ဘဝမှာ သူများအသုံးချခံလူမဖြစ်စေဖို့အတွက် အဓိကကျတဲ့ အချက်(၅)ချက်ကိုရှောင်ပါ….
(1)သူတစ်ပါးအပေါ် သနားတတ်လွန်းတဲ့စိတ်ကိုလျော့ပါ…
ငါသာလျှင် သူ့နေရာမှာဆိုတဲ့စိတ်နဲ့ လူတိုင်းအပေါ် သနားတတ်တဲ့
လူတွေကပဲ အမြဲတမ်း အဲ့ဒီစိတ်ကြောင့် သူတစ်ပါးရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝမှာ ရှင်သန်နေရတတ်ပါတယ်။
ဒါကြောင့် လူတိုင်းအပေါ်မျှတစွာ တွေးပေးပြီး သနားကျင်နာတတ်ခြင်းက လူတစ်ချို့အတွက်
လိုအပ်ချက်တစ်ခု ဆိုပေမယ့် လူတစ်ချို့အတွက် သင့်ရဲ့သနားတတ်တဲ့စိတ်ကို ဟန်ဆောင်မျက် နှာဖုံးနဲ့ချနင်းသွားမယ့် လူတွေရှိနေတတ်ကြပါတယ်။
(2)ကိုယ်ချင်းစာစိတ်ကို လူတိုင်းကိုမပေးပါနဲ့ ပြန်သုံးသပ်ပါ…
လူတစ်ဖတ်သားအပေါ် အမြဲတမ်းကိုယ်ချင်းစာစိတ်နဲ့ တွေးပေးတတ်တဲ့
သူတွေဟာ တစ်ခုခုဆိုရင် သူများရဲ့အသုံးချခံ အဖြည့်ခံ လူသားတွေပါပဲ…
အဲ့ဒီစိတ်ကိုအခွင့်ကောင်းယူပြီး ကိုယ့်သိက္ခာ ကိုချင်းနင်းကြမယ့် သူတွေအတွက်အဓိက အားသာချက်တစ်ခုပါ။
ဒါကြောင့် လူတိုင်းအပေါ် ကိုယ်ချင်းစာနာတတ်တဲ့ စိတ်နဲ့မြင်ပေးတာကောင်းပေမယ့် ပေးသင့်တဲ့လူလား
မပေးသင့်တဲ့လူလားဆိုတာပြန်လည်သုံးသပ်ဖို့လိုပါတယ်။
(3)အားနာတတ်တဲ့ အကျင့်ကိုဖျောက်ပါ…
လူတိုင်းအပေါ် အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဘက်က ဘယ်လိုအခြေနေမျိုးပဲရောက်ရောက် ကူညီတတ်ကြတဲ့လူတွေရှိတတ်ကြပါတယ်…
ဒီလိုကူညီလိုက်လို့ သူအဆင်ပြေသွားပေမယ့်ကိုယ်အရေးကြုံလါတဲ့အခါကိုယ့်ဘက်ကအဆင်မပြေပဲ
ကျန်နေခဲ့တဲ့ အချိန်တွေ များနေမှာပါ
ဒီလိုအခြေနေမျိုးက တစ်ကြိမ်တစ်ခါဆိုတာထက်
အကြိမ်ကြိမ် အခါခါ ဖြစ်နေတတ်တာမျိုးပါ ဒါက ကိုယ့်ရဲ့အားနာတတ်တဲ့စိတ်ကြောင့် သူတစ်ပါးရဲ့ချနင်းခြင်းကို
မသိလိုက်ပဲ ကိုယ့်စိတ်ရင်းကိုကကူညီချင်တတ်တဲ့ သူတွေရဲ့အားနည်းချက်တစ်ခုပါပဲ ။
ဒီအားနည်းချက်ကိုပဲ အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ချနင်းသွားမယ့် လူတွေအများကြီးရှိနေတတ်တာမမေ့ပါနဲ့။
(4)အယုံ မလွယ်ပါနဲ့
အပြုံးတွေရဲ့ နောက်ကွယ်ကဝှက်ထားတဲ့ ဓားသွားတွေကိုကျွန်မတို့မမြင်နိူင်ပါဘူး
ဒီလိုပဲ ဘဝမှာ ကိုယ်ယုံကြည်ရတဲ့လူတွေကပဲ ကိုယ့်နောက်ကျောကိုဓားနဲ့ထိုးသွားတာချည်းပဲမဟုတ်လား???
ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရတဲ့ခေတ်ကြီးထဲမှာ အယုံလွယ်ပြီး သနားတတ်တဲ့ သင့်ကို ချနင်းမယ့်ဟန်ဆောင်မျက်နှာဖုံးတွေ နဲ့လူတွေနေရာတိုင်းမှာ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ ။
(5)ရိုးသားပါ မတုံးအပါနဲ့
ရိုးသားသည့်ဂုဏ် စား၍မကုန်ဆိုတဲ့ဆိုရိုးစကားက မှန်တယ်ဆိုပေမယ့်
ရိုးသားခြင်းဆိုတဲ့ နောက်ကတုံးအခြင်းကို တွဲမထားပါနဲ့…
လူတိုင်းက ကိုယ့်လိုစိတ်မျိုးရှိချင်မှ ရှိနိူင်တဲ့အတွက်
လူတိုင်းအပေါ် အရိုးခံနဲ့ပေါင်းသင်းဆက်ဆံခြင်းမျိုးက လူတစ်ချို့အတွက်ကောင်းပေမယ့် လူတစ်ချို့အတွက်
သင့်ရဲ့ရိုးသားခြင်းကို အခွင့်ကောင်းယူပြီးကိုယ့်သိက္ခာ ကျဆင်းအောင်
ချောက်တွန်းဖို့ စောင့်နေတဲ့ လူတွေရှိနေတတ်ပါတယ်။
ဒါကြောင့် ရိုးသားခြင်းကဂုဏ်ယူစရာဆိုပေမယ့် “တုံးအ”ပြီးလူတစ်ကားချနင်းမယ် ခပ်နုံနုံ လူအတစ်ယောက်တော့မဖြစ်ပါစေနဲ့။
ဘဝမှာ ကိုယ်ကောင်းနေသ၍ကိုယ့်ခေါင်းဘယ်မှ မရွေ့ဘူးဆိုပေးမယ့်
ကိုယ့်အနား ရောက်လာသူတိုင်းကကိုယ့်အပေါ် ကောင်းဖို့ဆိုတာထက်
သူတို့အပေါ် ကောင်းနေလို့သာကိုယ့်အနားမှာ ရှိနေခြင်းလည်းဖြစ်နိူင်ပါတယ်။
ဒါကြောင့်ဘဝမှာ အသုံးချခံ ချနင်းခံရမယ့် လူမဖြစ်စေဖို့အတွက်အဓိကကျတဲ့ အချက်(5)ချက်ကို တင်ပြပေးလိုက်ပါတယ်ရှင့်။
လေးစားစွာဖြင့် ကြိုးစားပါအုံးမည်…
MayHsu(ရာမညမြေ)
ဘဝမွာ သူမ်ားအသံုးခ်ခံလူမျဖစ္ေစဖို႔အတြက္ အဓိကက်တဲ့ အခ်က္(၅)ခ်က္ကိုေ႐ွာင္ပါ….
(1)သူတစ္ပါးအေပၚ သနားတတ္လြန္းတဲ့စိတ္ကိုေလ်ာ့ပါ…
ငါသာလ်ွင္ သူ႔ေနရာမွာဆိုတဲ့စိတ္နဲ႔ လူတိုင္းအေပၚ သနားတတ္တဲ့
လူေတြကပဲ အျမဲတမ္း အဲ့ဒီစိတ္ေၾကာင့္ သူတစ္ပါးရဲ႕ အသံုးခ်ခံအျဖစ္နဲ႔ ဘဝမွာ ႐ွင္သန္ေနရတတ္ပါတယ္။
ဒါေၾကာင့္ လူတိုင္းအေပၚမ်ွတစြာ ေတြးေပးၿပီး သနားက်င္နာတတ္ျခင္းက လူတစ္ခ်ိဳ႕အတြက္
လိုအပ္ခ်က္တစ္ခု ဆိုေပမယ့္ လူတစ္ခ်ိဳ႕အတြက္ သင့္ရဲ႕သနားတတ္တဲ့စိတ္ကို ဟန္ေဆာင္မ်က္ ႏွာဖံုးနဲ႔ခ်နင္းသြားမယ့္ လူေတြရိွေနတတ္ၾကပါတယ္။
(2)ကိုယ္ခ်င္းစာစိတ္ကို လူတိုင္းကိုမေပးပါနဲ႔ ျပန္သံုးသပ္ပါ…
လူတစ္ဖတ္သားအေပၚ အျမဲတမ္းကိုယ္ခ်င္းစာစိတ္နဲ႔ ေတြးေပးတတ္တဲ့
သူေတြဟာ တစ္ခုခုဆိုရင္ သူမ်ားရဲ႕အသံုးခ်ခံ အျဖည့္ခံ လူသားေတြပါပဲ…
အဲ့ဒီစိတ္ကိုအခြင့္ေကာင္းယူၿပီး ကိုယ့္သိကၡာ ကိုခ်င္းနင္းၾကမယ့္ သူေတြအတြက္အဓိက အားသာခ်က္တစ္ခုပါ။
