ကပ္ေရာဂါေၾကာင့္အိမ္တြင္းေအာင္းေနရခ်ိန္မွာ ကိုယ့္အတြက္အက်ိဳးရွိေအာင္ ဒါေတြလုပ္ပါ

အလုပ္ေတြနဲ႕ပံုမွန္လည္ပတ္ေနတုန္းက အလုပ္ေတြနားျပီး အိမ္မွာတစ္ဝၾကီးေနခ်င္တယ္လို႕ ေတြးဖူးေပမယ့္ ကပ္ေရာဂါေၾကာင့္ အလုပ္ေတြနားထားျပီး အိမ္မွာေနရတဲ့အခါမွာေတာ့ တျဖည္းျဖည္းနဲ႕ျငီးေငြ႕လာပါတယ္။ အိမ္မွာသက္ေတာင့္သက္သာေနေနရတာ အဓိပၸါယ္မရွိသလိုျဖစ္လာျပီး ဒီအတိုင္းၾကာလာရင္ စိတ္ဓာတ္က်လာနိုင္ပါတယ္။ ဒါေၾကာင့္ အိမ္မွာေနၾကတဲ့ Stay home ကာလေတြမွာ အဓိပၸါယ္မဲ့မျဖစ္ရေအာင္ ဒါေလးေတြ လုပ္ၾကည့္ပါ။

စာအုပ္၊ရုပ္ရွင္ စာရင္းျပုစုပါ

အိမ္မွာေနရင္း အခ်ိန္ရတုန္းမွာ စာအုပ္မ်ားမ်ားဖတ္၊ ရုပ္ရွင္ေတြမ်ားမ်ားၾကည့္ပါ။ ျပီးရင္ ဖတ္လိုက္တဲ့စာအုပ္၊ ၾကည့္လိုက္တဲ့ရုပ္ရွင္ေတြကို စာရင္းျပုစုျပီး မွတ္ခ်က္ေတြထုတ္ေရးၾကည့္ပါ။ ဒီလိုလုပ္တာက သင့္ကို စဉ္းစားေတြးေခၚမႈအပိုင္းမွာ တိုးတက္လာေစပါလိမ့္မယ္။

freepik

အိမ္တြင္းအျပင္အဆင္ေျပာင္းလဲပါ

အိမ္မွာဒီအတိုင္းထိုင္ျပီး အခ်ိန္ကုန္ေနမယ့္အစား အိမ္သန္႕ရွင္းေရးလုပ္ပါ။ အိမ္တြင္းအျပင္အဆင္ကို ေျပာင္းလဲၾကည့္ပါ။ မလိုအပ္ေတာ့တဲ့ ပစၥည္းအေဟာင္းေတြ၊ အသံုးမဝင္ေတာ့တဲ့အရာေတြကို ပစ္သင့္တာပစ္ျပီး အျမဲတမ္းရိုးအီေနတဲ့ အထားအသိုပံုစံကို ေျပာင္းလဲၾကည့္လိုက္ပါ။ အျမင္တစ္မ်ိဳးေျပာင္းသြားျပီး စိတ္ုအေျပာင္းအလဲေလးျဖစ္သြားပါလိမ့္မယ္။

ဘာသာစကားအသစ္ေလ့လာပါ

ဘာသာစကားအသစ္ေတြေလ့လာခ်င္ေပမယ့္ အခ်ိန္မရဘူးဆိုတဲ့သူေတြအတြက္ အခုအခ်ိန္က အေကာင္းဆံုးပါ။ အခုလို အိမ္ထဲမွာ ေနရတဲ့အခ်ိန္မွာ ကိုယ့္ရဲ႕အရည္အခ်င္းေတြ တစ္နည္းနည္းနဲ႕တိုးတက္ေအာင္ လုပ္ရမွာပါ။ ဒီအခ်ိန္က ဘာသာစကားအသစ္ေတြ ေလ့လာဖို႕အေကာင္းဆံုးမို႕ ကိုယ္စိတ္ဝင္စားတဲ့ ဘာသာစကားနဲ႕ပတ္သက္တဲ့ website ေတြ၊ channel ေတြကို ဝင္ၾကည့္ပါ၊ ေလ့လာပါ။

