တစ်ချိန်ချိန်မှာတော့ခွဲရမှာပါ

တစ်ချိန်ချိန်မှာတော့ခွဲရမှာပါ

မနက်က ဒကာတစ်ယောက်က လျှောက်တယ်။

သူက မိသားစုနဲ့ ခွဲရနိုင်တဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့ ဆိုတယ်။

ဆေးရုံတက်နေချိန်မှာဆို ရှင်ကွဲ ကွဲနေရတယ်။

ဆေးရုံက ပြန်မလာနိုင်တော့ရင် သေကွဲ ကွဲရတော့မယ့် အခြေအနေလို့ဆိုတယ်။

သုံးနှစ်အရွယ် သမီးငယ်လေးက သူ ဆေးရုံဆေးခန်း သွားရခါနီးတိုင်းငိုတယ်တဲ့ …။

ဒါကြောင့် သူ့ကို စိတ်အားရှိစေမယ့် တရားဓမ္မ ဟောကြားပေးပါလို့လျှောက်တယ် …။

ဟိုတုန်းက -အရူးတစ်ယောက်က ရေအိုင်စပ်ထိုင်နေတုန်း ရေအိုင်ထဲကို တောဘဲအုပ်ကြီး ကျလာတယ်။

သူ့က တောဘဲအုပ်ကြီးကို သူ့ဘဲတွေလို့ သတ်မှတ်ပြီး တုတ်တစ်ချောင်းကိုင်ပြီး ဘဲကျောင်းနေတယ် …။

ငါ့ဘဲတွေလို့ စိတ်ကူးယဉ်ကောင်းနေတုန်း ညနေအချိန် ရောက်လာတယ်။

ညနေရောက်တော့ ..ဘဲတွေက ကောင်းကင်ပျံတက်ပြီး အိပ်တန်းဆီ ပြန်ကြတယ်။

အဲဒီအခါမှာ သူက တုတ်တစ်ချောင်းကိုင်ပြီးငါ့ဘဲတွေ ငါ့ဘဲတွေ ဘယ်သွားကြတာလဲ” လို့ အော်ရင်းနဲ့… ဘဲအုပ်ကြီးနောက်ကို ပြေးလိုက်သွားတယ်။

တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။

လူကောင်းဆိုရင်လည်း တောဘဲအုပ်ကို ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား ? မထင်ပါဘူးနော် …။

ဘဝတစ်ခုမှာ တွေ့ဆုံ ကြုံကြိုက်ရတဲ့ သားသမီး ဇနီးခင်ပွန်းကို လူတွေက… ကိုယ့်အပိုင်လို့ ထင်နေကြတယ်။

တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ မပိုင်ပါဘူး။

ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။ အကြောင်းသင့်တုန်းလေးမို့ ပေါင်းဆုံနေကြရတာ ဖြစ်တယ်။

အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာဘဲ။ ဒါက ကိုယ့်တစ်ယောက်ထဲဘဲ ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။

သုံးဆယ့်တစ်ဘုံလုံး ဖြစ်နေကြတာ။ ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။

ဒါက သတ္တဝါတွေအတွက် ..ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။

သို့သော်လည်း ကိုယ့်ဘဲအုပ်ကြီးလို့ စိတ်ကူးယဉ်ကောင်းနေတုန်းမှာ ရုတ်တရက်ခွဲရတော့ ..အတော်ခံစားကြရတယ်နော်။

သတင်းစာ နောက်ကျောဘက်ကို ဖတ်မိတဲ့အခါ ဘာခံစားရလဲ ?ဘာမှမခံစားရဘူး။

ကိုယ်ဆိုင်တယ် ကိုယ်ပိုင်တယ်လို့ သတ်မှတ်မထားလို့နော် …။

ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့ သတ်မှတ်ထားရင် ခံစားကြရတယ်။

ဒီတော့ သားသမီး ဇနီးခင်ပွန်းတွေကို ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့ အထင်အမြင်မှားမှုကို ..သတိလေးနဲ့ လျော့ချရမယ်။