ဒါေၾကာင့္ လူတိုင္းအေပၚ ကိုယ္ခ်င္းစာနာတတ္တဲ့ စိတ္နဲ႔ျမင္ေပးတာေကာင္းေပမယ့္ ေပးသင့္တဲ့လူလား
မေပးသင့္တဲ့လူလားဆိုတာျပန္လည္သံုးသပ္ဖို႔လိုပါတယ္။
(3)အားနာတတ္တဲ့ အက်င့္ကိုေဖ်ာက္ပါ…
လူတိုင္းအေပၚ အားနာတတ္တဲ့ စိတ္ေၾကာင့္ ကိုယ့္ဘက္က ဘယ္လိုအေျခေနမ်ိဳးပဲေရာက္ေရာက္ ကူညီတတ္ၾကတဲ့လူေတြရိွတတ္ၾကပါတယ္…
ဒီလိုကူညီလိုက္လို႔ သူအဆင္ေျပသြားေပမယ့္ကိုယ္အေရးျကံုလါတဲ့အခါကိုယ့္ဘက္ကအဆင္မေျပပဲ
က်န္ေနခဲ့တဲ့ အခ်ိန္ေတြ မ်ားေနမွာပါ
ဒီလိုအေျခေနမ်ိဳးက တစ္ႀကိမ္တစ္ခါဆိုတာထက္
အႀကိမ္ႀကိမ္ အခါခါ ျဖစ္ေနတတ္တာမ်ိဳးပါ ဒါက ကိုယ့္ရဲ႕အားနာတတ္တဲ့စိတ္ေၾကာင့္ သူတစ္ပါးရဲ႕ခ်နင္းျခင္းကို
မသိလိုက္ပဲ ကိုယ့္စိတ္ရင္းကိုကကူညီခ်င္တတ္တဲ့ သူေတြရဲ႕အားနည္းခ်က္တစ္ခုပါပဲ ။
ဒီအားနည္းခ်က္ကိုပဲ အခြင့္ေကာင္းယူၿပီးကိုယ့္သိကၡာ ခ်နင္းသြားမယ့္ လူေတြအမ်ားႀကီးရိွေနတတ္တာမေမ့ပါနဲ႔။
(4)အယံု မလြယ္ပါနဲ႔
အျပံဳးေတြရဲ႕ ေနာက္ကြယ္ကဝွက္ထားတဲ့ ဓားသြားေတြကိုကြၽန္မတို႔မျမင္ႏိူင္ပါဘူး
ဒီလိုပဲ ဘဝမွာ ကိုယ္ယံုၾကည္ရတဲ့လူေတြကပဲ ကိုယ့္ေနာက္ေက်ာကိုဓားနဲ႔ထိုးသြားတာခ်ည္းပဲမဟုတ္လား???
ကိုယ့္ဒူးေတာင္ ကိုယ္မယံုၾကည္ရတဲ့ေခတ္ႀကီးထဲမွာ အယံုလြယ္ၿပီး သနားတတ္တဲ့ သင့္ကို ခ်နင္းမယ့္ဟန္ေဆာင္မ်က္ႏွာဖံုးေတြ နဲ႔လူေတြေနရာတိုင္းမွာ ရိွေနတယ္ဆိုတာ မေမ့ပါနဲ႔ ။
(5)႐ိုးသားပါ မတံုးအပါနဲ႔
႐ိုးသားသည့္ဂုဏ္ စား၍မကုန္ဆိုတဲ့ဆို႐ိုးစကားက မွန္တယ္ဆိုေပမယ့္
႐ိုးသားျခင္းဆိုတဲ့ ေနာက္ကတံုးအျခင္းကို တြဲမထားပါနဲ႔…
လူတိုင္းက ကိုယ့္လိုစိတ္မ်ိဳးရိွခ်င္မွ ရိွႏိူင္တဲ့အတြက္
လူတိုင္းအေပၚ အ႐ိုးခံနဲ႔ေပါင္းသင္းဆက္ဆံျခင္းမ်ိဳးက လူတစ္ခ်ိဳ႕အတြက္ေကာင္းေပမယ့္ လူတစ္ခ်ိဳ႕အတြက္
သင့္ရဲ႕႐ိုးသားျခင္းကို အခြင့္ေကာင္းယူၿပီးကိုယ့္သိကၡာ က်ဆင္းေအာင္
ေခ်ာက္တြန္းဖို႔ ေစာင့္ေနတဲ့ လူေတြရိွေနတတ္ပါတယ္။
ဒါေၾကာင့္ ႐ိုးသားျခင္းကဂုဏ္ယူစရာဆိုေပမယ့္ “တံုးအ”ၿပီးလူတစ္ကားခ်နင္းမယ္ ခပ္ႏံုႏံု လူအတစ္ေယာက္ေတာ့မျဖစ္ပါေစနဲ႔။
ဘဝမွာ ကိုယ္ေကာင္းေနသ၍ကိုယ့္ေခါင္းဘယ္မွ မေရြ႔ဘူးဆိုေပးမယ့္
ကိုယ့္အနား ေရာက္လာသူတိုင္းကကိုယ့္အေပၚ ေကာင္းဖို႔ဆိုတာထက္
သူတို႔အေပၚ ေကာင္းေနလို႔သာကိုယ့္အနားမွာ ရိွေနျခင္းလည္းျဖစ္ႏိူင္ပါတယ္။
ဒါေၾကာင့္ဘဝမွာ အသံုးခ်ခံ ခ်နင္းခံရမယ့္ လူမျဖစ္ေစဖို႔အတြက္အဓိကက်တဲ့ အခ်က္(5)ခ်က္ကို တင္ျပေပးလိုက္ပါတယ္႐ွင့္။
ေလးစားစြာျဖင့္ ႀကိဳးစားပါအံုးမည္…
MayHsu(ရာမညေျမ)