ပြတ်သားဖို့ လိုအပ်တဲ့အခါ ကိုယ်က အရင်ပြတ်သားပါ
သူတစ်ပါးပြတ်သားဖို့ကို စောင့်ဆိုင်းမနေပါနဲ့. ….
ကိုယ့်ကို ချစ်တဲ့သူတွေအတွက်ပဲခံစားပါ
ကိုယ့်ကိုမြတ်နိုးတဲ့သူတွေအတွက်ပဲ အချိန်ပေးပါ…
ကိုယ့်ဆီကို လိုအပ်မှ ရောက်လာသူထက်
ကိုယ်လိုအပ်တဲ့အချိန် အမြဲရှိနေသူကိုတန်ဖိုးထားလိုက်ပါ.
ကိုယ့်ရဲ့လုပ်ရပ်တိုင်း ကိုယ်ပျော်နေဖို့ပဲလိုတယ်
ကိုယ့်ကိုအကောင်းမမြင်တဲ့ ပတ်ဝန်းကျင် ပျော်ဖို့မလိုပါဘူး.
ကိုယ့်ကို သူအကြိမ်ကြိမ်မောင်းချဖူးတယ် ကလေးမျက်နှာကြောင့် မဆင်းခဲ့ဘူး
မပြတ်သားနိုင်ခဲ့ဘူး
အရက်သောက်မူးရူးပြီး မောင်းချတာမျိုးမဟုတ်ပါ
အစ်ကိုတွေမောင်တွေနဲ့ ပေးစားခံရတာလည်း အကြိမ်ပေါင်းမနည်းခဲ့ပါဘူး
2010 ကစပြီး အရာအားလုံး ကို လွှတ်ချခဲ့တယ်
အမည်တပ်စရာမရှိ ကြမ်းတမ်းတဲ့ ဘဝတွေ ဖြတ်သန်းခဲ့ရတယ် ခုတော့ ကျွန်မ နေသားကျနေပြီ ပျော်နေပါပြီ ကျမမောင်နှမတွေ ကျွန်မ အပေါ်ထားကြတဲ့ မေတ္တာ တွေကြောင့်ပါပဲ
ခုချိန် နောင်တ တစ်ခုတော့ ရမိသား
လမ်းခွဲ လိုက်တာ နောက်ကျသွားပါလား ဆိုပြီး…
D.D.L(SGP)
မိန်းမသားတို့ရင်ဖွင့်ရာ Group
မပြတ်သားနိုင်ခဲ့ဘူး
D.D.L(SGP)