စိမ်းကားလိုက်တာပဲကောင်းပါတယ်

စိမ်းကားလိုက်တာပဲကောင်းပါတယ်

တစ်ချို့စကားလုံးတွေက မာယာများတယ်၊ခံစားလိုက်ရင် ဝေဒနာပွားတာပဲ အဖတ်တင်တယ်၊

ဒါကြောင့် နားမထောင်ဘဲ စိမ်းကားလိုက်တာပဲ ကောင်းပါတယ်။

တစ်ချို့ အကြည့်တွေက မာယာများတယ်၊ခံစားလိုက်ရင် တွယ်တာစရာတွေနဲ့ ပူလောင်မှုတွေပဲ အဖတ်တင်တယ်။

ဒါကြောင့် မမြင်ချင်ယောင်ဆောင် စိမ်းကားလိုက်တာပဲ ကောင်းပါတယ်။

တစ်ချို့ ခင်မင်မှုတွေက မာယာများတယ်၊ခံစားလိုက်ရင် ယုံကြည်မှုကို အလွဲသုံးစားခံရပြီး၊

နောင်တတရားတွေနဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်နေရရုံပဲအဖတ်တယ်။ဒါကြောင့် စိမ်းကားလိုက်တာပဲ ကောင်းပါတယ်။

တစ်ချို့ ကြင်နာမှုတွေက မာယာများတယ်၊ခံစားရင် နှလုံသားက အကျဉ်းသားဘဝထဲသို့ရောက်လာတာပဲအဖတ်တင်တယ်။

ဒါကြောင့် စိမ်းကားလိုက်တာပဲ ကောင်းပါတယ်။

တစ်ချို့ ကတိတရားတွေကမာယာများတယ်၊ခံစား ယုံကြည်လိုက်ရင်၊ ခွင့်လွှတ်ရခြင်းနဲ့ပဲရင်ဆိုင်နေရပြီး၊

ခွင့်မလွှတ်နိုင်တဲ့အခါ အကုသိုလ်များရတာပဲ အဖတ်တင်တယ်။ဒါကြောင့် စိမ်းကားလိုက်တာပဲ ကောင်းပါတယ်။

တစ်ချို့ စိတ်တွေက မာယာများတယ်၊သူခေါ်ဆောင်ရာ လိုက်နေရရင်၊ သူကငိုဆိုရင်၊ငို၊ သူက ရယ်ဆိုရင်ရယ်၊သူက ပျော်ဆိုရင်ပျော်၊သူက ဝမ်းနည်းဆိုရင်ဝမ်းနည်း။

ဒီလိုနဲ့အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဒါကြောင့် စိတ်ရဲ့ခေါ်ဆောင်ရာတိုင်းလိုက်မနေဘဲ စိမ်းကားလိုက်တာပဲကောင်းပါတယ်။

တစ်ချို့ လူတွေက မာယာများတယ်။ကိုယ့်ဘဝထဲသို့၊သစ္စာတွေ၊မေတ္တာတွေ၊ချစ်တာတွေ မချစ်တာတွေ၊

ခင်တာတွေမခင်တာတွေ၊ကြင်နာတာတွေ မကြင်နာတာတွေ၊ကတိတွေ ကဝတ်တွေနဲ့ ဝင်လာတတ်ပြီး၊

ယုံမှတ်လို့ ပုံအပ်မိရင်၊ လှည့်စားခံရတတ်ပြီး၊စိတ်ဆိုးဒေါသထွက်ရ၊ဝမ်းနည်းနာကျင်ရတာတွေပဲ အဖတ်တင်တယ်၊

ဒါကြောင့်စိမ်းကားလိုက်တာပဲကောင်းပါတယ်။

မေတ္တာဖြင့်

အရှင်ဇနက(မန္တလေးစာသင်သား)