ဝါသနာနဲ႕အသက္ေမြးနိုင္မယ့္နည္းလမ္းရွာပါ

လူတိုင္းက ကိုယ္ဝါသနာပါရာနဲ႕ အသက္ေမြးခ်င္ၾကတာပါပဲ။ ဒါေပမယ့္ ဝါသနာနဲ႕အသက္ေမြးနိုင္တဲ့အခြင့္အေရးဆိုတာ ရဖို႕ခဲယဉ္းပါတယ္။ ဒါေၾကာင့္ ဒီလိုအခ်ိန္မွာ ကိုယ္ဝါသနာပါတာေတြကိုလုပ္ရင္း ဝါသနာကို စီးပြားေရးအျဖစ္ေျပာင္းလဲနိုင္မယ့္နည္းလမ္းကို ရွာေဖြပါ။ ဟင္းခ်က္ဝါသနာပါသူေတြက ဟင္းခ်က္နည္းအမ်ိဳးမ်ိဳးကိုေလ့လာျပီး ေရာင္းၾကည့္တာမ်ိဳး၊ အခ်ုပ္အလုပ္ဝါသနာပါသူေတြက အက်ႌေလးေတြ၊ အိတ္ေလးေတြခ်ုပ္ျပီး ေရာင္းတာမ်ိဳး အဲ့လိုေလးေတြ စလုပ္ၾကည့္ပါ။

freepik

ကိုယ့္ရဲ႕စြမ္းရည္အသစ္ေတြေဖာ္ထုတ္ၾကည့္ပါ

လူတစ္ေယာက္က လုပ္နိုင္တာေတြအမ်ားၾကီးရွိတာကို ကိုယ့္ကိုယ္ကိုမသိတာမ်ိဳးျဖစ္တတ္ပါတယ္။ တခ်ိဳ႕ခက္ခဲတဲ့အရာေတြကို ငါမလုပ္နိုင္ေလာက္ဘူးလို႕ထင္ေနေပမယ့္ တကယ္တမ္းအေရးၾကံုလာတဲ့အခါမ်ိဳးမွာ လုပ္နိုင္သြားတာမ်ိုးေပါ့။ အဲ့ဒီလိုမ်ိဳး တိမ္ျမွဳပ္ေနတဲ့ ကိုယ့္ရဲ႕အရည္အခ်င္းေတြ၊ စြမ္းရည္အသစ္ေတြကို ေဖာ္ထုတ္ၾကည့္ပါ။ ကိုယ္လုပ္နိုင္တာဘယ္ေလာက္ရွိလဲဆိုတာ ကိုယ့္ကိုယ္ကို စမ္းသပ္လိုက္ပါ။

written by PP

အလုပ်တွေနဲ့ပုံမှန်လည်ပတ်နေတုန်းက အလုပ်တွေနားပြီး အိမ်မှာတစ်ဝကြီးနေချင်တယ်လို့ တွေးဖူးပေမယ့် ကပ်ရောဂါကြောင့် အလုပ်တွေနားထားပြီး အိမ်မှာနေရတဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့ငြီးငွေ့လာပါတယ်။ အိမ်မှာသက်တောင့်သက်သာနေနေရတာ အဓိပ္ပါယ်မရှိသလိုဖြစ်လာပြီး ဒီအတိုင်းကြာလာရင် စိတ်ဓာတ်ကျလာနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာနေကြတဲ့ Stay home ကာလတွေမှာ အဓိပ္ပါယ်မဲ့မဖြစ်ရအောင် ဒါလေးတွေ လုပ်ကြည့်ပါ။

စာအုပ်၊ရုပ်ရှင် စာရင်းပြုစုပါ

အိမ်မှာနေရင်း အချိန်ရတုန်းမှာ စာအုပ်များများဖတ်၊ ရုပ်ရှင်တွေများများကြည့်ပါ။ ပြီးရင် ဖတ်လိုက်တဲ့စာအုပ်၊ ကြည့်လိုက်တဲ့ရုပ်ရှင်တွေကို စာရင်းပြုစုပြီး မှတ်ချက်တွေထုတ်ရေးကြည့်ပါ။ ဒီလိုလုပ်တာက သင့်ကို စဉ်းစားတွေးခေါ်မှုအပိုင်းမှာ တိုးတက်လာစေပါလိမ့်မယ်။