ကိုယ်မထားခဲ့လဲ ..သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။ဒီသဘာဝကို နားလည်လက်ခံနိုင်ရမယ်။

ကိုယ်တကယ်ပိုင်တာ ကိုယ်တကယ်ဆိုင်တာက ကိုယ်ပြုထားတဲ့ …ကုသိုလ်ကံ အကုသိုလ်ကံတွေပဲဖြစ်တယ်။

ကိုယ့်ဘဝရဲ့ အဖော်အမွန်အစစ်ဆိုတာကိုယ်ပြုထားတဲ့ ..ကုသိုလ်ကံ အကုသိုလ်ကံတွေသာဖြစ်တယ်။

သားသမီး ဇနီးခင်ပွန်းဆိုတာက သုဿာန် ဟိုဘက်အထိ လိုက်လို့မရဘူး။

ကိုယ်ပြုထားတဲ့ ကံတွေကတော့ ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။

လူဆိုတာ အကြောင်းဆုံလို့ ပေါင်းဆုံရတဲ့အခါမှာ -အကောင်းဆုံးပေါင်းဆုံခဲ့ကြသလို အကြောင်းမဆုံတော့လို့ ..ခွဲကြရတော့မယ်ဆိုရင်လည်းအကောင်းဆုံး ခွဲနိုင်ဖို့လိုတယ်။

ကိုယ်က သားသမီးဇနီးခင်ပွန်းကို စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင် မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။

ကိုယ့်ရဲ့ စွဲလန်းတပ်မက်စိတ်က သူတို့ကို ကောင်းကျိုးတစုံတရာ ပြုနိုင်သလားဆိုတော့… မပြုနိုင်ဘူး။

ကိုယ့်အတွက် ..ကောင်းကျိုးပြုသလားဆိုတော့လည်းမပြုပါဘူး။

နှစ်ဖက်ရှုံး၊ ရှုံးစေတယ်နော် …။ဒါကြောင့် နှစ်ဖက်ရှုံး၊ မရှုံးရအောင် ဒီအချိန်ကစလို့ မိသားစုကို ငါတကယ်မပိုင် ငါတကယ်မဆိုင်ဘူးလို့ နားလည်လက်ခံပါ။

ဒီအခြေအနေက ..ငါ့တစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူးဆိုတာကိုလည်း နားလည်လက်ခံပါ …။

မိသားစုကို ချစ်သလို ငါ့ကိုယ်ငါလည်း ချစ်မှတော်မယ်လို့ တွေးပြီး ဒါန သီလ ဘာဝနာအမှုတို့ကို စွမ်းအားရှိသလောက် ပြုလုပ်အားထုတ်ပါ။

တစ်ချိန်ချိန်တော့ ..ကိုယ်မခွဲရင် သူတို့က ခွဲခဲ့မှာဘဲနော်။

ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

တစ္ခ်ိန္ခ်ိန္မွာေတာ့ခြဲရမွာပါ

မနက္က ဒကာတစ္ေယာက္က ေလွ်ာက္တယ္။

သူက မိသားစုနဲ႔ ခြဲရႏိုင္တဲ့ အေျခအေနမ်ိဳး ႀကဳံေနရတယ္လို႔ ဆိုတယ္။

ေဆး႐ုံတက္ေနခ်ိန္မွာဆို ရွင္ကြဲ ကြဲေနရတယ္။

ေဆး႐ုံက ျပန္မလာႏိုင္ေတာ့ရင္ ေသကြဲ ကြဲရေတာ့မယ့္ အေျခအေနလို႔ဆိုတယ္။

သုံးႏွစ္အ႐ြယ္ သမီးငယ္ေလးက သူ ေဆး႐ုံေဆးခန္း သြားရခါနီးတိုင္းငိုတယ္တဲ့ …။

ဒါေၾကာင့္ သူ႔ကို စိတ္အားရွိေစမယ့္ တရားဓမၼ ေဟာၾကားေပးပါလို႔ေလွ်ာက္တယ္ …။

ဟိုတုန္းက -အ႐ူးတစ္ေယာက္က ေရအိုင္စပ္ထိုင္ေနတုန္း ေရအိုင္ထဲကို ေတာဘဲအုပ္ႀကီး က်လာတယ္။

