ကျမ ဒီတစ်ခါ Single Mom တွေအတွက် သတိထားစရာလေး ပြောပြချင်လို့ပါ

မိန်းမသားတို့ ရင်ဖွင့်ရာ Group မှာ လာရောက်ရင်ဖွင့်ထားတဲ့ သမီးလေးတစ်ယောက်ရဲ့ ရင်ဖွင့်စာလေးတွေ မျှဝေခဲ့တာဆိုရင် အမှတ်စဉ်လေးတွေနဲ့ (၁၀) ထိပြီးခဲ့ပါပြီ . . .

အခု အမှတ်စဉ် (၁၁) အနေနဲ့ သမီးလေးတစ်ယောက် ရင်ဖွင့်ထားတာကို မျှဝေပေးလိုက်ပါတယ်နော် . . .

ညီအမတွေ အားလုံး မင်္ဂလာပါရှင့်

ကျမ ဒီတစ်ခါ Single Mom တွေအတွက် သတိထားစရာလေး ပြောပြချင်လို့ပါ

ဒီအကြောင်းက ကျမကိုယ်တိုင် ကြုံဖူးတာ မဟုတ်တော့

အကြံဉာဏ်တော့ ပေးနိုင်မှာ မဟုတ်လို့ တောင်းပန်ပါတယ်

Single Mom တွေ တွေ့ကြုံရမယ့် အခက်အခဲတွေနဲ့ တကယ်ကြုံလာရင် ရွေးချယ်တဲ့နည်းလမ်း မှန်ကန်စေချင်တဲ့ စေတနာနဲ့မို့ အမှားပါရင် ခွင့်လွှတ်ပေးကြပါနော်

ဒါ ကျမ အမေကိုယ်တိုင် ကြုံခဲ့တာနဲ့ အမေ့ ရွေးချယ်မှု့ မှန်လားမမှန်လားတော့ ကျမ မဆုံးဖြတ်ရက်ပါဘူး

အမေဟာ ကလေး 3ယောက်နဲ့ အသက်29နှစ်မှာ ကျမတို့ရဲ့ အဖေ ဆုံးသွားခဲ့တော့ မုဆိုးမဘဝရောက်ခဲ့ရတယ်

အဖေ ဆုံးတော့ ကျမက 3လ သမီးဘဲရှိသေးတော့ အဖေလဲမမြင်ဖူး အဖေလို့လဲ မခေါ်ခဲ့ရဖူးပါဘူး

အမေလေ ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဘဝနဲ့ စီးပွားရေးလဲ မလုပ်တတ် မကိုင်တတ် ပင်ပင်ပမ်းပမ်းဆင်းဆင်းရဲရဲနဲ့ ကျမတို့ မောင်နှမ 3ယောက်ကို ရှာကျွေးရတာ

ကျမကလည်း အရမ်းချူခြာလို့ တညလုံး ငုတ်တုတ်ထိုင်ပြီး ထိန်းခဲ့ရတဲ့နေ့တွေ အများကြီး ရှိခဲ့တယ်လို့ ပြောတယ်

ဆင်းရဲတဲ့ မိသားစုမို့ အမေ့မှာ အားကိုးစရာလဲ မရှိ မလုပ်တတ်ပေမယ့် ကျမတို့ကို အမျိုးစုံ ဈေးရောင်းပြီး ကျွေးရရှာတယ် အမေ့ ပုခုံးပေါ်မှာ ဈေးထမ်း ထမ်းရလွန်းလို့ ဘုကြီးတောင် ထွက်နေရှာတယ် 😭

ရက်ကွက်ထဲက ယောက်ျား တနှာရူးတွေဆိုတာလေ သူတို့မှာ မိန်းမတွေ ရှိရက်နဲ့ မုဆိုးမ လင်ဆာနေမှာဘဲဆိုတဲ့အတွေးနဲ့ အမေ့ကို နှောက်ယှက်ကြတယ်

