နှလုံးသားကိုထွေးပွေ့ထားပါ
” မိန်းမသား “တဲ့စကားလုံးကသုံးလုံးတည်းပါ။
ဒါပေမယ့်အမှီအခိုမယူပဲ,ကိုယ့်ဘဝကိုပဲ့ကိုင်ထိန်းကျောင်းဦးဆောင်နိုင်ပါမှ
အရည်အချင်းရှိတဲ့မိန်းမလို့ခေါ်ထိုက်တာပါ။
အရည်အချင်းရှိတဲ့မိန်းမဆိုတာကောင်းမြတ်တဲ့စိတ်ထားရှိရမယ်။
ထက်မြတ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိရမယ်။
အပြစ်ကင်းတဲ့မာနရှိရမယ်။မြင့်မြတ်တဲ့စိတ်နှလုံးရှိရမယ်။
ကိုယ့်ဘဝကိုရပ်တည်နေနိုင်ရမယ်။အရာရာကိုဦးစီးဦးဆောင်နိုင်ရမယ်။
တကယ်အရည်အချင်းရှိတဲ့မိန်းမတွေက”မဖြစ်နိုင်တာဘာမှမရှိဘူး”
( nothing is impossible )ဆိုတဲ့စကားတစ်ခွန်းကိုနှလုံးသားထဲမှာအမြဲသိမ်းဆည်းထားတတ်ကြတယ်။
အဲဒီမိန်းမတွေဟာကိုယ့်ကိုယ်ကိုပဲ့ကိုင်ထိန်းကျောင်းနိုင်တယ်။
နာကျင်စရာတွေရှိရင်လည်း မျက်ရည်တွေကိုရင်ထဲမှာ
တိတ်တဆိတိသိမ်းထားတတ်ကြတယ်။
အခက်အခဲအတားအဆီး,ထိုးနှက်မူတွေကို
ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်တဲ့မာကျောတဲ့စိတ်ဓာတ်တွေမွေးမြူထားကြတယ်။
နောက်ဆုံးဘယ်လာက်ပဲဝမ်းနည်းနာကျင်စရာတွေ ကြုံလာလာ
ဘယ်သူ့နှစ်သိမ့်မူကိုမှမခံယူတတ်ပဲကိုယ့်နှလုံးသားကို
ကိုယ်ကိုယ်တိုင်ပဲထွေးပွေ့ထားတတ်ကြပါတယ်။
Nan Khin May Win
Nan Khin May Win