သူ႔က ေတာဘဲအုပ္ႀကီးကို သူ႔ဘဲေတြလို႔ သတ္မွတ္ၿပီး တုတ္တစ္ေခ်ာင္းကိုင္ၿပီး ဘဲေက်ာင္းေနတယ္ …။

ငါ့ဘဲေတြလို႔ စိတ္ကူးယဥ္ေကာင္းေနတုန္း ညေနအခ်ိန္ ေရာက္လာတယ္။

ညေနေရာက္ေတာ့ ..ဘဲေတြက ေကာင္းကင္ပ်ံတက္ၿပီး အိပ္တန္းဆီ ျပန္ၾကတယ္။

အဲဒီအခါမွာ သူက တုတ္တစ္ေခ်ာင္းကိုင္ၿပီးငါ့ဘဲေတြ ငါ့ဘဲေတြ ဘယ္သြားၾကတာလဲ” လို႔ ေအာ္ရင္းနဲ႔… ဘဲအုပ္ႀကီးေနာက္ကို ေျပးလိုက္သြားတယ္။

တကယ္က သူ႔ဘဲေတြမွ မဟုတ္ဘဲ။

လူေကာင္းဆိုရင္လည္း ေတာဘဲအုပ္ကို ကိုယ့္ဘဲအုပ္လို႔ ထင္ပါ့မလား ? မထင္ပါဘူးေနာ္ …။

ဘဝတစ္ခုမွာ ေတြ႕ဆုံ ႀကဳံႀကိဳက္ရတဲ့ သားသမီး ဇနီးခင္ပြန္းကို လူေတြက… ကိုယ့္အပိုင္လို႔ ထင္ေနၾကတယ္။

တကယ္က ဘယ္သူကမွ ဘယ္သူ႔ကိုမွ မပိုင္ပါဘူး။

ကိုယ့္ခႏၶာကိုယ္ေတာင္ ကိုယ္မပိုင္ပါဘူးေနာ္။ အေၾကာင္းသင့္တုန္းေလးမို႔ ေပါင္းဆုံေနၾကရတာ ျဖစ္တယ္။

အေၾကာင္းမသင့္တဲ့တေန႔ ခြဲၾကရမွာဘဲ။ ဒါက ကိုယ့္တစ္ေယာက္ထဲဘဲ ျဖစ္ေနတာလားဆိုေတာ့ မဟုတ္ဘူး။

သုံးဆယ့္တစ္ဘုံလုံး ျဖစ္ေနၾကတာ။ ကိုယ့္တစ္ေယာက္ထဲ မဟုတ္ပါဘူး။

ဒါက သတၱဝါေတြအတြက္ ..ျဖစ္႐ိုးျဖစ္စဥ္တစ္ခုမွ်သာ ျဖစ္တယ္။

သို႔ေသာ္လည္း ကိုယ့္ဘဲအုပ္ႀကီးလို႔ စိတ္ကူးယဥ္ေကာင္းေနတုန္းမွာ ႐ုတ္တရက္ခြဲရေတာ့ ..အေတာ္ခံစားၾကရတယ္ေနာ္။

သတင္းစာ ေနာက္ေက်ာဘက္ကို ဖတ္မိတဲ့အခါ ဘာခံစားရလဲ ?ဘာမွမခံစားရဘူး။

ကိုယ္ဆိုင္တယ္ ကိုယ္ပိုင္တယ္လို႔ သတ္မွတ္မထားလို႔ေနာ္ …။

ကိုယ္ပိုင္တယ္ ကိုယ္ဆိုင္တယ္လို႔ သတ္မွတ္ထားရင္ ခံစားၾကရတယ္။

ဒီေတာ့ သားသမီး ဇနီးခင္ပြန္းေတြကို ကိုယ္ပိုင္တယ္ ကိုယ္ဆိုင္တယ္ဆိုတဲ့ အထင္အျမင္မွားမႈကို ..သတိေလးနဲ႔ ေလ်ာ့ခ်ရမယ္။