ဈေးရောင်းပြန်ချိန်ဆို အတင်းလိုက်ကပ် အတင်းဆွဲနဲ့ အမေ ရှက်လဲ ရှက်ခဲ့ရသလို အရမ်းလဲကြောက်ခဲ့ရတယ်တဲ့

အဲ့ဒီတော့ အမေ အားကိုးရှာရတာနေမှာပေါ့နော်

အမေ နောက်အိမ်ထောင် ပြုရတယ် (အဖေဆုံးပြ ီး တစ်နှစ် မကြာဘူးနဲ့တူပါတယ်)

ကျမ အကိုကြီးက 7နှစ်8နှစ်အရွယ်ကို အဖေ့အမျိုးတွေက သင်ပေးတယ် နင့်အမေယောက်ျားယူရင် အဲ့ဒီလူက နင်တို့ကို အရက်ဝယ်ခိုင်းမှာ နင်တို့ကို နှိပ်စက်မှာလို့ နားထဲကို ရိုက်သွင်းတယ်

အဲ့ဒီတော့ ဒီကောင်လေးက အမေ့ကို မပြောပေမယ့် ကျမတို့ ပထွေးကို အရမ်းမုန်းတယ် အမေတို့ ယူကတည်းက အမေ ကျနော့ကို အရည်ဆို ဘာအရည်မှ မဝယ်ခိုင်းနဲ့လို့ ပြောတယ်တဲ့ သူ အရက်ဝယ်ခိုင်းမှာ ကြောက်တာနေမှာ 😓( ဆီတောင် ဝယ်ခိုင်းလို့ မရခဲ့ဘူး )

အမေယူတဲ့ယောက်ျားက အမေ့ကို ချစ်သလို ကျမတို့အပေါ်လဲ ကောင်းပါတယ် အဖေတစ်ယောက်လိုဘဲ

ကျမအကိုတွေကတော့ ကြီးလာလေ သူ့ကို မုန်းလေဘဲထင်တယ် တစ်ချိန်လုံး ရန်လို ရန်သတ် ပြသနာရှာနေတော့ အမေ့မှာ မအေးချမ်းရပြန်ဘူး

အမေက နောက်အိမ်ထောင်နဲ့ ညီမလေး 2ယောက်ထပ်မွေးတော့ ကျမ ညီမအကြီးလေးက အရမ်းသနားစရာကောင်းတယ် အကိုက သူ့အဖေကို မကျေနပ်တိုင်း သူ့အပေါ် ပုံချ နိုင်စားတာကို ခံခဲ့ရရှာတာ😑

ကျမ အကိုတွေလဲ ပထွေးကိုမုန်းတဲ့စိတ်က ရင်ထဲမှာ အစိုင်အခဲလိုဖြစ်နေပြီး အရက်သောက်တတ်လာတယ် အရမ်းလဲဆိုးတယ် ရန်ပွဲတိုင်းမှာ တစ်ဘက်ဘဲမေး ကျန်တဲ့တစ်ဘက်က ကျမ အကို 2ယောက်ပါတယ်🤨

ကျမကတော့ သမီးဆိုတော့ အမေ့ရဲ့ ရင်ဖွင့်စရာပေါ့

အမေက သူ ခံစားရတာတွေ သူ ဘာကြောင့် ယောကျ်ားယူရတာတွေကို ကျမကို ပြောပြတယ် အမေ့ကို အရမ်းသနားတာဘဲ အမေ့ကို အပြစ်လဲမမြင်ပါဘူး

သူ့ဘဝ ကြမ်းတမ်းခဲ့ရတာကို လူတိုင်း ဒီလို ဆုံးဖြတ်မိမှာဘဲထင်တယ်

အမေ အချိန်တော်တော်ကြာ သူ့သားတွေ ဆိုးတဲ့ ဒါဏ် ရဲစခန်း တွေရောက် သူများကို လျော်ကြေးပေးရတဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ရတာတောင် သူ့သားတွေဆိုးတာက သူ နောက်အိမ်ထောင်ပြုလို့ဆိုပြီး အမြဲတမ်း စိတ်မကောင်းဖြစ်ခဲ့ရတယ်😪

