အချစ်မရှိတဲ့ တစ်နေ့သောအခါ – ရဝေနွယ် ( အင်းမ)

တစ်ခါတုန်းက ပရိယတ္တိ ပဋိပတ္တိကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါးရှိပါတယ်။

ဆရာတော်က စာလည်းချပါတယ်၊ တရားလည်းဟောပါတယ်၊ သံဃာ့အဖွဲ့အစည်းတွေ၊ပရဟိတအဖွဲ့အစည်းတွေမှာလည်း ပါနေတော့ စည်းဝေးပွဲတွေလည်း မကြာခဏတက်နေရပါတယ်။ဆိုလိုတာကတော့ နေ့စဉ် အလုပ်များနေတဲ့ဆရာတော်ပါ။

တစ်နေ့တော့ ဆရာတော့်မှာ နှလုံးရောဂါပုံစံမျိုး ရောဂါတစ်ခု ဝင်လာပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောသလဲဆိုတော့ “ဆရာတော် နှလုံးရောဂါဖြစ်ချင်တဲ့ လက္ခဏာပဲ ဘုရား၊

အဲဒါ ဆရာတော် ဘာအလုပ်မှမလုပ်ဘဲ တစ်လလောက်အနားယူပေးပါဘုရား၊ စာလည်းမချပါနဲ့၊

တရားလည်း လိုက်မဟောပါနဲ့၊ သာရေးနာရေးတွေလည်း မလိုက်ပါနဲ့၊

စိတ်ကိုလည်း အနားပေး၊ ရုပ်ကိုလည်း အနားပေးထားပါဘုရား ” လို့ လျှောက်ပြပြီးသောက်ဆေးလည်း ပေးလိုက်ပါတယ်။

ဆရာတော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းပဲ တစ်လအနားယူလိုက်ပါတယ်။

အဲဒီတစ်လအတွင်းစာလည်းမချ၊ တရားလည်းမဟော၊ သာရေးနာရေးလည်း မလိုက်ဘဲ နေနေလိုက်ပါတယ်။

အဲဒီတော့ ဘာအလုပ်မှမလုပ်ရတော့ အချိန်တွေက တအားပိုနေပါတယ်။ တခြားဘာမှ လုပ်စရာမရှိ တာနဲ့တရားပဲထိုင်အားထုတ်ပစ်နေလိုက်ပါတယ်။

ဆရာတော်က တရားအားထုတ်ရင်းနဲ့ စိတ်ထဲမှာလည်းကျေကျေနပ်နပ်နဲ့ ဝိပဿာနာဉာဏ်စဉ်လေးတွေ ဝင်လာပါတယ်။

တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း ဆရာတော်တစ်ပါး ကြွလာပါတယ်။ကြွလာတာကတော့ လူနာမေးကြွလာတာပါ။

စကားတွေပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်က ဘာပြောသလဲဆိုတော့

“ဆရာတော်ရယ်၊ တပည့်တော် ဒီရောဂါဖြစ်လိုက်တော့ စာလည်းမချရ၊ တရားလည်းမဟောရ၊ သာရေးနာရေးလည်း မလိုက်ရ ဆိုတော့ အချိန်တွေက ပိုနေတယ်ဘုရား၊

တရားမှတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေလည်း ထိုက်သင့် သလောက် ဝင်လာတော့စိတ်ထဲမှာလည်း အေးအေးချမ်းချမ်းရှိလာတယ်ဘုရား။

တပည့်တော် ဘယ်လို စဉ်းစားမိသလဲဆိုတော့ငါ့ဒီရောဂါသာမဖြစ်ရင် ဒီလိုအားထုတ်ဖြစ်မှာမဟုတ်ဘူး။ ရောဂါဖြစ်လို့ တရား အားထုတ်ဖြစ်တာလို့စဉ်းစားမိတယ်ဘုရား။

ပြီးတော့ ရောဂါဖြစ်တာတောင် ကျေးဇူးတင်နေမိတယ်ဘုရား” လို့ လျှောက်ပြပါတယ်။

ဒီတော့ သူငယ်ချင်း အာဂန္တုဆရာတော်ဘုရားက ဘာပြန်ပြောသလဲဆိုတော့“ကပ်ကြီးဆိုက်တော့ လာဘ်ကြီးတိုက်တာပေါ့”လို့ ပြန်ပြောလိုက်ပါသတဲ့။

ကျောင်းထိုင်ဆရာတော်ကလည်း အာဂန္တုဆရာတော်ပြောတဲ့ “ကပ်ကြီးဆိုက်တော့ လာဘ်ကြီး တိုက်တာပေါ့”ဆိုတဲ့စကားကို သိပ်သဘောကျသွားပါသတဲ့။

ဒါဟာ ရောဂါဝေဒနာကဝိပသနာကုသိုလ်ဖြစ်ဖို့အတွက် ကျေးဇူးပြုလိုက်တာပါ။ရောဂါ ဖြစ်တာကကို ကျေးဇူးတင်စရာ ဖြစ်သွားပါပြီ။