ကိုယ္မထားခဲ့လဲ ..သူတို႔က ကိုယ့္ကို ထားခဲ့မွာဘဲ။ဒီသဘာဝကို နားလည္လက္ခံႏိုင္ရမယ္။

ကိုယ္တကယ္ပိုင္တာ ကိုယ္တကယ္ဆိုင္တာက ကိုယ္ျပဳထားတဲ့ …ကုသိုလ္ကံ အကုသိုလ္ကံေတြပဲျဖစ္တယ္။

ကိုယ့္ဘဝရဲ႕ အေဖာ္အမြန္အစစ္ဆိုတာကိုယ္ျပဳထားတဲ့ ..ကုသိုလ္ကံ အကုသိုလ္ကံေတြသာျဖစ္တယ္။

သားသမီး ဇနီးခင္ပြန္းဆိုတာက သုႆာန္ ဟိုဘက္အထိ လိုက္လို႔မရဘူး။

ကိုယ္ျပဳထားတဲ့ ကံေတြကေတာ့ ကိုယ္သြားရာကို နိဗၺာန္မရမခ်င္း အရိပ္လို လိုက္ပါေနၾကမွာျဖစ္တယ္။

လူဆိုတာ အေၾကာင္းဆုံလို႔ ေပါင္းဆုံရတဲ့အခါမွာ -အေကာင္းဆုံးေပါင္းဆုံခဲ့ၾကသလို အေၾကာင္းမဆုံေတာ့လို႔ ..ခြဲၾကရေတာ့မယ္ဆိုရင္လည္းအေကာင္းဆုံး ခြဲႏိုင္ဖို႔လိုတယ္။

ကိုယ္က သားသမီးဇနီးခင္ပြန္းကို စြဲလမ္းတပ္မက္စိတ္နဲ႔ ေသတယ္ဆိုရင္ မေကာင္းတဲ့ဘုံဘဝကို လားေရာက္ရမယ္။

ကိုယ့္ရဲ႕ စြဲလန္းတပ္မက္စိတ္က သူတို႔ကို ေကာင္းက်ိဳးတစုံတရာ ျပဳႏိုင္သလားဆိုေတာ့… မျပဳႏိုင္ဘူး။

ကိုယ့္အတြက္ ..ေကာင္းက်ိဳးျပဳသလားဆိုေတာ့လည္းမျပဳပါဘူး။

ႏွစ္ဖက္ရႈံး၊ ရႈံးေစတယ္ေနာ္ …။ဒါေၾကာင့္ ႏွစ္ဖက္ရႈံး၊ မရႈံးရေအာင္ ဒီအခ်ိန္ကစလို႔ မိသားစုကို ငါတကယ္မပိုင္ ငါတကယ္မဆိုင္ဘူးလို႔ နားလည္လက္ခံပါ။

ဒီအေျခအေနက ..ငါ့တစ္ေယာက္ထဲ ႀကဳံေနရတာ မဟုတ္ဘူးဆိုတာကိုလည္း နားလည္လက္ခံပါ …။

မိသားစုကို ခ်စ္သလို ငါ့ကိုယ္ငါလည္း ခ်စ္မွေတာ္မယ္လို႔ ေတြးၿပီး ဒါန သီလ ဘာဝနာအမႈတို႔ကို စြမ္းအားရွိသေလာက္ ျပဳလုပ္အားထုတ္ပါ။

တစ္ခ်ိန္ခ်ိန္ေတာ့ ..ကိုယ္မခြဲရင္ သူတို႔က ခြဲခဲ့မွာဘဲေနာ္။

ပါခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