Single Mother တို့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ချီးကျူးဖွယ်ရာ အရည်အချင်းများ

ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာဟာ အတော်လေးမလွယ်တဲ့အလုပ်ပါ။ ပင်ပန်းလွန်းလို့၊ မလုပ်ချင်တော့လို့ဆိုပြီး ရပ်ပစ်လို့ရတဲ့အလုပ်မျိုးလည်းမဟုတ်ပါဘူး။ မမွေးခင်ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက အရိပ်တကြည့်ကြည့်ဂရုစိုက်ရတာ မွေးပြီးတဲ့အချိန်၊ လမ်းစလျှောက်တဲ့အချိန်၊ ပညာသင်တဲ့အချိန်ကနေ အသက်ကြီးလာတဲ့အချိန်ထိ တောက်လျှောက်ပါပဲ။ မိစုံဖစုံရှိတဲ့မိသားစုတွေတောင်မှ ကလေးပြုစုပျိုးထောင်ဖို့အတွက် အခက်အခဲတွေအများကြီးကိုရင်ဆိုင်ရပါတယ်။ မိဘတွေမစုံလင်တဲ့မိသားစုတွေ၊ Single mother တွေဆိုရင် ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ပိုပြီးခက်ခဲပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ Single mother အဖြစ်နဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ဆုံးဖြတ်တာဟာ လေးစားချီးကျူးဖွယ်ရာပါ။

Single mother တွေဟာ ….

ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေပိုကြုံရတယ်

freepik

Single mother တစ်ယောက်ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေနဲ့ ဝေဖန်မှုအမျိုးမျိုးကို ရင်ဆိုင်ရပါတယ်။ သားသမီးအတွက် တစ်ယောက်တည်းမားမားမတ်မတ်ရပ်တည်နေတဲ့ Single mother တွေကို ပတ်ဝန်းကျင်က ဖေးမမယ့်သူထက် ထိုးချမယ့်သူ၊ ဝေဖန်တဲ့သူ၊ ကဲ့ရဲ့တဲ့သူတွေက ပိုများပါတယ်။ အပြင်ပန်းမှာ သနားသလို၊ ကိုယ်ချင်းစာသလိုလုပ်တတ်ပေမယ့် နောက်ကွယ်မှာတော့ ကဲ့ရဲ့နေတာတွေကို ရင်ဆိုင်ရပါတယ်။

ငွေကြေးအခက်အခဲတွေလည်း ကြုံရတယ်

Single mother ဘဝကိုရောက်သွားပြီဆိုတာနဲ့ သေချာပေါက်ကြုံရတာကတော့ ငွေကြေးအခက်အခဲပဲဖြစ်ပါတယ်။ မိသားစုရပ်တည်ဖို့ ကိုယ်တတ်နိုင်သလောက်ငွေကိုကြိုးစားရှာရင်းက ကလေးကိုပြုစုပျိုးထောင်ရတာဟာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ နားလည်နိုင်တာမျိုးပါ။

ပင်ပန်းပေမယ့်နားလို့မရတာမျိုးလည်းရှိတယ်

ကိုယ်ကပင်ပန်းလွန်းလို့ နားလိုက်ချင်ပေမယ့် ကိုယ်နားလိုက်ရင် မိသားစုရဲ့စားဝတ်နေရေး၊ ကလေးအတွက်လိုအပ်ချက်တွေဖြည့်ဆည်းဖို့ ခက်ခဲကျပ်တည်းသွားမှာမို့ ပင်ပန်းပေမယ့် နားလို့မရတဲ့အခါမျိုးတွေလည်း ရှိတယ်။

အခက်အခဲအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျချင်ပေမယ့် ကျလို့မရဘူး

ငွေကြေးအခက်အခဲတွေ၊ ပတ်ဝန်းကျင်ရဲ့ဝေဖန်တဲ့စကားတွေနဲ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် စိတ်ဓာတ်ကျချင်ပေမယ့်လည်း ကိုယ့်ကလေးတွေအတွက် ကိုယ်ကမားမားမတ်မတ်ရပ်တည်ဖို့လိုအပ်တယ်။ ကိုယ်ပြိုလဲသွားရင် ကိုယ့်နောက်ကမိသားစုလည်း ပြိုလဲသွားလိမ့်မယ်။ ဒါကို ကောင်းကောင်းနားလည်ရပြီး Single mother မို့ စိတ်ဓာတ်ကျချင်ပေမယ့်လည်း ကျလို့မရဘူး။ မိသားစုအတွက် အားတင်းထားရတယ်။

