သင့္ကိုယ္သင္နဲ႕သင့္မိသားစုကိုတကယ္ခ်စ္တယ္ဆိုရင္ ေဆးလိပ္ျဖတ္ပါ

ေဆးလိပ္ေသာက္တာဟာ သင့္အတြက္ဆိုးက်ိဳးေတြကိုပဲျဖစ္ေစတဲ့ အမူအက်င့္တစ္ခုပါ။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ကင္ဆာေရာဂါနဲ႕ နွလံုးေရာဂါကိုျဖစ္ေစျပီး အရြယ္မတိုင္ခင္ေသဆံုးမႈကိုျဖစ္ေစပါတယ္။ ေဆးလိပ္ကိုအခ်ိန္ၾကာၾကာစြဲေသာက္လာတဲ့အခါ ျဖတ္ဖို႕ခက္လာျပီး ေခါင္းကိုက္ျခင္းနဲ႕ တျခားစိတ္ပိုင္းဆိုင္ရာအဆင္မေျပမႈေတြကို ျဖစ္ေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ေကာင္းက်ိဳးရယ္လို႕ တစ္ခုမွမရွိဘဲ ကိုယ္ကိုယ္တိုင္အတြက္တင္မက ကိုယ့္မိသားစုအတြက္ပါ ဆိုးက်ိုးေတြခ်ည္းျဖစ္ေစတာပါ။ ဒါေၾကာင့္ ကိုယ့္မိသားစုနဲ႕ကိုယ့္ကိုယ္ကိုခ်စ္တယ္ဆိုရင္ ေဆးလိပ္ျဖတ္ဖို႕တိုက္တြန္းခ်င္ပါတယ္။ ေဆးလိပ္ျဖတ္လိုက္တဲ့အခါ ဒီလိုအက်ိဳးေက်းဇူးေတြရလာပါလိ္မ့္မယ္။

ေသြးလွည့္ပတ္မႈေကာင္းလာမယ္

ေဆးလိပ္မေသာက္တဲ့ တစ္ပတ္ကေန နွစ္ပတ္အၾကာမွာ အရင္ကထက္ ေသြးလွည့္ပတ္မႈပိုေကာင္းလာျပီး ေနရထိုင္ရတာ ပိုျပီး ေပါ့ပါးသြက္လက္လာပါလိမ့္မယ္။

freepik

ကိုယ္ခံအားေကာင္းလာမယ္

ေဆးလိပ္မေသာက္ဘဲေနလိုက္တဲ့အခါ ခႏၶာကိုယ္ထဲကို ေအာက္စီဂ်င္ေရာက္ရွိမႈပိုမ်ားလာတာေၾကာင့္ စြမ္းအင္ျပည့္ဝသလိုခံစားရျပီး ကိုယ္ခံအားေကာင္းလာပါလိမ့္မယ္။ အေအးမိတာ၊ ဖ်ားနာတာေတြ အလြယ္တကူမျဖစ္ေတာ့ပါဘူး။

သြားနဲ႕ခံတြင္းကိုသန္႕ရွင္းေစတယ္

ေဆးလိပ္ေသာက္တဲ့အခါ သြားေတြကို ဝါက်င္ေစျပီး ခံတြင္းနံ႕ကိုဆိုးေစပါတယ္။ေဆးလိပ္မေသာက္ဘဲေနလိုက္တဲ့အခါ သြားနဲ႕ခံတြင္းကိုလည္း သန္႕ရွင္းေစျပီး အနံ႕အသက္ဆိုးေတြကင္းေဝးေစပါတယ္။

ကင္ဆာေရာဂါနဲ႕နွလံုးေရာဂါျဖစ္နိုင္ေခ်ကိုေလွ်ာ့ခ်ေပးတယ္

ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အဆုတ္ကင္ဆာ၊ အစာေရျမိဳျပြန္ကင္ဆာ၊ ေက်ာက္ကပ္ကင္ဆာ၊ ဆီးအိတ္ကင္ဆာ၊ ပန္ကရိယကင္ဆာ စတဲ့ကင္ဆာေရာဂါေတြနဲ႕ နွလံုးေသြးေၾကာနဲ႕ပတ္သက္တဲ့ေရာဂါကို ျဖစ္ေစပါတယ္။ ေဆးလိပ္ျဖတ္လိုက္တဲ့အခါ အဲ့ဒီေရာဂါေတြ ျဖစ္နိုင္ေခ်ေလ်ာ့နည္းသြားျပီး က်န္းမာေရးပိုတိုးတက္လာေစပါတယ္။

freepik

စိတ္က်ေရာဂါျဖစ္နိုင္ေခ်ကိုေလွ်ာ့ခ်ေပးတယ္

ေဆးလိပ္ေသာက္ျခင္းက ရုပ္ပိုင္းဆိုင္ရာက်န္းမာေရးတင္မက စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။ ေဆးလိပ္စြဲေသာက္ျခင္းက စိတ္က်ေရာဂါကိုပိုျဖစ္ေစနိုင္ျပီး ေဆးလိပ္ျဖတ္လိုက္တဲ့အခါ စိတ္က်ေရာဂါျဖစ္နိုင္ေခ်ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