အခုတော့ အကိုတွေလဲ လိမ္မာသွားပြီ ကျမတို့လဲ ကြီးလာတော့ အမေ့ကို ချမ်းသာတဲ့ဘဝ မဟုတ်ပေမယ့် လိုလေသေးမရှိထားနိုင်လို့ အမေ စိတ်ချမ်းသာနေရပါပြီ

အမေပင်ပမ်းခဲ့ရတာတွေကို တွေးမိတိုင်း သနားလွန်းလို့ အခုချိန်မှာ ဘာကြောင့်မှ စိတ်မဆင်းရဲစေချင်သလို အမေ့အတွက်ဆို ဘာဘဲ ပေးဆပ်ရပါစေ ကျမကတော့ ပေးဆပ်မှာဘဲ

ညီအမတွေကို ပြောချင်တာက ကြုံလာတဲ့ လောကဓံကို ဖြေရှင်းတဲ့အခါ မှန်ကန်စွာ ရွေးချယ်တတ်ဘို့နဲ့

ရွေးချယ်တဲ့အခါ သားသား မီးမီးလေးတွေ နေရာကပါ စဉ်းစားပေးကြပါလို့

သတ္တိရှိရှိ ရဲရဲဝံ့ဝံ နဲ့ သားသမီးတွေ အတွက် လောကဓံကို ရင်ဆိုင် ကျော်ဖြတ်နေကြတဲ့ Single Momတိုင်းကို လေးစားပါတယ်

အားမငယ် စိတ်ဓာတ် မကျဘဲ အရာရာကို ရင်ဆိုင် ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ယနေ့ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုပါတယ်

အားလုံးဘဲ fighting

မိန်းမသားတို့၏ Comment များ

A : မုဆိုးမ တခုလပ်ဆိုပီးယောက်ကျားတွေကအကဲစမ်းချင်တာကိုမိန်းမတွေကလဲ မိန်းမချင်းစာနာစိတ်မရှိပဲ သူတို့ယောက်ကျားကိုမြူဆွယ်တယ်ဆိုပီး အော်ဟစ်ဆဲဆို အမေကိုဆဲဆိုရုံတင်မကဘူး အရွယ်မရောက်သေးတဲ့သားသမီးကိုပါပုတ်ခတ်စော်ကားသေးတယ် တခါတလေ ဘဝကိုစိတ်ဓာတ်ကျမိတယ်

B : အမေကိုနားလည်မှု့ပေးတတ်တဲ့စိတ်လေးကိုချစ်တယ် ဒီလိုဘဝဆိုတာကိုယ်တိုင်ကျော်ဖြတ်ဖူးတဲ့မိန်းမတိုင်းနားလည်စာနာတတ်ကြတယ်မိန်းမချင်းမစာနာတတ်ကြတာလဲဒို့မိန်းမချင်ဘဲအိမ်ထောင်ဖက်မရှိတာနဲ့သူ့လင်ခိုးနိုးနိုးအထင်သေးကြတာလဲဒို့မိန်းမတွေဘဲ ဒါမို့တစ်ချို့မိခင်တွေကဒီလိုအခက်ခဲတွေကြောင့်နောက်အိမ်ထောင်ကိုပြုဖြစ်ကြတာ မမ လဲ(29)နှစ်မှာသားငယ်လေးမီးတွင်းသုံးရက်သားထဲကသူ့အဖေကအကြွေးတွေနဲ့ပြစ်ထားခဲ့တာခုဆိုသားငယ်လေစ(9)နှစ်ထဲရောက်နေပီငယ်ရွယ်ချိန်ကလေးသုံးယောက်အမေမို့ ရမလားလို့သွေးတိုးစမ်းတဲ့အောက်တန်းစားယောကျ်ားတွေနဲ့ကြုံတွေ့ရသလို ဒီမိန်းမ ကလေးတွေနဲ့ကြာရှည်မရပ်တည်နိုင်ပါဘူးငါ့ယောကျ်ားများခိုးမလးလို့မိန်းမချင်းအထင်သေးတာလဲကြုံဖူးတယ် ဒါတွေကိုအံခဲဖြတ်ကျော်ရတာခက်ခဲပင်ပန်းပါတယ်ဘာဘဲဖြစ်ဖြစ်ခုနောက်ပိုင်းကိုယ်အနေမှန်တော့ဘယ်သူမှမစရဲမပြောရဲပါဘူးအိမ်ထောင်ဖက်မရှိလို့ကလေးတစ်ဖက်နဲ့ရပ်တည်နေတဲ့မိခင်တိုင်းကအရာရာသူ့သာသမီးကသူ့အတွက်နံပါတ်တစ်ပါဘဲ သားသမီးဆိုတဲ့သံယောဇဉ်လေးကြောင့်ခက်ခဲတဲ့ကြားကသူတို့ဘဝကိုကျားကန်ပြီးရပ်တည်နေကြတာမို့ အထင်မကြီးရင်နေပါစေအထင်သေးမစော်ကားကြရင်ကိုကူညီရာရောက်ပါတယ်

