ဘဝရဲ့အကြီးအကျယ်ဆုံးသော အပြစ်အနာအဆာက ဘာလဲ?
ဘဝရဲ့အကြီးအကျယ်ဆုံးသောအပြစ်အနာအဆာက ဘာလဲလို့ မေးရင်သေဆုံးခြင်းပဲ။
ဖြစ်လာတယ်နော်၊ ပြီးရင် ဘာဖြစ်မှာတုန်း၊သေမှာပဲနော်။
ဘာကြီးပဲ ဖြစ်လို့နေနေ။ဘာတွေပဲ ရထားတယ်လို့ပဲ ပြောပြော။
ဘယ်လို အနေအထားမျိုးကိုပဲ ပိုင်ဆိုင်ထားတယ်လို့ ဆိုဆို။ ပြီးရင်တော့ သေမှာပဲ။
သေရမယ့်ဘဝဟာတကယ် တန်ဖိုးရှိတဲ့ဘဝလို့ မဆိုနိုင်ဘူးဆိုတာကတော့
သေခြင်းတရားကို စဉ်းစားဘူးတဲ့ ပုဂ္ဂိုလ်တိုင်း၊
ပယ်ပယ်နယ်နယ် စဉ်းစားဘူးတဲ့ ပုဂ္ဂိုလ်တိုင်းအထိုက်အလျောက် သဘောပေါက်နိုင်တယ်ပေါ့။
သေရမယ့်ဘဝဟာ ကောင်းတဲ့ဘဝ မဟုတ်ဘူးဆိုတာအလွန်ထင်ရှားပါတယ်။
ဘဝဟာ တန်ဖိုးမဲ့တယ်ဆိုတာကိုပုံပေါ်ချင်တယ်ဆိုလို့ရှိရင်
ဉာဏ်ထဲမှာ ရှင်းချင်တယ်ဆိုလို့ရှိရင်
သေခြင်းတရားကိုသာ ထပ်ခါထပ်ခါ စဉ်းစားကြည့်လိုက်ပါ။
သေခြင်းတရားဖြင့် အဆုံးသတ်ရသည့်ဘဝသည်
ဘာတန်ဖိုးမရှိဘူးဆိုတာ သေခြင်းတရားကို စဉ်းစားလို့
ဉာဏ်ပညာ ထက်ရင် ထက်သလောက်အဲဒီပုဂ္ဂိုလ် နားလည်နိုင်လိမ့်မယ်ပေါ့။
ဖြစ်လာတယ်၊ ပြီးရင် သေသွားတယ်။
ဖြစ်လာတယ်၊ ပြီးရင် သေသွားတယ်၊ ဒါပဲလေ။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
အဖန်တလဲလဲတရားတော်မှ ကူးယူ ပူဇော်သည်။
ဘဝရဲ႕အႀကီးအက်ယ္ဆုံးေသာ အျပစ္အနာအဆာက ဘာလဲ?
ဘဝရဲ႕အႀကီးအက်ယ္ဆုံးေသာအျပစ္အနာအဆာက ဘာလဲလို႔ ေမးရင္ေသဆုံးျခင္းပဲ။
ျဖစ္လာတယ္ေနာ္၊ ၿပီးရင္ ဘာျဖစ္မွာတုန္း၊ေသမွာပဲေနာ္။
ဘာႀကီးပဲ ျဖစ္လို႔ေနေန။ဘာေတြပဲ ရထားတယ္လို႔ပဲ ေျပာေျပာ။
ဘယ္လို အေနအထားမ်ိဳးကိုပဲ ပိုင္ဆိုင္ထားတယ္လို႔ ဆိုဆို။ ၿပီးရင္ေတာ့ ေသမွာပဲ။
ေသရမယ့္ဘဝဟာတကယ္ တန္ဖိုးရွိတဲ့ဘဝလို႔ မဆိုႏိုင္ဘူးဆိုတာကေတာ့
ေသျခင္းတရားကို စဥ္းစားဘူးတဲ့ ပုဂၢိဳလ္တိုင္း၊
ပယ္ပယ္နယ္နယ္ စဥ္းစားဘူးတဲ့ ပုဂၢိဳလ္တိုင္းအထိုက္အေလ်ာက္ သေဘာေပါက္ႏိုင္တယ္ေပါ့။
ေသရမယ့္ဘဝဟာ ေကာင္းတဲ့ဘဝ မဟုတ္ဘူးဆိုတာအလြန္ထင္ရွားပါတယ္။
ဘဝဟာ တန္ဖိုးမဲ့တယ္ဆိုတာကိုပုံေပၚခ်င္တယ္ဆိုလို႔ရွိရင္
ဉာဏ္ထဲမွာ ရွင္းခ်င္တယ္ဆိုလို႔ရွိရင္
ေသျခင္းတရားကိုသာ ထပ္ခါထပ္ခါ စဥ္းစားၾကည့္လိုက္ပါ။
ေသျခင္းတရားျဖင့္ အဆုံးသတ္ရသည့္ဘဝသည္
ဘာတန္ဖိုးမရွိဘူးဆိုတာ ေသျခင္းတရားကို စဥ္းစားလို႔
ဉာဏ္ပညာ ထက္ရင္ ထက္သေလာက္အဲဒီပုဂၢိဳလ္ နားလည္ႏိုင္လိမ့္မယ္ေပါ့။
ျဖစ္လာတယ္၊ ၿပီးရင္ ေသသြားတယ္။
ျဖစ္လာတယ္၊ ၿပီးရင္ ေသသြားတယ္၊ ဒါပဲေလ။
အရွင္ဥတၱမ(သစၥာေ႐ႊစည္)
အဖန္တလဲလဲတရားေတာ္မွ ကူးယူ ပူေဇာ္သည္။