တကယ်တော့ ဝိပဿနာတရားဟာ နေရာတိုင်းမှာ အသုံးပြုလို့ရနေတာပါ။ ဒါကကို အံ့သြစရာ ကောင်းနေတာပါ။

ဒီလိုအပြုအမူလေးတွေ ပြုမူနိုင်ဖို့ဆိုတာကလည်း ……ကိုယ့်မှာ တရားဗဟုသုတလေးတွေ ရှိမှပါ။

တရားဗဟုသုတမရှိပြန်ရင်လည်း အော်လို့ပဲ ငြီးနေရမှာပါ။ တရားဗဟုသုတလေးတွေရှိဖို့ အလွယ်ကူဆုံး ကတော့ စာဖတ်တာပါပဲ။

ပြဿနာကြုံလာတဲ့အခါ ကိုယ်ဖတ်ထားတဲ့အထဲက တရား ဗဟုသုတ လေးတွေကို ပြန်နှလုံးသွင်းပြီး ကျင့်သုံး ကျင့်သုံးသွားလို့ရပါတယ်။

ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေနဲ့ လက်တွေ့ တစ်ခါအသုံးချကြည့်ဖြစ်တိုင်း တော်တော်ဟုတ်တဲ့ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိပ်အားရ ကျေနပ်ရတာပါ။

လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီးရယ်ပါ။ ကိုယ့်မှာ နှလုံးသွင်းစရာ တရားဗဟုသုတ တစ်ခုခု ရှိနေမှပါ။ မရှိရင် သိပ်ပူလောင်ရတာပါ။

စာရေးသူကတော့ နှလုံးသွင်းစရာ တရားအသိလေးတွေရဖို့ ယောဆရာတော်ဘုရား၊ ဆရာတော်ဦးဇောတိက၊ ဘုန်းကြီးဦးဆေကိန္ဒ၊ ဦးဇင်းအရှင်ဆန္ဒာဓိကတို့ရဲ့စာအုပ်တွေ တရားခွေတွေကို အလုပ်တစ်ခုလိုကို သဘောထားပြီး ဖတ်ဖြစ်နာဖြစ်ပါတယ်။

ဒီဆရာတော်ဘုရားတွေက အပြင်မှာ လက်တွေ့ အသုံးချလို့ရအောင် ရေးပြဟောပြထားလို့ပါ။

ကိုယ်တိုင်က ကြည်ညိုတာလည်းပါသလို ပုဂ္ဂိုလ်ရေးသံယောဇဉ်ရှိတာလည်း ပါပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ အာရုံဆိုးတွေနဲ့တွေ့တဲ့အခါ နှလုံးမသွင်းတတ်ဘဲ အမှားတွေ ကျူးလွန်မိမှာ စိုးလို့ပါ။

လောဘကြောင့်သေ ပြိတ္တာပြည်။ဒေါသကြောင့်သေ ငရဲပြည်။မောဟကြောင့်သေ တိရစ္ဆာန်ပြည်။

အားလုံးကြားဖူး ရဖူးတဲ့စကားလေးပါ။

ဒါပေမယ့် “သုတ်ပါထေယျအဋ္ဌကထာ စက္ကဝတ္တိသုတ်” မှာကျတော့-လောဘဆိုတဲ့ အငတ်ဘေးကြောင့်သေရင် ပြိတ္တာပြည်။

ဒေါသဆိုတဲ့ လက်နက်ဘေးကြောင့်သေရင် ငရဲပြည်။

“မောဟဆိုတဲ့ အနာရောဂါဘေးကြောင့်သေရင် နတ်ပြည်။”ဆိုတော့ ကြားဖူးနေကျ စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

အဋ္ဌကထာဆရာက ရောဂါဝေဒနာ ခံစားနေရတဲ့အခါမှာ ကိုယ်ခံစားနေရတဲ့ ရောဂါလေးတွေကို အာရုံပြုပြီး“အခုလို ငါစားနေရသလို သတ္တဝါတွေ မခံစားရပါစေနဲ့”လို့ မေတ္တာစိတ်ဖြစ်နေမယ်၊

မေတ္တာပို့နေမယ်ဆိုရင်အဲဒီမေတ္တာစိတ်နဲ့ သေသွားရင် နတ်ပြည် ရောက်မှာပါတဲ့။

ဒါကြောင့် အနာရောဂါနဲ့ သေရင် နတ်ပြည်လို့ ပြောတာပါတဲ့။

ရောဂါဝေဒနာဖြစ်လာတဲ့အခါ ကိုယ်ခံစားနေရတာကို အာရုံပြုရင်း ကိုယ်ချင်းစာစိတ်မွေးပြီး“ငါခံစားနေရသလို သူလည်းမခံစားနေရပါစေနဲ့”လို့ မေတ္တာပွားတဲ့နည်းကလည်း တစ်မျိုးစိတ်ဝင်စားစရာပါ။

ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ အသုံးချကြည့်လို့ ရလို့ပါ။ ရောဂါဝေဒနာ ကြီးကြီးမှတင်မဟုတ်ပါဘူး။

ဥပမာ-ခေါင်းကိုက်နေရင်လည်း“ငါခေါင်းကိုက်ဝေဒနာခံစားနေရသလို သူလည်းမခံစားရပါစေနဲ့”လို့ မေတ္တာပွားလို့ ရပါတယ်။

လူတစ်ယောက်ရဲ့ ဘဝမှာ ကုသိုလ်စိတ် အစဉ်သဖြင့် ဖြစ်နေဖို့ သိပ်အရေးကြီးတာဆိုတော့ကိုယ့်ရင်ထဲမှာ မေတ္တာစိတ်ဖြစ်နေရင်လည်း ကုသိုလ်စိတ် ဖြစ်နေတာပါ။

အဲဒီစိတ်ကလေးနဲ့ ဖြတ်ကနဲသေသွားရင်တောင် ကောင်းတဲ့ဂတိတစ်ခုခုတော့ ရောက်သွားမှာ အသေအချာပါပဲ။

ဝေဒနာဖြစ်လာပြီဆိုရင် ကိုယ့်မှာ တရားဗဟုသုတလေးတွေရှိနေမှ အဲဒီတရားဗဟုသုတလေးတွေနဲ့ နေနေမှ အဆင်ပြေတာပါ။

အဲဒီလိုမှမဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းမခံနိုင်ဘဲ၊အော်ဟစ်ငြီးတွားနေမယ်ဆိုရင် ပိုလို့ပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာပါ။

အကောင်းဆုံးကတော့ ဝေဒနာဖြစ်လာပြီဆိုရင် တရားလေးနဲ့နေတာကတော့ အကောင်းဆုံးပါပဲ။

ဂုဏ်တော်ပဲပွားပွား ၊ မေတ္တာပဲပွားပွား၊ ဝိပဿနာပဲပွားပွား တစ်ခုခုကို ပွားနေဖို့ပါ။

ဒါမှမဟုတ် ဂုဏ်တော် တစ်လှည့်ပွားလိုက်၊ မေတ္တာတစ်လှည့်ပွားလိုက်၊ ဝိပဿနာတစ်လှည့်ပွားလိုက်တစ်လှည့်စီပွားနေလို့လည်း ရပါတယ်။

ရှေ့က အာဂန္တုဆရာတော်ဘုရားပြောသလို ဝေဒနာဖြစ်လာတာ ကိုယ့်အတွက် လာဘ်ကြီးလာတိုက်တာပါ။

ဝေဒနာဖြစ်လာတော့ ဘာအလုပ်မှ လုပ်စရာမလိုတော့ဘဲ ၊အချိန်တွေ အပြည့်ရနေတာပါ။ လူတစ်ယောက်ရဲ့ ဘဝမှာ အဲဒီလို အချိန်ပြည့်ရဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။

ဒီတော့ ကိုယ်က “ဒါဟာ ငါ့အတွက် မဟာအခွင့်အရေးကြီးပဲ”ဆိုပြီး တရားကို ဖိအားထုတ်ပစ်ဖို့ပါ။

ရောဂါဖြစ်နေတုန်း တရားအားထုတ်တာဟာ တစ်ဖက်က ဘုရားဆေးနဲ့ ကုပေးနေတာပါ။ လောကီ ဆေးသက်သက်တင်မဟုတ်ဘဲ ၊လောကုတ္တရာဆေးပါပေါင်းကုလိုက်တော့ ရောဂါအတွက် တစ်ခုခုတော့ အထောက်အကူပြုသွားမှာပါ။

လူတိုင်းမဟုတ်ပေမယ့် တချို့ ကုလို့မရတော့တဲ့ ရောဂါတွေ ၊ဝိပဿနာတရားအားထုတ်ရင်း ပျောက်သွားတဲ့သာဓကတွေ ကိုယ်တွေ့ဖြစ်ရပ်တွေကို စာတွေထဲမှာ ပြန်ရေးပြထားတာတွေ ဖတ်ကြရဖူး မှာပါ။

တစ်သက်လုံး နာလာခဲ့တဲ့ဒူး တရားအားထုတ်လိုက်မှ ပျောက်သွားတာ၊ ဗိုက်ထဲကအလုံး တရားအားထုတ်ရင်းပျောက်သွားတာ စသည်ဖြင့် အများကြီးပါပဲ။

တချို့ ရောဂါဝေဒနာတွေဟာ စိတ်ဆင်းရဲမှုကြောင့် ရောဂါပိုဆိုးသွားရတောတွေ အများကြီးရှိ ပါတယ်။