C : သမီးမတွက်အမြဲဦးစာပေးတယ် စိတ်ဒဏ်ရာရမှာအကြောက်ဆုံးပဲ

D : လိမ်မာလိုက်တဲ့သမီးလေး

ဒီ Post လေးကတော့ တင်တင်ချင်းမှာပဲ မှတ်ချက် ၁၁ ခုရှိပြီး အဲ့ထဲကမှ အနည်းစုကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ် . . .

မိန်းမသားတို့ရင်ဖွင့်ရာ Group ကို အဖွဲ့ဝင်လိုပါက Comment မှာ Group လို့ရေးခဲ့ပေးပါ

မိန္းမသားတို႔ ရင္ဖြင့္ရာ Group မွာ လာေရာက္ရင္ဖြင့္ထားတဲ့ သမီးေလးတစ္ေယာက္ရဲ႕ ရင္ဖြင့္စာေလးေတြ မွ်ေဝခဲ့တာဆိုရင္ အမွတ္စဥ္ေလးေတြနဲ႔ (၁၀) ထိၿပီးခဲ့ပါၿပီ . . .

အခု အမွတ္စဥ္ (၁၁) အေနနဲ႔ သမီးေလးတစ္ေယာက္ ရင္ဖြင့္ထားတာကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ . . .

ညီအမေတြ အားလံုး မဂၤလာပါရွင့္

က်မ ဒီတစ္ခါ Single Mom ေတြအတြက္ သတိထားစရာေလး ေျပာျပခ်င္လို႔ပါ

ဒီအေၾကာင္းက က်မကိုယ္တိုင္ ႀကံဳဖူးတာ မဟုတ္ေတာ့

အႀကံဥာဏ္ေတာ့ ေပးႏိုင္မွာ မဟုတ္လို႔ ေတာင္းပန္ပါတယ္

Single Mom ေတြ ေတြ႕ႀကံဳရမယ့္ အခက္အခဲေတြနဲ႔ တကယ္ႀကံဳလာရင္ ေရြးခ်ယ္တဲ့နည္းလမ္း မွန္ကန္ေစခ်င္တဲ့ ေစတနာနဲ႔မို႔ အမွားပါရင္ ခြင့္လႊတ္ေပးၾကပါေနာ္

ဒါ က်မ အေမကိုယ္တိုင္ ႀကံဳခဲ့တာနဲ႔ အေမ့ ေရြးခ်ယ္မႈ့ မွန္လားမမွန္လားေတာ့ က်မ မဆံုးျဖတ္ရက္ပါဘူး

အေမဟာ ကေလး 3ေယာက္နဲ႔ အသက္29ႏွစ္မွာ က်မတို႔ရဲ႕ အေဖ ဆံုးသြားခဲ့ေတာ့ မုဆိုးမဘဝေရာက္ခဲ့ရတယ္