စိမ္းကားလိုက္တာပဲေကာင္းပါတယ္

တစ္ခ်ိဳ႕စကားလုံးေတြက မာယာမ်ားတယ္၊ခံစားလိုက္ရင္ ေဝဒနာပြားတာပဲ အဖတ္တင္တယ္၊

ဒါေၾကာင့္ နားမေထာင္ဘဲ စိမ္းကားလိုက္တာပဲ ေကာင္းပါတယ္။

တစ္ခ်ိဳ႕ အၾကည့္ေတြက မာယာမ်ားတယ္၊ခံစားလိုက္ရင္ တြယ္တာစရာေတြနဲ႔ ပူေလာင္မႈေတြပဲ အဖတ္တင္တယ္။

ဒါေၾကာင့္ မျမင္ခ်င္ေယာင္ေဆာင္ စိမ္းကားလိုက္တာပဲ ေကာင္းပါတယ္။

တစ္ခ်ိဳ႕ ခင္မင္မႈေတြက မာယာမ်ားတယ္၊ခံစားလိုက္ရင္ ယုံၾကည္မႈကို အလြဲသုံးစားခံရၿပီး၊

ေနာင္တတရားေတြနဲ႔ ကိုယ့္ကိုကိုယ္အျပစ္တင္ေနရ႐ုံပဲအဖတ္တယ္။ဒါေၾကာင့္ စိမ္းကားလိုက္တာပဲ ေကာင္းပါတယ္။

တစ္ခ်ိဳ႕ ၾကင္နာမႈေတြက မာယာမ်ားတယ္၊ခံစားရင္ ႏွလုံသားက အက်ဥ္းသားဘဝထဲသို႔ေရာက္လာတာပဲအဖတ္တင္တယ္။

ဒါေၾကာင့္ စိမ္းကားလိုက္တာပဲ ေကာင္းပါတယ္။

တစ္ခ်ိဳ႕ ကတိတရားေတြကမာယာမ်ားတယ္၊ခံစား ယုံၾကည္လိုက္ရင္၊ ခြင့္လႊတ္ရျခင္းနဲ႔ပဲရင္ဆိုင္ေနရၿပီး၊

ခြင့္မလႊတ္ႏိုင္တဲ့အခါ အကုသိုလ္မ်ားရတာပဲ အဖတ္တင္တယ္။ဒါေၾကာင့္ စိမ္းကားလိုက္တာပဲ ေကာင္းပါတယ္။

တစ္ခ်ိဳ႕ စိတ္ေတြက မာယာမ်ားတယ္၊သူေခၚေဆာင္ရာ လိုက္ေနရရင္၊ သူကငိုဆိုရင္၊ငို၊ သူက ရယ္ဆိုရင္ရယ္၊သူက ေပ်ာ္ဆိုရင္ေပ်ာ္၊သူက ဝမ္းနည္းဆိုရင္ဝမ္းနည္း။

ဒီလိုနဲ႔အခ်ိန္ကုန္တာပဲ အဖတ္တင္တယ္။ ဒါေၾကာင့္ စိတ္ရဲ႕ေခၚေဆာင္ရာတိုင္းလိုက္မေနဘဲ စိမ္းကားလိုက္တာပဲေကာင္းပါတယ္။

တစ္ခ်ိဳ႕ လူေတြက မာယာမ်ားတယ္။ကိုယ့္ဘဝထဲသို႔၊သစၥာေတြ၊ေမတၱာေတြ၊ခ်စ္တာေတြ မခ်စ္တာေတြ၊

ခင္တာေတြမခင္တာေတြ၊ၾကင္နာတာေတြ မၾကင္နာတာေတြ၊ကတိေတြ ကဝတ္ေတြနဲ႔ ဝင္လာတတ္ၿပီး၊

ယုံမွတ္လို႔ ပုံအပ္မိရင္၊ လွည့္စားခံရတတ္ၿပီး၊စိတ္ဆိုးေဒါသထြက္ရ၊ဝမ္းနည္းနာက်င္ရတာေတြပဲ အဖတ္တင္တယ္၊

ဒါေၾကာင့္စိမ္းကားလိုက္တာပဲေကာင္းပါတယ္။

ေမတၱာျဖင့္

အရွင္ဇနက(မႏၲေလးစာသင္သား)