ဒါက အားလုံးသိပါတယ်။ ရောဂါဖြစ်နေချိန်မှာ စိတ်ချမ်းသာနေဖို့ သိပ်အရေးကြီးပါတယ်။

စိတ်ချမ်းသာဖို့အတွက် ဝိပဿနာတရားက သိပ်အဓိက ကျတာပါ။

စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲမှာ အကုသိုလ်ကိလေသာတစ်ခုခု ဝင်နေလို့ပါ။ ဝိပဿနာတရားမှတ် နေရင် အကုသိုလ် ကိလေသာတွေ တဒင်္ဂ ငြိမ်းနေတာပါ။

ရင်ထဲမှာအကုသိုလ်ကိလေသာ ငြိမ်းနေရင် စိတ်ချမ်းသာနေရတာပါ။

ဒါကြောင့် ရောဂါဝေဒနာ ဖြစ်လာရင် စိတ်မဆင်းရဲဖို့နဲ့ ဝိပဿနာတရားလေးကို အထောက်အကူ အဖြစ် ယူထားသင့်ပါတယ်။ခန္ဓာရှိနေတဲ့အတွက် ဝေဒနာကလည်း ရှိနေမှာပါ။ ခန္ဓာမရှိမှသာ ဒီဝေဒနာက မရှိတော့မှာပါ။ခန္ဓာမရှိဖို့အတွက်လည်း ဒီခန္ဓာကြီးကိုပဲ ပြန်အားကိုးရမှာပါ။ပြန်အသုံးချရမှာပါ။

ဘာပဲပြောပြော လူ့ဘဝနေရတာကကို သိပ်ပြီး ကံကောင်းနေတာပါ။

ဘာဖြစ်လို့လဲဆိုတော့ လူ့ပြည်မှာ စိတ်ကြိုက်ကုသိုလ်တွေ ပြုခွင့်ရနေလို့ပါ။

ဒါနပဲပြုပြု သီလပဲဆောက်တည်ဆောက်တည်၊ ပရဟိတပဲလုပ်လုပ်၊ သမထပဲပွားပွား၊ ဝိပဿနာပဲပွားပွားကိုယ်ကြိုက်ရာကို ကြိုက်သလို ပြုခွင့်ရနေလို့ပါ။

အချစ်ကြောင့် သောကရောက်လို့ပဲ အားထုတ်အားထုတ်၊ ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ အားထုတ် အားထုတ်၊

စိတ်ချမ်းသာဖို့ သက်သက်အတွက်ပဲ အားထုတ်အားထုတ်၊ စိတ်ဆင်းရဲမှုတွေ ပျောက်ဖို့ အတွက်ပဲ အားထုတ်အားထုတ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ အားထုတ်အားထုတ်၊

ဝိပဿနာတရားကို အားထုတ်ဖြစ်နေတာကကို လူ့ဘဝရခိုက်မှာ အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေတာပါပဲ။

“အချစ်မရှိတဲ့ တစ်နေ့သောအခါ” ဖြစ်အောင်ကိုယ်စီကြိုးစားရမှာပါ။

ဘယ်တော့ရောက်ဖြစ် ကြမယ်တော့ မသိပါဘူး။ သံသရာအဆက်ဆက် ချစ်ခဲ့ရတဲ့အချစ်တွေကလည်းမနည်းတော့ပါဘူးလေ။

ဘာပဲပြောပြော “အချစ်မရှိတဲ့ တစ်နေ့သောအခါ”ဖြစ်ဖို့အတွက်ဝိပဿနာတရားမှတစ်ပါး အခြားမရှိတာတော့ အမှန်ပါပဲလေ။

ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် – အင်းမ)

တစ္ခါတုန္းက ပရိယတၱိ ပဋိပတၱိကြၽမ္းက်င္တဲ့ ဆရာေတာ္တစ္ပါးရွိပါတယ္။

ဆရာေတာ္က စာလည္းခ်ပါတယ္၊ တရားလည္းေဟာပါတယ္၊ သံဃာ့အဖြဲ႔အစည္းေတြ၊ပရဟိတအဖြဲ႔အစည္းေတြမွာလည္း ပါေနေတာ့ စည္းေ၀းပြဲေတြလည္း မၾကာခဏတက္ေနရပါတယ္။ဆိုလိုတာကေတာ့ ေန႔စဥ္ အလုပ္မ်ားေနတဲ့ဆရာေတာ္ပါ။

တစ္ေန႔ေတာ့ ဆရာေတာ့္မွာ ႏွလံုးေရာဂါပံုစံမ်ိဳး ေရာဂါတစ္ခု ၀င္လာပါတယ္။ ဆရာ၀န္ ျပၾကည့္ေတာ့ ဆရာ၀န္က ဘာေျပာသလဲဆိုေတာ့ “ဆရာေတာ္ ႏွလံုးေရာဂါျဖစ္ခ်င္တဲ့ လကၡဏာပဲ ဘုရား၊

အဲဒါ ဆရာေတာ္ ဘာအလုပ္မွမလုပ္ဘဲ တစ္လေလာက္အနားယူေပးပါဘုရား၊ စာလည္းမခ်ပါနဲ႔၊

တရားလည္း လိုက္မေဟာပါနဲ႔၊ သာေရးနာေရးေတြလည္း မလိုက္ပါနဲ႔၊

စိတ္ကုိလည္း အနားေပး၊ ရုပ္ကုိလည္း အနားေပးထားပါဘုရား ” လို႔ ေလွ်ာက္ျပျပီးေသာက္ေဆးလည္း ေပးလုိက္ပါတယ္။