အေဖ ဆံုးေတာ့ က်မက 3လ သမီးဘဲရွိေသးေတာ့ အေဖလဲမျမင္ဖူး အေဖလို႔လဲ မေခၚခဲ့ရဖူးပါဘူး

အေမေလ ငယ္ငယ္ရြယ္ရြယ္ မုဆိုးမ ဘဝနဲ႔ စီးပြားေရးလဲ မလုပ္တတ္ မကိုင္တတ္ ပင္ပင္ပမ္းပမ္းဆင္းဆင္းရဲရဲနဲ႔ က်မတို႔ ေမာင္ႏွမ 3ေယာက္ကို ရွာေကြၽးရတာ

က်မကလည္း အရမ္းခ်ဴျခာလို႔ တညလုံး ငုတ္တုတ္ထိုင္ၿပီး ထိန္းခဲ့ရတဲ့ေန႔ေတြ အမ်ားႀကီး ရွိခဲ့တယ္လို႔ ေျပာတယ္

ဆင္းရဲတဲ့ မိသားစုမို႔ အေမ့မွာ အားကိုးစရာလဲ မရွိ မလုပ္တတ္ေပမယ့္ က်မတို႔ကို အမ်ိဳးစံု ေစ်းေရာင္းၿပီး ေကြၽးရရွာတယ္ အေမ့ ပုခုံးေပၚမွာ ေစ်းထမ္း ထမ္းရလြန္းလို႔ ဘုႀကီးေတာင္ ထြက္ေနရွာတယ္ 😭

ရက္ကြက္ထဲက ေယာက္်ား တႏွာ႐ူးေတြဆိုတာေလ သူတို႔မွာ မိန္းမေတြ ရွိရက္နဲ႔ မုဆိုးမ လင္ဆာေနမွာဘဲဆိုတဲ့အေတြးနဲ႔ အေမ့ကို ေႏွာက္ယွက္ၾကတယ္

ေစ်းေရာင္းျပန္ခ်ိန္ဆို အတင္းလိုက္ကပ္ အတင္းဆြဲနဲ႔ အေမ ရွက္လဲ ရွက္ခဲ့ရသလို အရမ္းလဲေၾကာက္ခဲ့ရတယ္တဲ့

အဲ့ဒီိေတာ့ အေမ အားကိုးရွာရတာေနမွာေပါ့ေနာ္

အေမ ေနာက္အိမ္ေထာင္ ျပဳရတယ္ (အေဖဆံုးျပ ီး တစ္ႏွစ္ မၾကာဘူးနဲ႔တူပါတယ္)

က်မ အကိုႀကီးက 7ႏွစ္8ႏွစ္အရြယ္ကို အေဖ့အမ်ိဳးေတြက သင္ေပးတယ္ နင့္အေမေယာက္်ားယူရင္ အဲ့ဒီလူက နင္တို႔ကို အရက္ဝယ္ခိုင္းမွာ နင္တို႔ကို ႏွိပ္စက္မွာလို႔ နားထဲကို ႐ိုက္သြင္းတယ္

အဲ့ဒီိေတာ့ ဒီေကာင္ေလးက အေမ့ကို မေျပာေပမယ့္ က်မတို႔ ပေထြးကို အရမ္းမုန္းတယ္ အေမတို႔ ယူကတည္းက အေမ က်ေနာ့ကို အရည္ဆို ဘာအရည္မွ မဝယ္ခိုင္းနဲ႔လို႔ ေျပာတယ္တဲ့ သူ အရက္ဝယ္ခိုင္းမွာ ေၾကာက္တာေနမွာ 😓( ဆီေတာင္ ဝယ္ခိုင္းလို႔ မရခဲ့ဘူး )

အေမယူတဲ့ေယာက္်ားက အေမ့ကို ခ်စ္သလို က်မတို႔အေပၚလဲ ေကာင္းပါတယ္ အေဖတစ္ေယာက္လိုဘဲ

က်မအကိုေတြကေတာ့ ႀကီးလာေလ သူ႔ကို မုန္းေလဘဲထင္တယ္ တစ္ခ်ိန္လုံး ရန္လို ရန္သတ္ ျပသနာရွာေနေတာ့ အေမ့မွာ မေအးခ်မ္းရျပန္ဘူး

