“Single Mom ဟာ အထင်သေးစရာလား”

“Single Mom ဟာ အထင်သေးစရာလား”

လောကကြီးကတစ်ဖက်စောင်းနင်းကျလွန်းတာလား လူတွေကအမြင်ကျဉ်းလွန်းတာလား

လောကမှာ အကြောင်းအမျိုးမျိုးကြောင့် single mother အဖြစ်ရပ်တည်နေကြရတဲ့ မိန်းမတွေအများကြီးရှိပါတယ်

သူတို့တွေဟာstress ပေါင်းများစွာကို ခံစားခဲ့ပြီး သည်းခံမှုပေါင်းများစွာကို အဆုံးစွန်ထိ သည်းခံခဲ့ဖူးသူတွေပါ

သည်းမခံနိုင်တဲ့ အဆုံးကျမှ သတ္တိရှိရှိ ရွေးချယ်ကြတဲ့ဘဝ တစ်ခု လူတွေပြောတဲ့ တစ်ခုလပ်ဆိုတဲ့ မိန်းမသားတွေရဲ့ဘဝဟာ ယောက်ျားတချို့အတွက် သွေးတိုးစမ်းစရာမဟုတ်သလို

မိန်းမတချို့အတွက် အားနေ ကိုယ့်ယောက်ျားနဲ့သဝန်တိုနေရမယ့် မိန်းမတွေမဟုတ်ပါဘူး

သူတို့ရင်သွေးအတွက် အသက်နဲ့ရင်းပြီး လူ့ဘဝထဲ အရောက်ခေါ်ခဲ့ရဲသလို ချွေးစက်နဲ့ရင်းပြီးသားသမီးဘဝမြှင့်တင်ပေးနိုင်စွမ်းတဲ့ ခွန်အားမေတ္တာတွေ အဲ့ဒီ single mom တွေမှာအပြည့်ပါပဲ

Single Mom ဆိုရင် နှာခေါင်းရှုံ့ချင်သူတွေကို တစ်ခုလောက်ပြောချင်ပါတယ် ဘယ်မိန်းကလေးကမှ “ငါတော့ တစ်နေ့အိမ်ထောင်ပြုမယ် ကလေး၁ယောက်ရတာနဲ့ Single Momအဖြစ်ခံယူလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ထောင်ပြုခဲ့တဲ့ မိန်းမတစ်ယောက်မှမရှိပါဘူး

သည်းခံခြင်းတွေကုန်ဆုံးသွားတဲ့အခါ နာကျင်မှုတွေ အခါခါကြုံလာတဲ့ အခါ ရှေ့ဆက်နေလည်းသာယာဖွယ်မရှိ

မိမိရင်သွေးအတွက် အနာဂတ်အတွက်မသာယာနိုင်တော့ဘူးဆိုတာသေချာလာတဲ့အခါ သတ္တိရှိရှိလမ်းခွဲရဲတဲ့ သတ္တိအပြည့်ရှိသူတွေဟာSingle Mom အဖြစ်ရပ်တည်ရဲကြသူတွေပါပဲ

ဒါက အိမ်ထောင်ပြုပြီးမှ အိမ်ထောင်ကွဲလို့ တစ်ခုလပ်ဖြစ်ရတဲ့ မိန်းမသားတွေပါ

နောက်ထပ် အမျိုးအစားတစ်ခုက လက်မထပ်ရသေးဘဲ ရင်သွေးရသွားတဲ့ မိန်းကလေးတစ်ယောက် သူသည်အညှာလွယ်လို့ပဲဖြစ်ဖြစ် အယုံလွယ်လို့ပဲဖြစ်ဖြစ် သူမှားသွားတယ်

မှားတာကတော့ ၂ယောက်လုံးမှားတာပါ ဒါပေမယ့် ကိုယ်ဝန်ရှိလာတဲ့နောက် ဖြေရှင်းတဲ့အပိုင်းကျတော့ ယောက်ျားလေးဘက်က တာဝန်မယူ “ဖျက်ချလိုက်”ဆိုတဲ့ စကားတစ်ခွန်းနဲ့ရှောင်တိမ်းသွားတယ်

ဒါကို ဒီမိန်းကလေးကဖျက်မချဘဲ တစ်လောကလုံးနဲ့တစ်ယောက် သူ့သိက္ခာ သူ့မိဘသိက္ခာအရှက်တရားထက် သူ့ရင်သွေးကို ပိုတန်ဖိုးထားပြီး လူတွေပြောတဲ့”လင်ကောင်မပေါ်” တဲ့ကလေးကို လောကကြီးထဲ သတ္တိရှိရှိ ခေါ်လာရဲတယ်

လူအတော်များများက အဲ့ဒီမိန်းကလေးမျိုးကိုကဲ့ရဲ့ရှုံ့ချ မတူမတန် ဆက်ဆံတတ်ကြတယ် ကျွန်မကတော့ “တကယ်ရှက်ရမှာအဲ့ဒီမိန်းကလေးမဟုတ်ဘူး မိန်းကလေးတစ်ယောက်ကို နှမချင်းမစာနာကြောရရုံကြံတဲ့ လူ