ကလေးအတွက်စံပြဖြစ်အောင်နေရတယ်

ငွေရှာရလို့၊ အခက်အခဲတွေကို ဖြေရှင်းရလို့ဆိုပြီး စိတ်လွတ်လက်လွတ်နေလို့မရပါဘူး။ ကိုယ့်ကိုစောင့်ကြည့်ပြီး အတုခိုးမယ့် ကလေးတွေရှိနေတာကြောင့် ကိုယ့်ကိုယ်ကိုအမြဲတမ်း သတိနဲ့နေရတယ်။ ကလေးတွေအတုယူမှားမယ့်လုပ်ရပ်တွေ၊ အပြုအမူတွေ မလုပ်မိအောင် ဆင်ခြင်ရတယ်။ ကလေးတွေအတွက် စံပြဖြစ်အောင် နေရတယ်။

ဘာတွေပဲဖြစ်ဖြစ် အားတင်းထားရတယ်

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် Single mother တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ဘာတွေပဲကြုံကြုံ၊ အခက်အခဲတွေဘယ်လောက်ရှိရှိ ပြိုလဲသွားလို့မရပါဘူး။ ကိုယ့်ကလေးတွေအတွက် ကိုယ်ကလွဲရင်အားကိုးစရာ၊ မှီခိုစရာမရှိတာမို့ ကိုယ်ကအမြဲတမ်း ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်ရတယ်၊ ဘာတွေပဲဖြစ်ဖြစ် အားတင်းထားရပါတယ်။

written by PP

ကေလးတစ္ေယာက္ကိုျပုစုပ်ိဳးေထာင္္ရတာဟာ အေတာ္ေလးမလြယ္တဲ့အလုပ္ပါ။ ပင္ပန္းလြန္းလို႕၊ မလုပ္ခ်င္ေတာ့လို႕ဆိုျပီး ရပ္ပစ္လို႕ရတဲ့အလုပ္မ်ိဳးလည္းမဟုတ္ပါဘူး။ မေမြးခင္ကိုယ္ဝန္ေဆာင္ျပီဆိုကတည္းက အရိပ္တၾကည့္ၾကည့္ဂရုစိုက္ရတာ ေမြးျပီးတဲ့အခ်ိန္၊ လမ္းစေလွ်ာက္တဲ့အခ်ိန္၊ ပညာသင္တဲ့အခ်ိန္ကေန အသက္ၾကီးလာတဲ့အခ်ိန္ထိ ေတာက္ေလွ်ာက္ပါပဲ။ မိစံုဖစံုရွိတဲ့မိသားစုေတြေတာင္မွ ကေလးျပုစုပ်ိဳးေထာင္ဖို႕အတြက္ အခက္အခဲေတြအမ်ားၾကီးကိုရင္ဆိုင္ရပါတယ္။ မိဘေတြမစံုလင္တဲ့မိသားစုေတြ၊ Single mother ေတြဆိုရင္ ကေလးေတြကို ျပုစုပ်ိဳးေထာင္ဖို႕ ပိုျပီးခက္ခဲပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ Single mother အျဖစ္နဲ႕ ကေလးေတြကို ျပုစုပ်ိဳးေထာင္ဖို႕ဆံုးျဖတ္တာဟာ ေလးစားခ်ီးက်ဴးဖြယ္ရာပါ။

Single mother ေတြဟာ ….

ပတ္ဝန္းက်င္ရဲ႕ေဝဖန္မႈေတြပိုၾကံဳရတယ္

Single mother တစ္ေယာက္ျဖစ္လာတဲ့အခါ ပတ္ဝန္းက်င္ရဲ႕ ထင္ျမင္ခ်က္ေတြနဲ႕ ေဝဖန္မႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ရပါတယ္။ သားသမီးအတြက္ တစ္ေယာက္တည္းမားမားမတ္မတ္ရပ္တည္ေနတဲ့ Single mother ေတြကို ပတ္ဝန္းက်င္က ေဖးမမယ့္သူထက္ ထိုးခ်မယ့္သူ၊ ေဝဖန္တဲ့သူ၊ ကဲ့ရဲ႕တဲ့သူေတြက ပိုမ်ားပါတယ္။ အျပင္ပန္းမွာ သနားသလို၊ ကိုယ္ခ်င္းစာသလိုလုပ္တတ္ေပမယ့္ ေနာက္ကြယ္မွာေတာ့ ကဲ့ရဲ႕ေနတာေတြကို ရင္ဆိုင္ရပါတယ္။

