုင်မှသာ ထိုးထွက်နိုင်သူ၊ လမ်းဖောက်သူ၊ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်နိုင်သူ အဖြစ်နဲ့ ရပ်တည်နိုင်မှာပါ။

ဒါပေမဲ့ လမ်းခုလပ်မှာတင် သူတစ်ပါးဆွဲချတာကို ခံလိုက်ရလို့ကိုယ့်ခရီးကို မဆက်တော့ဘဲ တစ်ဖက်လူအတက်ကို စောင့်ကာ သူ့အလှည့်ရောက်ရင်လည်း ငါပြန်ပြီးဆွဲချရမယ်ဆိုတဲ့ ကဏန်းတွေရဲ့ စိတ်ဓာတ်မျိုးကိုတော့ ကျနော်တို့အနေနဲ့ မမွေးမြူမိစေဖို့ အထူးပင် အရေးကြီးလှပါကြောင်း……

အရှင်သူရိယ

တစ္ခါက လူတစ္ေယာက္ဟာ ကမ္းေျခတစ္ခုဘက္ကုိ လမ္းေလွ်ာက္ထြက္လာခဲ့ပါတယ္။

တစ္ေနရာ အေရာက္မွာေတာ့ ဆြဲပုံးတစ္ပုံးကုိ ေဘးမွာထားၿပီး ငါးဖမ္းေနတဲ့ တံငါသည္တစ္ေယာက္ကုိ ေတြ႔လုိက္တယ္။ ဒါေၾကာင့္ သူဟာ တံငါသည္အနီးကုိသြားၿပီး ငါးဖမ္းေနတာကုိရပ္ၾကည့္ေနလုိက္တယ္။ ၿပီးေတာ့ ေဘးကပုံးထဲကုိ တစ္ခ်က္ၾကည့္လုိက္တယ္။ အဲဒီမွာ ကဏန္းေတြကုိ ထည့္ထားတာေတြ႔လုိက္ရတယ္။ ဒီေနာက္ သူက

“ဘာျဖစ္လုိ႔ ခင္မ်ားရဲ႕ဆြဲပုံးကုိ အဖုံးမပိတ္ထားတာလဲ။ မဟုတ္ရင္ ကဏန္းေတြ အျပင္ျပန္ထြက္ ကုန္မွာေပါ႔”

လုိ႔ တံငါသည္ကုိ ေမးလုိက္တယ္။ အဲဒီေတာ့ တံငါသည္က

“တကယ္လုိ႔ ဒီပုံးထဲမွာ ကဏန္းတစ္ေကာင္ထဲရွိမယ္ဆုိရင္ေတာ့ အဲဒီအေကာင္ဟာ ခင္မ်ားထင္သလုိ အလြယ္တကူပဲ ဒီပုံးထဲကေန တက္လာၿပီးေတာ့ ထြက္ေျပးသြားမွာ ေသခ်ာတာေပါ႔ဗ်ာ…။ ဒါေပမဲ႔ ဒီပုံးထဲမွာ ကဏန္းေတြ အမ်ားႀကီးရွိေနတယ္ဆုိရင္ေတာ့ ဒီေကာင္ေတြဟာ ဘယ္လုိနည္းနဲ႔မွ ထြက္မေျပးႏုိင္ပါဘူး။ ဘာလို႔လဲဆုိရင္ ဒီေကာင္ေတြရဲ႕ထုံးစံက တစ္ေကာင္က အထက္ကုိတက္ဖုိ႔ႀကိဳးစားၿပီဆုိရင္ အဲဒီတက္သြားတဲ့ အေကာင္ရဲ႕ေျခေထာက္ကုိ တျခားအေကာင္ေတြကဆြဲခ်ၾကၿပီး သူတုိ႔နဲ႔ကံၾကမၼာတူေအာင္ ဖန္တီးၾကတယ္ေလ။ ဒီလုိပဲ တျခားသူေတြကုိလည္း သူတုိ႔လုိပဲ ျဖစ္ေစရမယ္ဆုိတဲ့ စိတ္ဓာတ္နဲ႔ က်န္တဲ့အေကာင္ေတြတက္သြားတဲ့ အခါမွာလည္း ဆြဲခ်ၾကတာေပါ႔”လုိ႔ ျပန္ၿပီး ေျပာျပလုိက္တယ္….။

ဒီလုိပါပဲ။ က်ေနာ္တုိ႔တေတြလည္း က်ေနာ္တုိ႔ရဲ႕အနာဂတ္အတြက္ အိပ္မက္ေတြ အႀကီးႀကီး မက္ၾကပါတယ္။ ပတ္၀န္းက်င္ကေန ခြဲထြက္ႏုိင္ဖုိ႔အတြက္ ရုန္းကန္ၾကတယ္။ ႀကိဳးစားၾကတယ္။ ကုိယ္တစ္ဦးတစ္ေယာက္အက်ဳိးအတြက္ ဒါမွမဟုတ္ အမ်ားအက်ဳိးအတြက္ စသျဖင့္ခ်ီတက္ၾကတယ္။ ဒီလုိအခါမ်ဳိးေတြမွာဆုိရင္ က်ေတာ္တုိ႔ေတြ အေနနဲ႔ အခု ကဏန္းေကာင္ေတြက တစ္ေကာင္ကုိ တစ္ေကာင္က ဆြဲခ်သလုိ ဆြဲခ်ခံရတဲ့အျဖစ္ေတြ ေတာ္ေတာ္မ်ားမ်ားေလးကုိမွ ႀကဳံရတတ္ပါတယ္။ ဒီအခ်ိန္မွာ က်ေနာ္တုိ႔တေတြအေနနဲ႔ စိတ္ပ်က္အားငယ္သြားကာ လက္ေလွ်ာ့လုိက္မယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ဟာ ကုိယ္မက္ထားတဲ့ အိပ္မက္ေတြကုိ အေကာင္ထည္ေဖာင္ေဆာင္ႏုိင္ေတာ့မွာ မဟုတ္ပါဘူး။

စြပ္စြဲခ်က္၊ ထုိးႏွက္ခ်က္၊ တုိက္ခုိက္ခ်က္စတာေတြကုိ ႀကံ႕ႀကံ႕ခံၿပီး ဒါေတြကို ခြန္အားအျဖစ္ အသုံးျပဳကာ ကုိယ့္လမ္းေၾကာင္းကုိ မဖဲ့မေစာင္း ေလွ်ာက္လွမ္းႏုိင္မွသာ ထုိးထြက္ႏုိင္သူ၊ လမ္းေဖာက္သူ၊ ေကာင္းကင္တမြတ္ ၾကယ္ကုိဆြတ္ႏုိင္သူ အျဖစ္နဲ႔ ရပ္တည္ႏုိင္မွာပါ။

ဒါေပမဲ႔ လမ္းခုလပ္မွာတင္ သူတစ္ပါးဆြဲခ်တာကုိ ခံလုိက္ရလုိ႔ကုိယ့္ခရီးကုိ မဆက္ေတာ့ဘဲ တစ္ဖက္လူအတက္ကုိ ေစာင့္ကာ သူ႔အလွည့္ေရာက္ရင္လည္း ငါျပန္ၿပီးဆြဲခ်ရမယ္ဆုိတဲ့ ကဏန္းေတြရဲ႕ စိတ္ဓာတ္မ်ဳိးကုိေတာ့ က်ေနာ္တုိ႔အေနနဲ႔ မေမြးျမဴမိေစဖုိ႔ အထူးပင္ အေရးႀကီးလွပါေၾကာင္း……

အရွင္သူရိယ