ကိုယ့်ရင်သွေးကို လူမဆန်စွာ သတ်ပစ်ဖို့ပြောရက်တဲ့ လူကသာရှက်ရမှာပါ” လို့ပဲပြောချင်တယ်

ကျွန်မပတ်ဝန်းကျင်မှာမြင်နေရတဲ့သားသမီးအတွက်သိက္ခာရှိရှိရုန်းကန်ရင်ဆိုင်နေကြတဲ့ single momတိုင်းကိုအထင်ကြီးလေးစားပါတယ်

ယောက်ျားတစ်ယောက် ယူဖို့ခက်တဲ့ တာဝန်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ အပြုံးမပျက် ထမ်းရွက်နိုင်တာ မိခင်တာဝန်မပျက်ကွက်သလိုဖခင်နေရာ ငွေရှာခြင်းနဲ့ ပြည့်ဝနေစေအောင်ဖြည့်ဆည်းပေးနိုင်ကြပြန်တယ်

လူတွေပြောတော့ “အားနွဲ့တဲ့ မိန်းမသား”ဆို အဲ့ဒီမိန်းမသားကပဲသားသမီးအတွက် ပေးဆပ်နေတာ မြင်လာရတော့ မလေးစားဘဲမနေနိုင်တော့ပါဘူး

အမေဆိုတာ အနန္တဂိုဏ်းဝင်ပါ ကျွန်မထင်မိတယ် သားသမီးအပေါ်မိခင်စိတ်အပြည့်နဲ့ အဆင်းရဲခံ အငတ်ခံ ခြိုးခြံချွေတာပြီး သမာအာဇီဝကျတဲ့အလုပ်မှန်သမျှ နေပူမရှောင် မိုးရွာမရှောင်လုပ်ရင်း

ကိုယ့်ထက်မြင့်တဲ့ ပညာအဆင့် ဘဝအဆင့်ရောက်ဖို့ အနစ်နာခံခြင်းများစွာနဲ့ပေးဆပ်နေတဲ့Single Mom တွေသူတို့ရဲ့မေတ္တာက သာမာန်မိခင်တွေထက်များသာနေမလားလို့

မြင့်မိုသီဟာ

“Single Mom ဟာ အထင္ေသးစရာလား”

ေလာကႀကီးကတစ္ဖက္ေစာင္းနင္းက်လြန္းတာလား လူေတြကအျမင္က်ဥ္းလြန္းတာလား

ေလာကမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ single mother အျဖစ္ရပ္တည္ေနၾကရတဲ့ မိန္းမေတြအမ်ားႀကီးရွိပါတယ္

သူတို႔ေတြဟာstress ေပါင္းမ်ားစြာကို ခံစားခဲ့ၿပီး သည္းခံမႈေပါင္းမ်ားစြာကို အဆုံးစြန္ထိ သည္းခံခဲ့ဖူးသူေတြပါ

သည္းမခံႏိုင္တဲ့ အဆုံးက်မွ သတၱိရွိရွိ ေ႐ြးခ်ယ္ၾကတဲ့ဘဝ တစ္ခု လူေတြေျပာတဲ့ တစ္ခုလပ္ဆိုတဲ့ မိန္းမသားေတြရဲ႕ဘဝဟာ ေယာက္်ားတခ်ိဳ႕အတြက္ ေသြးတိုးစမ္းစရာမဟုတ္သလို

မိန္းမတခ်ိဳ႕အတြက္ အားေန ကိုယ့္ေယာက္်ားနဲ႔သဝန္တိုေနရမယ့္ မိန္းမေတြမဟုတ္ပါဘူး

သူတို႔ရင္ေသြးအတြက္ အသက္နဲ႔ရင္းၿပီး လူ႔ဘဝထဲ အေရာက္ေခၚခဲ့ရဲသလို ေခြၽးစက္နဲ႔ရင္းၿပီးသားသမီးဘဝျမႇင့္တင္ေပးႏိုင္စြမ္းတဲ့ ခြန္အားေမတၱာေတြ အဲ့ဒီ single mom ေတြမွာအျပည့္ပါပဲ

Single Mom ဆိုရင္ ႏွာေခါင္းရႈံ႕ခ်င္သူေတြကို တစ္ခုေလာက္ေျပာခ်င္ပါတယ္ ဘယ္မိန္းကေလးကမွ “ငါေတာ့ တစ္ေန႔အိမ္ေထာင္ျပဳမယ္ ကေလး၁ေယာက္ရတာနဲ႔ Single Momအျဖစ္ခံယူလိုက္မယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အိမ္ေထာင္ျပဳခဲ့တဲ့ မိန္းမတစ္ေယာက္မွမရွိပါဘူး

သည္းခံျခင္းေတြကုန္ဆုံးသြားတဲ့အခါ နာက်င္မႈေတြ အခါခါႀကဳံလာတဲ့ အခါ ေရွ႕ဆက္ေနလည္းသာယာဖြယ္မရွိ