ေငြေၾကးအခက္အခဲေတြလည္း ၾကံဳရတယ္

Single mother ဘဝကိုေရာက္သြားျပီဆိုတာနဲ႕ ေသခ်ာေပါက္ၾကံဳရတာကေတာ့ ေငြေၾကးအခက္အခဲပဲျဖစ္ပါတယ္။ မိသားစုရပ္တည္ဖို႕ ကိုယ္တတ္နိုင္သေလာက္ေငြကိုၾကိုးစားရွာရင္းက ကေလးကိုျပုစုပ်ိဳးေထာင္ရတာဟာ ဘယ္ေလာက္ပင္ပန္းတယ္ဆိုတာ ကိုယ္တိုင္ၾကံဳဖူးမွ နားလည္နိုင္တာမ်ိဳးပါ။

ပင္ပန္းေပမယ့္နားလို႕မရတာမ်ိဳးလည္းရွိတယ္

ကိုယ္ကပင္ပန္းလြန္းလို႕ နားလိုက္ခ်င္ေပမယ့္ ကိုယ္နားလိုက္ရင္ မိသားစုရဲ႕စားဝတ္ေနေရး၊ ကေလးအတြက္လိုအပ္ခ်က္ေတြျဖည့္ဆည္းဖို႕ ခက္ခဲက်ပ္တည္းသြားမွာမို႕ ပင္ပန္းေပမယ့္ နားလို႕မရတဲ့အခါမ်ိဳးေတြလည္း ရွိတယ္။

အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဓာတ္က်ခ်င္ေပမယ့္ က်လို႕မရဘူး

ေငြေၾကးအခက္အခဲေတြ၊ ပတ္ဝန္းက်င္ရဲ႕ေဝဖန္တဲ့စကားေတြနဲ႕ အမ်ိဳးမ်ိဳးေသာအခက္အခဲေတြေၾကာင့္ စိတ္ဓာတ္က်ခ်င္ေပမယ့္လည္း ကိုယ့္ကေလးေတြအတြက္ ကိုယ္ကမားမားမတ္မတ္ရပ္တည္ဖို႕လိုအပ္တယ္။ ကိုယ္ျပိုလဲသြားရင္ ကိုယ့္ေနာက္ကမိသားစုလည္း ျပိုလဲသြားလိမ့္မယ္။ ဒါကို ေကာင္းေကာင္းနားလည္ရျပီး Single mother မို႕ စိတ္ဓာတ္က်ခ်င္ေပမယ့္လည္း က်လို႕မရဘူး။ မိသားစုအတြက္ အားတင္းထားရတယ္။

ကေလးအတြက္စံျပျဖစ္ေအာင္ေနရတယ္

ေငြရွာရလို႕၊ အခက္အခဲေတြကို ေျဖရွင္းရလို႕ဆိုျပီး စိတ္လြတ္လက္လြတ္ေနလို႕မရပါဘူး။ ကိုယ့္ကိုေစာင့္ၾကည့္ျပီး အတုခိုးမယ့္ ကေလးေတြရွိေနတာေၾကာင့္ ကိုယ့္ကိုယ္ကိုအျမဲတမ္း သတိနဲ႕ေနရတယ္။ ကေလးေတြအတုယူမွားမယ့္လုပ္ရပ္ေတြ၊ အျပုအမူေတြ မလုပ္မိေအာင္ ဆင္ျခင္ရတယ္။ ကေလးေတြအတြက္ စံျပျဖစ္ေအာင္ ေနရတယ္။

ဘာေတြပဲျဖစ္ျဖစ္ အားတင္းထားရတယ္

ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ Single mother တစ္ေယာက္ျဖစ္လာျပီဆိုတာနဲ႕ ဘာေတြပဲၾကံုၾကံဳ၊ အခက္အခဲေတြြဘယ္ေလာက္ရွိရွိ ျပိုလဲသြားလို႕မရပါဘူး။ ကိုယ့္ကေလးေတြအတြက္ ကိုယ္ကလြဲရင္အားကိုးစရာ၊ မွီခိုစရာမရွိတာမို႕ ကိုယ္ကအျမဲတမ္း ၾကံ့ၾကံ့ခိုင္ခိုင္ရပ္တည္ရတယ္၊ ဘာေတြပဲျဖစ္ျဖစ္ အားတင္းထားရပါတယ္။

written by PP