“အမောပြေဆေး”
ကျွန်မဟင်းချက်နေတုန်း သမီးနဲ့တူမလေးကို ပန်းကန်တွေဆေးခိုင်းထားလိုက်တယ် stay homeမှာတတ်သင့်တာတွေသင်ပေးရတာပေါ့
နှစ်ယောက်သား ပန်းကန်ဆေးရင်း စကားတွေပြောနေကြတယ်
ဘာတွေများပြောနေပါလိမ့်ပေါ့ မသိမသာ နားစွင့်လိုက်မိတယ် သမီးလေးကို သူ့မမ က စ မေးတယ်
” နင်ကြီးလာရင် နင့်အမေကို fb မှာသူများတွေအမေတွေကိုစွန့်ပစ်သလို စွန့်ပစ်မှာလား”
သမီးလေးက “မပစ်ပါဘူးမမရဲ့ မေမေ့ကိုသမီးက ကောင်းကောင်းလေးထားမှာ မေမေကသမီးကိုလှလှလေးထားတယ်လေ
သမီးလည်းမေမေ့ကို ဂါဝန်အနီလေးတွေဂါဝန်ပန်းရောင်လေးတွေနဲ့လှလှလေးထားမှာ”တဲ့
ကျွန်မမှာ အော်ရယ်မိတယ် သူ့ favourite ဂါဝန်က Barbie ဂါဝန်လေးတွေ အသက်ကြီးလာမှ Barbie ဂါဝန်နဲ့ နှစ်ပါးသွားရမယ့်အဖြစ်ကိုမြင်ယောင်မိပြီး
သမီးလေးရဲ့Idea ကိုသဘောကျနေမိတယ်
တူမလေးကလည်း “ငါလည်းငါ့အမေအတွက် အိမ်အကြီးကြီး ဆောက်ပေးမှာ ငါ့အမေကို အသက်ကြီးလာရင်ကောင်းကောင်းထားမှာ”တဲ့
သမီးလေးကို သူ့အစ်မက “နင်ကလည်းနင့် အမေကအသက်ကြီးလာရင် အသားတွေတွန့်ပြီး ဘယ်လှတော့မလဲ နင်လှလှလေးထားလဲ မလှတော့ဘူးလေ”ဆိုတော့
သမီးလေးက “သမီးကအလုပ်တွေကြိုးစားမှာလေ ပိုက်ဆံတွေရှာမှာလေ မေမေ့အသားတွေ တွန့်သွားရင် Bangkok ခေါ်သွားပြီး အသားမတွန့်တော့အောင်ပြင်ပေးမှာပေါ့”တဲ့
ကြွေပြီလေ သမီးလေးရယ်
မြင့်မိုသီဟာ
9.5.2020 (Sat)
“အေမာေျပေဆး”
ကြၽန္မဟင္းခ်က္ေနတုန္း သမီးနဲ႔တူမေလးကို ပန္းကန္ေတြေဆးခိုင္းထားလိုက္တယ္ stay homeမွာတတ္သင့္တာေတြသင္ေပးရတာေပါ့
ႏွစ္ေယာက္သား ပန္းကန္ေဆးရင္း စကားေတြေျပာေနၾကတယ္
ဘာေတြမ်ားေျပာေနပါလိမ့္ေပါ့ မသိမသာ နားစြင့္လိုက္မိတယ္ သမီးေလးကို သူ႔မမ က စ ေမးတယ္
” နင္ႀကီးလာရင္ နင့္အေမကို fb မွာသူမ်ားေတြအေမေတြကိုစြန္႔ပစ္သလို စြန္႔ပစ္မွာလား”
သမီးေလးက “မပစ္ပါဘူးမမရဲ႕ ေမေမ့ကိုသမီးက ေကာင္းေကာင္းေလးထားမွာ ေမေမကသမီးကိုလွလွေလးထားတယ္ေလ
သမီးလည္းေမေမ့ကို ဂါဝန္အနီေလးေတြဂါဝန္ပန္းေရာင္ေလးေတြနဲ႔လွလွေလးထားမွာ”တဲ့
ကြၽန္မမွာ ေအာ္ရယ္မိတယ္ သူ႔ favourite ဂါဝန္က Barbie ဂါဝန္ေလးေတြ အသက္ႀကီးလာမွ Barbie ဂါဝန္နဲ႔ ႏွစ္ပါးသြားရမယ့္အျဖစ္ကိုျမင္ေယာင္မိၿပီး
သမီးေလးရဲ႕Idea ကိုသေဘာက်ေနမိတယ္
တူမေလးကလည္း “ငါလည္းငါ့အေမအတြက္ အိမ္အႀကီးႀကီး ေဆာက္ေပးမွာ ငါ့အေမကို အသက္ႀကီးလာရင္ေကာင္းေကာင္းထားမွာ”တဲ့
သမီးေလးကို သူ႔အစ္မက “နင္ကလည္းနင့္ အေမကအသက္ႀကီးလာရင္ အသားေတြတြန္႔ၿပီး ဘယ္လွေတာ့မလဲ နင္လွလွေလးထားလဲ မလွေတာ့ဘူးေလ”ဆိုေတာ့
သမီးေလးက “သမီးကအလုပ္ေတြႀကိဳးစားမွာေလ ပိုက္ဆံေတြရွာမွာေလ ေမေမ့အသားေတြ တြန္႔သြားရင္ Bangkok ေခၚသြားၿပီး အသားမတြန္႔ေတာ့ေအာင္ျပင္ေပးမွာေပါ့”တဲ့
ေႂကြၿပီေလ သမီးေလးရယ္
ျမင့္မိုသီဟာ
9.5.2020 (Sat)