မိမိရင္ေသြးအတြက္ အနာဂတ္အတြက္မသာယာႏိုင္ေတာ့ဘူးဆိုတာေသခ်ာလာတဲ့အခါ သတၱိရွိရွိလမ္းခြဲရဲတဲ့ သတၱိအျပည့္ရွိသူေတြဟာSingle Mom အျဖစ္ရပ္တည္ရဲၾကသူေတြပါပဲ

ဒါက အိမ္ေထာင္ျပဳၿပီးမွ အိမ္ေထာင္ကြဲလို႔ တစ္ခုလပ္ျဖစ္ရတဲ့ မိန္းမသားေတြပါ

ေနာက္ထပ္ အမ်ိဳးအစားတစ္ခုက လက္မထပ္ရေသးဘဲ ရင္ေသြးရသြားတဲ့ မိန္းကေလးတစ္ေယာက္ သူသည္အညႇာလြယ္လို႔ပဲျဖစ္ျဖစ္ အယုံလြယ္လို႔ပဲျဖစ္ျဖစ္ သူမွားသြားတယ္

မွားတာကေတာ့ ၂ေယာက္လုံးမွားတာပါ ဒါေပမယ့္ ကိုယ္ဝန္ရွိလာတဲ့ေနာက္ ေျဖရွင္းတဲ့အပိုင္းက်ေတာ့ ေယာက္်ားေလးဘက္က တာဝန္မယူ “ဖ်က္ခ်လိုက္”ဆိုတဲ့ စကားတစ္ခြန္းနဲ႔ေရွာင္တိမ္းသြားတယ္

ဒါကို ဒီမိန္းကေလးကဖ်က္မခ်ဘဲ တစ္ေလာကလုံးနဲ႔တစ္ေယာက္ သူ႔သိကၡာ သူ႔မိဘသိကၡာအရွက္တရားထက္ သူ႔ရင္ေသြးကို ပိုတန္ဖိုးထားၿပီး လူေတြေျပာတဲ့”လင္ေကာင္မေပၚ” တဲ့ကေလးကို ေလာကႀကီးထဲ သတၱိရွိရွိ ေခၚလာရဲတယ္

လူအေတာ္မ်ားမ်ားက အဲ့ဒီမိန္းကေလးမ်ိဳးကိုကဲ့ရဲ႕ရႈံ႕ခ် မတူမတန္ ဆက္ဆံတတ္ၾကတယ္ ကြၽန္မကေတာ့ “တကယ္ရွက္ရမွာအဲ့ဒီမိန္းကေလးမဟုတ္ဘူး မိန္းကေလးတစ္ေယာက္ကို ႏွမခ်င္းမစာနာေၾကာရ႐ုံႀကံတဲ့ လူ

ကိုယ့္ရင္ေသြးကို လူမဆန္စြာ သတ္ပစ္ဖို႔ေျပာရက္တဲ့ လူကသာရွက္ရမွာပါ” လို႔ပဲေျပာခ်င္တယ္

ကြၽန္မပတ္ဝန္းက်င္မွာျမင္ေနရတဲ့သားသမီးအတြက္သိကၡာရွိရွိ႐ုန္းကန္ရင္ဆိုင္ေနၾကတဲ့ single momတိုင္းကိုအထင္ႀကီးေလးစားပါတယ္

ေယာက္်ားတစ္ေယာက္ ယူဖို႔ခက္တဲ့ တာဝန္ကို မေၾကာက္မ႐ြံ႕ ေနာက္မတြန္႔ဘဲ အၿပဳံးမပ်က္ ထမ္း႐ြက္ႏိုင္တာ မိခင္တာဝန္မပ်က္ကြက္သလိုဖခင္ေနရာ ေငြရွာျခင္းနဲ႔ ျပည့္ဝေနေစေအာင္ျဖည့္ဆည္းေပးႏိုင္ၾကျပန္တယ္

လူေတြေျပာေတာ့ “အားႏြဲ႕တဲ့ မိန္းမသား”ဆို အဲ့ဒီမိန္းမသားကပဲသားသမီးအတြက္ ေပးဆပ္ေနတာ ျမင္လာရေတာ့ မေလးစားဘဲမေနႏိုင္ေတာ့ပါဘူး

အေမဆိုတာ အနႏၲဂိုဏ္းဝင္ပါ ကြၽန္မထင္မိတယ္ သားသမီးအေပၚမိခင္စိတ္အျပည့္နဲ႔ အဆင္းရဲခံ အငတ္ခံ ၿခိဳးၿခံေခြၽတာၿပီး သမာအာဇီဝက်တဲ့အလုပ္မွန္သမွ် ေနပူမေရွာင္ မိုး႐ြာမေရွာင္လုပ္ရင္း

ကိုယ့္ထက္ျမင့္တဲ့ ပညာအဆင့္ ဘဝအဆင့္ေရာက္ဖို႔ အနစ္နာခံျခင္းမ်ားစြာနဲ႔ေပးဆပ္ေနတဲ့Single Mom ေတြသူတို႔ရဲ႕ေမတၱာက သာမာန္မိခင္ေတြထက္မ်ားသာေနမလားလို႔

ျမင့္မိုသီဟာ