ဆရာေတာ္ကလည္း ဆရာ၀န္ေျပာတဲ့အတုိင္းပဲ တစ္လအနားယူလိုက္ပါတယ္။

အဲဒီတစ္လအတြင္းစာလည္းမခ်၊ တရားလည္းမေဟာ၊ သာေရးနာေရးလည္း မလိုက္ဘဲ ေနေနလိုက္ပါတယ္။

အဲဒီေတာ့ ဘာအလုပ္မွမလုပ္ရေတာ့ အခ်ိန္ေတြက တအားပိုေနပါတယ္။ တျခားဘာမွ လုပ္စရာမရွိ တာနဲ႔တရားပဲထုိင္အားထုတ္ပစ္ေနလိုက္ပါတယ္။

ဆရာေတာ္က တရားအားထုတ္ရင္းနဲ႔ စိတ္ထဲမွာလည္းေက်ေက်နပ္နပ္နဲ႔ ၀ိပႆာနာဉာဏ္စဥ္ေလးေတြ ၀င္လာပါတယ္။

တစ္ေန႔ေတာ့ ဆရာေတာ္ရဲ႕ သူငယ္ခ်င္း ဆရာေတာ္တစ္ပါး ႂကြလာပါတယ္။ႂကြလာတာကေတာ့ လူနာေမးႂကြလာတာပါ။

စကားေတြေျပာၾကရင္းနဲ႔ ေရာဂါျဖစ္ေနတဲ့ ဆရာေတာ္က ဘာေျပာသလဲဆုိေတာ့

“ဆရာေတာ္ရယ္၊ တပည့္ေတာ္ ဒီေရာဂါျဖစ္လုိက္ေတာ့ စာလည္းမခ်ရ၊ တရားလည္းမေဟာရ၊ သာေရးနာေရးလည္း မလိုက္ရ ဆိုေတာ့ အခ်ိန္ေတြက ပိုေနတယ္ဘုရား၊

တရားမွတ္ရင္းနဲ႔ ဉာဏ္စဥ္ေလးေတြလည္း ထိုက္သင့္ သေလာက္ ၀င္လာေတာ့စိတ္ထဲမွာလည္း ေအးေအးခ်မ္းခ်မ္းရွိလာတယ္ဘုရား။

တပည့္ေတာ္ ဘယ္လုိ စဥ္းစားမိသလဲဆိုေတာ့ငါ့ဒီေရာဂါသာမျဖစ္ရင္ ဒီလိုအားထုတ္ျဖစ္မွာမဟုတ္ဘူး။ ေရာဂါျဖစ္လို႔ တရား အားထုတ္ျဖစ္တာလို႔စဥ္းစားမိတယ္ဘုရား။

ျပီးေတာ့ ေရာဂါျဖစ္တာေတာင္ ေက်းဇူးတင္ေနမိတယ္ဘုရား” လို႔ ေလွ်ာက္ျပပါတယ္။

ဒီေတာ့ သူငယ္ခ်င္း အာဂႏၲဳဆရာေတာ္ဘုရားက ဘာျပန္ေျပာသလဲဆိုေတာ့“ကပ္ၾကီးဆိုက္ေတာ့ လာဘ္ၾကီးတိုက္တာေပါ့”လို႔ ျပန္ေျပာလိုက္ပါသတဲ့။

ေက်ာင္းထုိင္ဆရာေတာ္ကလည္း အာဂႏၲဳဆရာေတာ္ေျပာတဲ့ “ကပ္ၾကီးဆိုက္ေတာ့ လာဘ္ၾကီး တိုက္တာေပါ့”ဆိုတဲ့စကားကို သိပ္သေဘာက်သြားပါသတဲ့။

ဒါဟာ ေရာဂါေ၀ဒနာကဝိပသနာကုသိုလ္ျဖစ္ဖို႔အတြက္ ေက်းဇူးျပဳလိုက္တာပါ။ေရာဂါ ျဖစ္တာကကို ေက်းဇူးတင္စရာ ျဖစ္သြားပါျပီ။

တကယ္ေတာ့ ၀ိပႆနာတရားဟာ ေနရာတိုင္းမွာ အသံုးျပဳလုိ႔ရေနတာပါ။ ဒါကကို အံ့ၾသစရာ ေကာင္းေနတာပါ။

ဒီလိုအျပဳအမူေလးေတြ ျပဳမူႏုိင္ဖို႔ဆိုတာကလည္း ……ကိုယ့္မွာ တရားဗဟုသုတေလးေတြ ရွိမွပါ။

