အမေများနေ့မှာ အမေရေးတဲ့စာ (သမီးလေး လသားအရွယ်က ရေးခဲ့တာပါ)

” ပန်ဒါ မျက်လုံး ”

၁၀လ ခန့်ကြာ လွယ်ခဲ့ရတဲ့ရင်သွေးလေးအား သက်စွန့်ဆံဖျား

မွေးဖွားပေးလာ မိမာတာ လူ့ဘဝထဲ ရောက်လာပါမှ

ချူချာဖျားနာ အိပ်ရေးပျက်ညများစွာနဲ့လေ စိတ်မချလွန်းစွာ တရေးမမှေး မိုးလင်းခဲ့ပေ

ပန်ဒါ မျက်လုံး ပိန်ချုံးလာတဲ့

ဒီခန္ဓာနဲ့ ယိုယွင်းလာတဲ့အလှတရားအတွက်အပြုံးမပျက် ပေးဆပ်ရဲသူ

ဒီဇမ္ဗူမှာ ထပ်တူညီစရာရှာမရဘူး အမေဟူသည်

ရင်သွေးခံစား ဝေဒနာအားမကြည့်ရက်လွန်းစွာနာကျင်ရင်မှာ တောင့်တမိသည်

ဝေဒနာအား လွှဲပြောင်း၍များရခဲ့မည်ဆို ချက်ချင်းအခုလွှဲယူမည်သာ မိမိရင်သွေးဝေဒနာခံစား ကြည့်ရက်နိုင်တဲ့အင်အားနှလုံးသား မေမေတွေမှာမရှိဘူးလေ

(သမီးလေး လသားအရွယ်က ရေးခဲ့တာပါ)

မြင့်မိုရ်သီဟာ

” ပန္ဒါ မ်က္လုံး ”










မြင့်မိုရ်သီဟာ