ပိုက်ဆံ သိပ်ရှိချင်တယ်
အဖေနဲ့အမေ့ကို အဆင်ပြေပြေလေးထားနိုင်ဖို့ ကျွန်တော် ပိုက်ဆံသိပ်ရှိချင်တယ် ။
တစ်အိုးတစ်အိမ်ထူထောင်ကြတဲ့
မောင်နှမတွေနဲ့ စိတ်ဝမ်းမကွဲရအောင်လို့ ကျွန်တော် ပိုက်ဆံသိပ်ရှိချင်တယ် ။
အသိုင်းအဝိုင်း အမျိုးအဆွေကြား
အမြဲဝင်နိုင်ထွက်နိုင်ဖို့ကျွန်တော် ပိုက်ဆံသိပ်ရှိချင်တယ် ။
ကိုယ်ရည်ရွယ်ထားတဲ့ တွဲလက်တွေမြဲစေဖို့
ကျွန်တော် ပိုက်ဆံသိပ်ရှိချင်တယ် ။
အပေါင်းအသင်းတွေကြား ဖယ်ကြဉ်ခံရဖန်များလို့ကျွန်တော် ပိုက်ဆံသိပ်ရှိချင်တယ် ။
အဝတ်အစားကိုကြည့်ပြီးအဆင့်အတန်းခွဲချင်သူတွေကြောင့်ကျွန်တော် ပိုက်ဆံသိပ်ရှိချင်တယ် ။
ဟုတ်တယ်…..ကျွန်တော့်ပတ်ဝန်းကျင်မှာလူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာမရှိဘူး ။
အရာအားလုံးကို ငွေနဲ့ပဲတိုင်းတာတန်ဖိုးဖြတ်ကြတဲ့အတွက်ကျွန်တော် ပိုက်ဆံသိပ်ရှိချင်ခဲ့တယ် …..။
မောင်ရေချမ်း ( ဧရာမြေ )
ပိုက္ဆံ သိပ္ရွိခ်င္တယ္
အေဖနဲ႔အေမ့ကို အဆင္ေျပေျပေလးထားႏိုင္ဖို႔ ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္တယ္ ။
တစ္အိုးတစ္အိမ္ထူေထာင္ၾကတဲ့
ေမာင္ႏွမေတြနဲ႔ စိတ္ဝမ္းမကြဲရေအာင္လို႔ ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္တယ္ ။
အသိုင္းအဝိုင္း အမ်ိဳးအေဆြၾကား
အၿမဲဝင္ႏိုင္ထြက္ႏိုင္ဖို႔ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္တယ္ ။
ကိုယ္ရည္႐ြယ္ထားတဲ့ တြဲလက္ေတြၿမဲေစဖို႔
ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္တယ္ ။
အေပါင္းအသင္းေတြၾကား ဖယ္ၾကဥ္ခံရဖန္မ်ားလို႔ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္တယ္ ။
အဝတ္အစားကိုၾကည့္ၿပီးအဆင့္အတန္းခြဲခ်င္သူေတြေၾကာင့္ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္တယ္ ။
ဟုတ္တယ္…..ကြၽန္ေတာ့္ပတ္ဝန္းက်င္မွာလူတစ္ေယာက္ရဲ႕ တန္ဖိုးဆိုတာမရွိဘူး ။
အရာအားလုံးကို ေငြနဲ႔ပဲတိုင္းတာတန္ဖိုးျဖတ္ၾကတဲ့အတြက္ကြၽန္ေတာ္ ပိုက္ဆံသိပ္ရွိခ်င္ခဲ့တယ္ …..။
ေမာင္ေရခ်မ္း ( ဧရာေျမ )