ရက်စက်ရက်သူအသည်းခွဲသွားသူလူတစ်ယောက်ကြောင့်ငိုနေတာလား ညီမငယ်

“အတုယူစေချင်တယ်”

ရက်စက်ရက်သူအသည်းခွဲသွားသူလူတစ်ယောက်ကြောင့်ငိုနေတာလား ညီမငယ်

အသည်းကွဲခြင်းပြင်းပြပူလောင်အားရအောင်သာငိုလိုက်ပါ

အဝငိုပြီးရှေ့ခရီးအတွက်အလှပဆုံး ပြုံးပြနိုင်ဖို့ကြိုးစားစမ်းပါ ညီမလေး

ယောကျ်ားတစ်ယောက်အတွက်မျက်ရည်စက်တွေ ကြွေရတာတောင်လွန်လှပြီလေ

သူ့အတွက်အသက်သေချင်တယ် ဆိုရလောက်အောင်တန်လို့လားပဲ မေးချင်တယ်

မင်းမိဘရဲ့ မင်းပေါ်ထားတဲ့ချစ်ခြင်းမေတ္တာ တန်ဖိုးထားခြင်းမြတ်နိုးခြင်းတွေ ရိုက်မချိုးလိုက်နဲ့လေ

ယောကျ်ားတစ်ယောက်ကတန်ဖိုးမထား စွန့်ခွာသွားလည်းမိဘအတွက် တန်ဖိုးအရှိဆုံး ရတနာတစ်ပါး

မိဘရင်ကိုကျိုးစေမယ့်အရေး မင်းမို့တွေးရက်တယ်

မိဘအတွက် ရတနာပေမို့အဖိုးထိုက်တန်စွာ ရှေ့ဆက်ပါ

စိတ်လေမနေဘဲ အလုပ်တွင်စိတ်နစ်အရည်အချင်း တိုးတက်ခြင်းတွေ ကြိုးစားအရယူ

ရှင်ဘုရင်လာမယ့်လမ်းဘယ်သူတောင်းစားက နေရဲမှာလဲ

အလိုလိုထွက်ခွာ မထိုက်တန်တာမို့

အသည်းကွဲရုံမက အိမ်ထောင်ပြိုကွဲအလူးအလဲဒဏ် သို့ပါသော်လည်း

အလှမပျက် မျက်ရည်မျက်ခွက်စုတ်ပြတ်မနေ အလှဆုံးပြင်ဆင်ပြုံးထားနိုင်တဲ့ အွန်စောကိုပဲအတုယူစေချင်တယ် ညီမလေး

Myint Mo Thi Har

“အတုယူေစခ်င္တယ္”

ရက္စက္ရက္သူအသည္းခြဲသြားသူလူတစ္ေယာက္ေၾကာင့္ငိုေနတာလား ညီမငယ္

အသည္းကြဲျခင္းျပင္းျပပူေလာင္အားရေအာင္သာငိုလိုက္ပါ

အဝငိုၿပီးေရွ႕ခရီးအတြက္အလွပဆုံး ၿပဳံးျပႏိုင္ဖို႔ႀကိဳးစားစမ္းပါ ညီမေလး

ေယာက်္ားတစ္ေယာက္အတြက္မ်က္ရည္စက္ေတြ ေႂကြရတာေတာင္လြန္လွၿပီေလ

သူ႔အတြက္အသက္ေသခ်င္တယ္ ဆိုရေလာက္ေအာင္တန္လို႔လားပဲ ေမးခ်င္တယ္

မင္းမိဘရဲ႕ မင္းေပၚထားတဲ့ခ်စ္ျခင္းေမတၱာ တန္ဖိုးထားျခင္းျမတ္ႏိုးျခင္းေတြ ႐ိုက္မခ်ိဳးလိုက္နဲ႔ေလ

ေယာက်္ားတစ္ေယာက္ကတန္ဖိုးမထား စြန္႔ခြာသြားလည္းမိဘအတြက္ တန္ဖိုးအရွိဆုံး ရတနာတစ္ပါး

မိဘရင္ကိ​ု​က်ိဳးေစမယ့္အေရး မင္းမို႔ေတြးရက္တယ္

မိဘအတြက္ ရတနာေပမို႔အဖိုးထိုက္တန္စြာ ေရွ႕ဆက္ပါ

စိတ္ေလမေနဘဲ အလုပ္တြင္စိတ္နစ္အရည္အခ်င္း တိုးတက္ျခင္းေတြ ႀကိဳးစားအရယူ

ရွင္ဘုရင္လာမယ့္လမ္းဘယ္သူေတာင္းစားက ေနရဲမွာလဲ

အလိုလိုထြက္ခြာ မထိုက္တန္တာမို႔

အသည္းကြဲ႐ုံမက အိမ္ေထာင္ၿပိဳကြဲအလူးအလဲဒဏ္ သို႔ပါေသာ္လည္း

အလွမပ်က္ မ်က္ရည္မ်က္ခြက္စုတ္ျပတ္​မေန အလွဆုံးျပင္ဆင္ၿပဳံးထားႏိုင္တဲ့ အြန္ေစာကိုပဲအတုယူေစခ်င္တယ္ ညီမေလး

Myint Mo Thi Har