အေမက ေနာက္အိမ္ေထာင္နဲ႔ ညီမေလး 2ေယာက္ထပ္ေမြးေတာ့ က်မ ညီမအႀကီးေလးက အရမ္းသနားစရာေကာင္းတယ္ အကိုက သူ႔အေဖကို မေက်နပ္တိုင္း သူ႔အေပၚ ပံုခ် ႏိုင္စားတာကို ခံခဲ့ရရွာတာ😑

က်မ အကိုေတြလဲ ပေထြးကိုမုန္းတဲ့စိတ္က ရင္ထဲမွာ အစိုင္အခဲလိုျဖစ္ေနၿပီး အရက္ေသာက္တတ္လာတယ္ အရမ္းလဲဆိုးတယ္ ရန္ပြဲတိုင္းမွာ တစ္ဘက္ဘဲေမး က်န္တဲ့တစ္ဘက္က က်မ အကို 2ေယာက္ပါတယ္🤨

က်မကေတာ့ သမီးဆိုေတာ့ အေမ့ရဲ႕ ရင္ဖြင့္စရာေပါ့

အေမက သူ ခံစားရတာေတြ သူ ဘာေၾကာင့္ ေယာက်္ားယူရတာေတြကို က်မကို ေျပာျပတယ္ အေမ့ကို အရမ္းသနားတာဘဲ အေမ့ကို အျပစ္လဲမျမင္ပါဘူး

သူ႔ဘဝ ၾကမ္းတမ္းခဲ့ရတာကို လူတိုင္း ဒီလို ဆံုးျဖတ္မိမွာဘဲထင္တယ္

အေမ အခ်ိန္ေတာ္ေတာ္ၾကာ သူ႔သားေတြ ဆိုးတဲ့ ဒါဏ္ ရဲစခန္း ေတြေရာက္ သူမ်ားကို ေလ်ာ္ေၾကးေပးရတဲ့ အႀကိမ္ေပါင္းမ်ားစြာ ႀကံဳခဲ့ရတာေတာင္ သူ႔သားေတြဆိုးတာက သူ ေနာက္အိမ္ေထာင္ျပဳလို႔ဆိုၿပီး အျမဲတမ္း စိတ္မေကာင္းျဖစ္ခဲ့ရတယ္😪

အခုေတာ့ အကိုေတြလဲ လိမၼာသြားၿပီ က်မတို႔လဲ ႀကီးလာေတာ့ အေမ့ကို ခ်မ္းသာတဲ့ဘဝ မဟုတ္ေပမယ့္ လိုေလေသးမရွိထားႏိုင္လို႔ အေမ စိတ္ခ်မ္းသာေနရပါၿပီ

အေမပင္ပမ္းခဲ့ရတာေတြကို ေတြးမိတိုင္း သနားလြန္းလို႔ အခုခ်ိန္မွာ ဘာေၾကာင့္မွ စိတ္မဆင္းရဲေစခ်င္သလို အေမ့အတြက္ဆို ဘာဘဲ ေပးဆပ္ရပါေစ က်မကေတာ့ ေပးဆပ္မွာဘဲ

ညီအမေတြကို ေျပာခ်င္တာက ႀကံဳလာတဲ့ ေလာကဓံကို ေျဖရွင္းတဲ့အခါ မွန္ကန္စြာ ေရြးခ်ယ္တတ္ဘို႔နဲ႔

ေရြးခ်ယ္တဲ့အခါ သားသား မီးမီးေလးေတြ ေနရာကပါ စဥ္းစားေပးၾကပါလို႔

သတၱိရွိရွိ ရဲရဲဝံ့ဝံ နဲ႔ သားသမီးေတြ အတြက္ ေလာကဓံကို ရင္ဆိုင္ ေက်ာ္ျဖတ္ေနၾကတဲ့ Single Momတိုင္းကို ေလးစားပါတယ္

အားမငယ္ စိတ္ဓာတ္ မက်ဘဲ အရာရာကို ရင္ဆိုင္ ေက်ာ္ျဖတ္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ယေန႔က်ေရာက္ေသာ အေမမ်ားေန႔ကို ဂုဏ္ျပဳပါတယ္