ေငြအပိုထြက္လာေစတယ္

ေဆးလိပ္မေသာက္ဘဲေနလိုက္တဲ့အခါ ေဆးလိပ္ဝယ္မယ့္ပိုက္ဆံေတြက ေငြအပိုအျဖစ္ထြက္လာတာေၾကာင့္ တျခားလိုအပ္တဲ့ေနရာေတြမွာ သံုးလို႕ရသြားပါတယ္။

ေဆးလိပ္ျဖတ္လိုက္တဲ့အခါ ရုပ္ပိုင္းဆိုင္ရာေရာ၊စိတ္ပိုင္းဆိုင္ရာပါ ေကာင္းက်ိဳးေတြအမ်ားၾကီးျဖစ္ေစတာေၾကာင့္ သင့္အေနနဲ႕ သင့္ကိုယ္သင္နဲ႕ သင့္မိသားစုကိုခ်စ္တယ္ဆိုရင္ ေဆးလိပ္ျဖတ္ဖို႕ တိုက္တြန္းခ်င္ပါတယ္။

written by PP

ဆေးလိပ်သောက်တာဟာ သင့်အတွက်ဆိုးကျိုးတွေကိုပဲဖြစ်စေတဲ့ အမူအကျင့်တစ်ခုပါ။ ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါနဲ့ နှလုံးရောဂါကိုဖြစ်စေပြီး အရွယ်မတိုင်ခင်သေဆုံးမှုကိုဖြစ်စေပါတယ်။ ဆေးလိပ်ကိုအချိန်ကြာကြာစွဲသောက်လာတဲ့အခါ ဖြတ်ဖို့ခက်လာပြီး ခေါင်းကိုက်ခြင်းနဲ့ တခြားစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကို ဖြစ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ကောင်းကျိုးရယ်လို့ တစ်ခုမှမရှိဘဲ ကိုယ်ကိုယ်တိုင်အတွက်တင်မက ကိုယ့်မိသားစုအတွက်ပါ ဆိုးကျိုးတွေချည်းဖြစ်စေတာပါ။ ဒါကြောင့် ကိုယ့်မိသားစုနဲ့ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့တိုက်တွန်းချင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဒီလိုအကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။

သွေးလှည့်ပတ်မှုကောင်းလာမယ်

ဆေးလိပ်မသောက်တဲ့ တစ်ပတ်ကနေ နှစ်ပတ်အကြာမှာ အရင်ကထက် သွေးလှည့်ပတ်မှုပိုကောင်းလာပြီး နေရထိုင်ရတာ ပိုပြီး ပေါ့ပါးသွက်လက်လာပါလိမ့်မယ်။

ကိုယ်ခံအားကောင်းလာမယ်

ဆေးလိပ်မသောက်ဘဲနေလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲကို အောက်စီဂျင်ရောက်ရှိမှုပိုများလာတာကြောင့် စွမ်းအင်ပြည့်ဝသလိုခံစားရပြီး ကိုယ်ခံအားကောင်းလာပါလိမ့်မယ်။ အအေးမိတာ၊ ဖျားနာတာတွေ အလွယ်တကူမဖြစ်တော့ပါဘူး။

သွားနဲ့ခံတွင်းကိုသန့်ရှင်းစေတယ်

ဆေးလိပ်သောက်တဲ့အခါ သွားတွေကို ဝါကျင်စေပြီး ခံတွင်းနံ့ကိုဆိုးစေပါတယ်။ဆေးလိပ်မသောက်ဘဲနေလိုက်တဲ့အခါ သွားနဲ့ခံတွင်းကိုလည်း သန့်ရှင်းစေပြီး အနံ့အသက်ဆိုးတွေကင်းဝေးစေပါတယ်။

ကင်ဆာရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးတယ်

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ အစာရေမြိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ စတဲ့ကင်ဆာရောဂါတွေနဲ့ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါကို ဖြစ်စေပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ အဲ့ဒီရောဂါတွေ ဖြစ်နိုင်ချေလျော့နည်းသွားပြီး ကျန်းမာရေးပိုတိုးတက်လာစေပါတယ်။

စိတ်ကျရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးတယ်

ဆေးလိပ်သောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတင်မက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဆေးလိပ်စွဲသောက်ခြင်းက စိတ်ကျရောဂါကိုပိုဖြစ်စေနိုင်ပြီး ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စိတ်ကျရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

ငွေအပိုထွက်လာစေတယ်

ဆေးလိပ်မသောက်ဘဲနေလိုက်တဲ့အခါ ဆေးလိပ်ဝယ်မယ့်ပိုက်ဆံတွေက ငွေအပိုအဖြစ်ထွက်လာတာကြောင့် တခြားလိုအပ်တဲ့နေရာတွေမှာ သုံးလို့ရသွားပါတယ်။

ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော၊စိတ်ပိုင်းဆိုင်ရာပါ ကောင်းကျိုးတွေအများကြီးဖြစ်စေတာကြောင့် သင့်အနေနဲ့ သင့်ကိုယ်သင်နဲ့ သင့်မိသားစုကိုချစ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။

written by PP