တရားဗဟုသုတမရွိျပန္ရင္လည္း ေအာ္လို႔ပဲ ျငီးေနရမွာပါ။ တရားဗဟုသုတေလးေတြရွိဖို႔ အလြယ္ကူဆံုး ကေတာ့ စာဖတ္တာပါပဲ။

ျပႆနာၾကံဳလာတဲ့အခါ ကိုယ္ဖတ္ထားတဲ့အထဲက တရား ဗဟုသုတ ေလးေတြကို ျပန္ႏွလံုးသြင္းျပီး က်င့္သံုး က်င့္သံုးသြားလို႔ရပါတယ္။

ကိုယ္သိထားတဲ့ ဗဟုသုတေလးေတြနဲ႔ လက္ေတြ႔ တစ္ခါအသံုးခ်ၾကည့္ျဖစ္တုိင္း ေတာ္ေတာ္ဟုတ္တဲ့ငါပါလားဆိုျပီး ကုိယ့္ကုိယ္ကုိယ္ သိပ္အားရ ေက်နပ္ရတာပါ။

လူ႔ေလာကမွာ အပူျဖစ္စရာေတြ အမ်ားၾကီးရယ္ပါ။ ကိုယ့္မွာ ႏွလံုးသြင္းစရာ တရားဗဟုသုတ တစ္ခုခု ရွိေနမွပါ။ မရွိရင္ သိပ္ပူေလာင္ရတာပါ။

စာေရးသူကေတာ့ ႏွလံုးသြင္းစရာ တရားအသိေလးေတြရဖို႔ ေယာဆရာေတာ္ဘုရား၊ ဆရာေတာ္ဦးေဇာတိက၊ ဘုန္းၾကီးဦးေဆကိႏၵ၊ ဦးဇင္းအရွင္ဆႏၵာဓိကတို႔ရဲ႕စာအုပ္ေတြ တရားေခြေတြကုိ အလုပ္တစ္ခုလိုကို သေဘာထားျပီး ဖတ္ျဖစ္နာျဖစ္ပါတယ္။

ဒီဆရာေတာ္ဘုရားေတြက အျပင္မွာ လက္ေတြ႔ အသံုးခ်လို႔ရေအာင္ ေရးျပေဟာျပထားလို႔ပါ။

ကိုယ္တုိင္က ၾကည္ညိဳတာလည္းပါသလို ပုဂၢိဳလ္ေရးသံေယာဇဥ္ရွိတာလည္း ပါပါတယ္။

အဓိကရည္ရြယ္ခ်က္ကေတာ့ အာရံုဆိုးေတြနဲ႔ေတြ႔တဲ့အခါ ႏွလံုးမသြင္းတတ္ဘဲ အမွားေတြ က်ဴးလြန္မိမွာ စိုးလို႔ပါ။

ေလာဘေၾကာင့္ေသ ျပိတၱာျပည္။ေဒါသေၾကာင့္ေသ ငရဲျပည္။ေမာဟေၾကာင့္ေသ တိရစၧာန္ျပည္။

အားလံုးၾကားဖူး ရဖူးတဲ့စကားေလးပါ။

ဒါေပမယ့္ “သုတ္ပါေထယ်အ႒ကထာ စကၠ၀တၱိသုတ္” မွာက်ေတာ့-ေလာဘဆိုတဲ့ အငတ္ေဘးေၾကာင့္ေသရင္ ျပိတၱာျပည္။

ေဒါသဆိုတဲ့ လက္နက္ေဘးေၾကာင့္ေသရင္ ငရဲျပည္။

“ေမာဟဆိုတဲ့ အနာေရာဂါေဘးေၾကာင့္ေသရင္ နတ္ျပည္။”ဆိုေတာ့ ၾကားဖူးေနက် စကားနဲ႔ ဆန္႔က်င္ဘက္ျဖစ္ေနပါတယ္။

အ႒ကထာဆရာက ေရာဂါေ၀ဒနာ ခံစားေနရတဲ့အခါမွာ ကိုယ္ခံစားေနရတဲ့ ေရာဂါေလးေတြကုိ အာရံုျပဳျပီး“အခုလို ငါစားေနရသလို သတၱ၀ါေတြ မခံစားရပါေစနဲ႔”လို႔ ေမတၱာစိတ္ျဖစ္ေနမယ္၊

ေမတၱာပို႔ေနမယ္ဆိုရင္အဲဒီေမတၱာစိတ္နဲ႔ ေသသြားရင္ နတ္ျပည္ ေရာက္မွာပါတဲ့။

ဒါေၾကာင့္ အနာေရာဂါနဲ႔ ေသရင္ နတ္ျပည္လို႔ ေျပာတာပါတဲ့။

ေရာဂါေ၀ဒနာျဖစ္လာတဲ့အခါ ကိုယ္ခံစားေနရတာကို အာရံုျပဳရင္း ကိုယ္ခ်င္းစာစိတ္ေမြးျပီး“ငါခံစားေနရသလို သူလည္းမခံစားေနရပါေစနဲ႔”လို႔ ေမတၱာပြားတဲ့နည္းကလည္း တစ္မ်ိဳးစိတ္၀င္စားစရာပါ။

