နှာခေါင်းစည်းမတပ်ရင် အရေးယူတော့မယ်တဲ့

ဒီနေ့ စာရေးချင်တာလေးပေါ်လာလို့ပါ . . . ဒီနေ့ကစပြီး မန္တလေးမှာ Mask မတပ်ရင် ပညာပေးကာလ ဒဏ်ရိုက်တဲ့ သဘောအနေနဲ့ Mask တစ်ခုကို ၁၀၀၀ နဲ့ ဝယ်တပ်ရမယ် . . . ၁၅ ရက်နေ့နောက်ပိုင်း Mask မတပ်ပဲ အပြင်ထွက်ရင်တော့ ဒဏ်ရိုက်တဲ့အနေနဲ့ Mask နှစ်ခုကို ၅၀၀၀ နဲ့ ဝယ်ရမယ်လို့ ရပ်ကွက်ထဲမှာ အော်နေတာလေး ကြားလိုက်တယ် ။

စည်းကမ်းတွေ ထုတ်လာတာတော့ အရမ်းကောင်းပါတယ် ။ ဒါပေမယ့် ဘယ်သူတွေက စစ်ဆေးပြီး ဘယ်သူတွေက ဒဏ်ရိုက်မှာလဲ . . . ခုချိန်ထိ လမ်းပေါ်မှာ Mask မပါပဲ သွားနေတာတွေ အများကြီးတွေ့နေရတယ် . . .ဟော . . .ခုရေးနေရင်းကို ဟိုမှာ သုံးယောက် Mask က တပ်မလာဘူး . . .အိမ်ရှေ့က ဖြတ်သွားပြီ . . . ။ စည်းကမ်းချက်တွေ ဘယ်လောက်ထုတ်ထုတ် စစ်ဆေးမယ့်သူ အရေးယူမယ့်သူ မရှိရင် စည်းကမ်းလိုက်နာသူ နည်းနေဦးမှာပဲ . . .

စည်းကမ်းချက်ဆိုလို့ ဟိုတလောက ကြုံတဲ့ အဖြစ်အပျက်လေးကို သတိရမိသွားတယ် . . . မန္တလေးမှာက မော်တော်ပီကယ်နေ့တိုင်းမစစ်ဘူးဗျ. . . ပိုက်ဆံလိုမှ စစ်ကြသလိုပဲ . . .စစ်ချင်တဲ့နေ့စစ် . . .စစ်ချင်တဲ့နေရာ စစ် . . .စစ်ချင်တဲ့ အချိန် စစ်တာဗျ. . . . အဲ့တုန်းက ကိုယ်တွေလည်း ကုသိုလ်တော်ဘုရားသွားမယ်ဆိုတော့ ပိုက်ဆံအိတ်ပြောင်းခဲ့တာ လမ်းရောက်မှ သတိရတယ် . . .ဟာ ယဉ်မောင်းလိုင်စင်မေ့ကျန်ခဲ့ပြီ ဘယ်လိုလုပ်မလဲ . . .ပြန်ယူကြမလားဆိုတော့ ကိုယ်နဲ့အတူပါလာတဲ့တစ်ယောက်က မယူပါနဲ့တော့ မော်တော်ပီကယ်ရှိမှာလဲ မဟုတ်ပါဘူး တဲ့ . . .ဒါနဲ့ မန်လေးတောင်ခြေရောက်တော့ တွေ့ပါလေရော မော်တော်ပီကယ်နဲ့ . . . ကိုယ်လည်း ကိုယ်စည်းကမ်းမလိုက်နာလို့ ဖမ်းသာ ဖမ်းပါစေပေါ့ . . . ညီလေး ဒဏ်ငွေ ၃ သောင်းကျတယ်တဲ့ . . .အစ်ကို ကျွန်တော်ပိုက်ဆံမပါဘူး ဘယ်လိုလုပ်ရမလဲဆိုတော့ . . . ညီလေး wave money နဲ့လွဲခိုင်းလိုက်တဲ့ (ကြုံတုန်းလေး ဟာသအနေနဲ့ပြန်ပြောပြတာပါ )

ခုလည်းပဲ စည်းကမ်းချက်တော့ ထုတ်လိုက်ပြီ ဘယ်သူတွေက စစ်ဆေးပြီး ဘယ်သူတွေကအရေးယူမှာလဲ . . .မော်တော်ပီကယ်တွေလိုတော့ စစ်ချင်တဲ့အချိန်မှစစ် အရေးယူချင်တဲ့အချိန်မှ ယူတော့မလုပ်ပါနဲ့ . . . ထိထိရောက်ရောက်လေးတော့လုပ်ပါ . . .ဖမ်းခံရတဲ့သူ Mask ဝယ်ဖို့ ပိုက်ဆံမပါဘူးဆို wave money နဲ့လွဲခိုင်းလို့ရတယ်နော်(အကြံပေးတာ . .. စတာပါ) . . .

ဖြစ်နိုင်ရင်တော့ . . . စည်းကမ်းထုတ်ပြီး သေချာလေး စည်းကမ်းလိုက်နာအောင် စစ်ဆေးအရေးယူတာတွေ လုပ်စေချင်ပါတယ်ဗျာ

ကျေးဇူးအထူးတင်ပါတယ် . . .

Nay Lin






ကျေးဇူးအထူးတင်ပါတယ် . . .

Nay Lin