အိမ်တွင်းအပြင်အဆင်ပြောင်းလဲပါ

အိမ်မှာဒီအတိုင်းထိုင်ပြီး အချိန်ကုန်နေမယ့်အစား အိမ်သန့်ရှင်းရေးလုပ်ပါ။ အိမ်တွင်းအပြင်အဆင်ကို ပြောင်းလဲကြည့်ပါ။ မလိုအပ်တော့တဲ့ ပစ္စည်းအဟောင်းတွေ၊ အသုံးမဝင်တော့တဲ့အရာတွေကို ပစ်သင့်တာပစ်ပြီး အမြဲတမ်းရိုးအီနေတဲ့ အထားအသိုပုံစံကို ပြောင်းလဲကြည့်လိုက်ပါ။ အမြင်တစ်မျိုးပြောင်းသွားပြီး စိတ်ုအပြောင်းအလဲလေးဖြစ်သွားပါလိမ့်မယ်။

ဘာသာစကားအသစ်လေ့လာပါ

ဘာသာစကားအသစ်တွေလေ့လာချင်ပေမယ့် အချိန်မရဘူးဆိုတဲ့သူတွေအတွက် အခုအချိန်က အကောင်းဆုံးပါ။ အခုလို အိမ်ထဲမှာ နေရတဲ့အချိန်မှာ ကိုယ့်ရဲ့အရည်အချင်းတွေ တစ်နည်းနည်းနဲ့တိုးတက်အောင် လုပ်ရမှာပါ။ ဒီအချိန်က ဘာသာစကားအသစ်တွေ လေ့လာဖို့အကောင်းဆုံးမို့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားနဲ့ပတ်သက်တဲ့ website တွေ၊ channel တွေကို ဝင်ကြည့်ပါ၊ လေ့လာပါ။

ဝါသနာနဲ့အသက်မွေးနိုင်မယ့်နည်းလမ်းရှာပါ

လူတိုင်းက ကိုယ်ဝါသနာပါရာနဲ့ အသက်မွေးချင်ကြတာပါပဲ။ ဒါပေမယ့် ဝါသနာနဲ့အသက်မွေးနိုင်တဲ့အခွင့်အရေးဆိုတာ ရဖို့ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်ဝါသနာပါတာတွေကိုလုပ်ရင်း ဝါသနာကို စီးပွားရေးအဖြစ်ပြောင်းလဲနိုင်မယ့်နည်းလမ်းကို ရှာဖွေပါ။ ဟင်းချက်ဝါသနာပါသူတွေက ဟင်းချက်နည်းအမျိုးမျိုးကိုလေ့လာပြီး ရောင်းကြည့်တာမျိုး၊ အချုပ်အလုပ်ဝါသနာပါသူတွေက အင်္ကျီလေးတွေ၊ အိတ်လေးတွေချုပ်ပြီး ရောင်းတာမျိုး အဲ့လိုလေးတွေ စလုပ်ကြည့်ပါ။

ကိုယ့်ရဲ့စွမ်းရည်အသစ်တွေဖော်ထုတ်ကြည့်ပါ

လူတစ်ယောက်က လုပ်နိုင်တာတွေအများကြီးရှိတာကို ကိုယ့်ကိုယ်ကိုမသိတာမျိုးဖြစ်တတ်ပါတယ်။ တချို့ခက်ခဲတဲ့အရာတွေကို ငါမလုပ်နိုင်လောက်ဘူးလို့ထင်နေပေမယ့် တကယ်တမ်းအရေးကြုံလာတဲ့အခါမျိုးမှာ လုပ်နိုင်သွားတာမျိုးပေါ့။ အဲ့ဒီလိုမျိုး တိမ်မြှုပ်နေတဲ့ ကိုယ့်ရဲ့အရည်အချင်းတွေ၊ စွမ်းရည်အသစ်တွေကို ဖော်ထုတ်ကြည့်ပါ။ ကိုယ်လုပ်နိုင်တာဘယ်လောက်ရှိလဲဆိုတာ ကိုယ့်ကိုယ်ကို စမ်းသပ်လိုက်ပါ။

written by PP