ဘာျဖစ္လုိ႔လဲဆိုေတာ့ လက္ေတြ႔ အသံုးခ်ၾကည့္လို႔ ရလို႔ပါ။ ေရာဂါေ၀ဒနာ ၾကီးၾကီးမွတင္မဟုတ္ပါဘူး။

ဥပမာ-ေခါင္းကိုက္ေနရင္လည္း“ငါေခါင္းကိုက္ေ၀ဒနာခံစားေနရသလို သူလည္းမခံစားရပါေစနဲ႔”လို႔ ေမတၱာပြားလို႔ ရပါတယ္။

လူတစ္ေယာက္ရဲ႕ ဘ၀မွာ ကုသိုလ္စိတ္ အစဥ္သျဖင့္ ျဖစ္ေနဖို႔ သိပ္အေရးၾကီးတာဆိုေတာ့ကုိယ့္ရင္ထဲမွာ ေမတၱာစိတ္ျဖစ္ေနရင္လည္း ကုသိုလ္စိတ္ ျဖစ္ေနတာပါ။

အဲဒီစိတ္ကေလးနဲ႔ ျဖတ္ကနဲေသသြားရင္ေတာင္ ေကာင္းတဲ့ဂတိတစ္ခုခုေတာ့ ေရာက္သြားမွာ အေသအခ်ာပါပဲ။

ေ၀ဒနာျဖစ္လာျပီဆိုရင္ ကိုယ့္မွာ တရားဗဟုသုတေလးေတြရွိေနမွ အဲဒီတရားဗဟုသုတေလးေတြနဲ႔ ေနေနမွ အဆင္ေျပတာပါ။

အဲဒီလိုမွမဟုတ္ဘဲ ျဖစ္ေပၚေနတဲ့ ေ၀ဒနာကို သည္းမခံႏုိင္ဘဲ၊ေအာ္ဟစ္ၿငီးတြားေနမယ္ဆုိရင္ ပိုလို႔ပဲ စိတ္ဆင္းရဲ ကိုယ္ဆင္းရဲျဖစ္ရမွာပါ။

အေကာင္းဆံုးကေတာ့ ေ၀ဒနာျဖစ္လာျပီဆိုရင္ တရားေလးနဲ႔ေနတာကေတာ့ အေကာင္းဆံုးပါပဲ။

ဂုဏ္ေတာ္ပဲပြားပြား ၊ ေမတၱာပဲပြားပြား၊ ၀ိပႆနာပဲပြားပြား တစ္ခုခုကို ပြားေနဖို႔ပါ။

ဒါမွမဟုတ္ ဂုဏ္ေတာ္ တစ္လွည့္ပြားလိုက္၊ ေမတၱာတစ္လွည့္ပြားလိုက္၊ ၀ိပႆနာတစ္လွည့္ပြားလိုက္တစ္လွည့္စီပြားေနလို႔လည္း ရပါတယ္။

ေရွ႕က အာဂႏၲဳဆရာေတာ္ဘုရားေျပာသလို ေ၀ဒနာျဖစ္လာတာ ကိုယ့္အတြက္ လာဘ္ၾကီးလာတုိက္တာပါ။

ေ၀ဒနာျဖစ္လာေတာ့ ဘာအလုပ္မွ လုပ္စရာမလိုေတာ့ဘဲ ၊အခ်ိန္ေတြ အျပည့္ရေနတာပါ။ လူတစ္ေယာက္ရဲ႕ ဘ၀မွာ အဲဒီလို အခ်ိန္ျပည့္ရဖို႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ့ကိစၥပါ။

ဒီေတာ့ ကိုယ္က “ဒါဟာ ငါ့အတြက္ မဟာအခြင့္အေရးၾကီးပဲ”ဆိုျပီး တရားကို ဖိအားထုတ္ပစ္ဖုိ႔ပါ။

ေရာဂါျဖစ္ေနတုန္း တရားအားထုတ္တာဟာ တစ္ဖက္က ဘုရားေဆးနဲ႔ ကုေပးေနတာပါ။ ေလာကီ ေဆးသက္သက္တင္မဟုတ္ဘဲ ၊ေလာကုတၱရာေဆးပါေပါင္းကုလိုက္ေတာ့ ေရာဂါအတြက္ တစ္ခုခုေတာ့ အေထာက္အကူျပဳသြားမွာပါ။

လူတိုင္းမဟုတ္ေပမယ့္ တခ်ိဳ႕ ကုလို႔မရေတာ့တဲ႔ ေရာဂါေတြ ၊၀ိပႆနာတရားအားထုတ္ရင္း ေပ်ာက္သြားတဲ့သာဓကေတြ ကိုယ္ေတြ႕ျဖစ္ရပ္ေတြကို စာေတြထဲမွာ ျပန္ေရးျပထားတာေတြ ဖတ္ၾကရဖူး မွာပါ။

တစ္သက္လံုး နာလာခဲ့တဲ့ဒူး တရားအားထုတ္လိုက္မွ ေပ်ာက္သြားတာ၊ ဗိုက္ထဲကအလံုး တရားအားထုတ္ရင္းေပ်ာက္သြားတာ စသည္ျဖင့္ အမ်ားၾကီးပါပဲ။

တခ်ိဳ႕ ေရာဂါေ၀ဒနာေတြဟာ စိတ္ဆင္းရဲမႈေၾကာင့္ ေရာဂါပိုဆိုးသြားရေတာေတြ အမ်ားၾကီးရွိ ပါတယ္။

ဒါက အားလံုးသိပါတယ္။ ေရာဂါျဖစ္ေနခ်ိန္မွာ စိတ္ခ်မ္းသာေနဖို႔ သိပ္အေရးၾကီးပါတယ္။

စိတ္ခ်မ္းသာဖို႔အတြက္ ၀ိပႆနာတရားက သိပ္အဓိက က်တာပါ။

စိတ္ဆင္းရဲတယ္ဆုိတာ ရင္ထဲမွာ အကုသိုလ္ကိေလသာတစ္ခုခု ၀င္ေနလို႔ပါ။ ၀ိပႆနာတရားမွတ္ ေနရင္ အကုသိုလ္ ကိေလသာေတြ တဒဂၤ ျငိမ္းေနတာပါ။

ရင္ထဲမွာအကုသိုလ္ကိေလသာ ျငိမ္းေနရင္ စိတ္ခ်မ္းသာေနရတာပါ။

ဒါေၾကာင့္ ေရာဂါေ၀ဒနာ ျဖစ္လာရင္ စိတ္မဆင္းရဲဖို႔နဲ႔ ၀ိပႆနာတရားေလးကုိ အေထာက္အကူ အျဖစ္ ယူထားသင့္ပါတယ္။ခႏၶာရွိေနတဲ့အတြက္ ေ၀ဒနာကလည္း ရွိေနမွာပါ။ ခႏၶာမရွိမွသာ ဒီေ၀ဒနာက မရွိေတာ့မွာပါ။ခႏၶာမရွိဖို႔အတြက္လည္း ဒီခႏၶာၾကီးကိုပဲ ျပန္အားကိုးရမွာပါ။ျပန္အသံုးခ်ရမွာပါ။

ဘာပဲေျပာေျပာ လူ႔ဘ၀ေနရတာကကို သိပ္ျပီး ကံေကာင္းေနတာပါ။

ဘာျဖစ္လုိ႔လဲဆိုေတာ့ လူ႔ျပည္မွာ စိတ္ၾကိဳက္ကုသိုလ္ေတြ ျပဳခြင့္ရေနလို႔ပါ။

ဒါနပဲျပဳျပဳ သီလပဲေဆာက္တည္ေဆာက္တည္၊ ပရဟိတပဲလုပ္လုပ္၊ သမထပဲပြားပြား၊ ၀ိပႆနာပဲပြားပြားကုိယ္ၾကိဳက္ရာကို ၾကိဳက္သလို ျပဳခြင့္ရေနလုိ႔ပါ။

အခ်စ္ေၾကာင့္ ေသာကေရာက္လို႔ပဲ အားထုတ္အားထုတ္၊ ပါရမီျဖစ္ ကုသိုလ္ျဖစ္ပဲ အားထုတ္ အားထုတ္၊

စိတ္ခ်မ္းသာဖို႔ သက္သက္အတြက္ပဲ အားထုတ္အားထုတ္၊ စိတ္ဆင္းရဲမႈေတြ ေပ်ာက္ဖို႔ အတြက္ပဲ အားထုတ္အားထုတ္၊ ဘယ္လိုအေၾကာင္းေၾကာင့္ပဲ အားထုတ္အားထုတ္၊

၀ိပႆနာတရားကို အားထုတ္ျဖစ္ေနတာကကို လူ႔ဘ၀ရခုိက္မွာ အဓိပၸါယ္ရွိတဲ့ အလုပ္တစ္ခုကို လုပ္ေနတာပါပဲ။

“အခ်စ္မရွိတဲ့ တစ္ေန႔ေသာအခါ” ျဖစ္ေအာင္ကိုယ္စီၾကိဳးစားရမွာပါ။

ဘယ္ေတာ့ေရာက္ျဖစ္ ၾကမယ္ေတာ့ မသိပါဘူး။ သံသရာအဆက္ဆက္ ခ်စ္ခဲ့ရတဲ့အခ်စ္ေတြကလည္းမနည္းေတာ့ပါဘူးေလ။

ဘာပဲေျပာေျပာ “အခ်စ္မရွိတဲ့ တစ္ေန႔ေသာအခါ”ျဖစ္ဖုိ႔အတြက္၀ိပႆနာတရားမွတစ္ပါး အျခားမရွိတာေတာ့ အမွန္ပါပဲေလ။

ဆရာေတာ္အရွင္ရာဇိႏၵ (ရေဝႏြယ္ – အင္းမ)