အားလံုးဘဲ fighting

မိန္းမသားတို႔၏ Comment မ်ား

A : မုဆုိးမ တခုလပ္ဆုိပီးေယာက္က်ားေတြကအကဲစမ္းခ်င္တာကုိမိန္းမေတြကလဲ မိန္းမခ်င္းစာနာစိတ္မရွိပဲ သူတုိ့ေယာက္က်ားကုိျမဴဆြယ္တယ္ဆုိပီး ေအာ္ဟစ္ဆဲဆုိ အေမကုိဆဲဆုိရုံတင္မကဘူး အရြယ္မေရာက္ေသးတဲ႔သားသမီးကုိပါပုတ္ခတ္ေစာ္ကားေသးတယ္ တခါတေလ ဘဝကုိစိတ္ဓာတ္က်မိတယ္

B : အေမကိုနားလည္မႈ႕ေပးတတ္တဲ႕စိတ္ေလးကိုခ်စ္တယ္ ဒီလိုဘဝဆိုတာကိုယ္တိုင္ေက်ာ္ျဖတ္ဖူးတဲ႕မိန္းမတိုင္းနားလည္စာနာတတ္ျကတယ္မိန္းမခ်င္းမစာနာတတ္ျကတာလဲဒို့မိန္းမခ်င္ဘဲအိမ္ေထာင္ဖက္မရွိတာနဲ႕သူ့လင္ခိုးႏိုးႏိုးအထင္ေသးျကတာလဲဒို့မိန္းမေတြဘဲ ဒါမို့တစ္ခ်ို့မိခင္ေတြကဒီလိုအခက္ခဲေတြေျကာင့္ေနာက္အိမ္ေထာင္ကိုျပုျဖစ္ျကတာ မမ လဲ(29)ႏွစ္မွာသားငယ္ေလးမီးတြင္းသံုးရက္သားထဲကသူ့အေဖကအေျကြးေတြနဲ႕ျပစ္ထားခဲ႕တာခုဆိုသားငယ္ေလစ(9)ႏွစ္ထဲေရာက္ေနပီငယ္ရြယ္ခ်ိန္ကေလးသံုးေယာက္အေမမို့ ရမလားလို့ေသြးတိုးစမ္းတဲ႕ေအာက္တန္းစားေယာက်္ားေတြနဲ႕ျကံုေတြ႕ရသလို ဒီမိန္းမ ကေလးေတြနဲ႕ျကာရွည္မရပ္တည္ႏိုင္ပါဘူးငါ့ေယာက်္ားမ်ားခိုးမလးလို့မိန္းမခ်င္းအထင္ေသးတာလဲျကံုဖူးတယ္ ဒါေတြကိုအံခဲျဖတ္ေက်ာ္ရတာခက္ခဲပင္ပန္းပါတယ္ဘာဘဲျဖစ္ျဖစ္ခုေနာက္ပိုင္းကိုယ္အေနမွန္ေတာ့ဘယ္သူမွမစရဲမေျပာရဲပါဘူးအိမ္ေထာင္ဖက္မရွိလို့ကေလးတစ္ဖက္နဲ႕ရပ္တည္ေနတဲ႕မိခင္တိုင္းကအရာရာသူ့သာသမီးကသူ့အတြက္နံပါတ္တစ္ပါဘဲ သားသမီးဆိုတဲ႕သံေယာဇဥ္ေလးေျကာင့္ခက္ခဲတဲ႕ျကားကသူတို့ဘဝကိုက်ားကန္ျပီးရပ္တည္ေနျကတာမို့ အထင္မျကီးရင္ေနပါေစအထင္ေသးမေစာ္ကားျကရင္ကိုကူညီရာေရာက္ပါတယ္

C : သမီးမတြက္အၿမဲဦးစာေပးတယ္ စိတ္ဒဏ္ရာရမွာအေၾကာက္ဆုံးပဲ

D : လိမ္မာလိုက္တဲ့သမီးေလး

ဒီ Post ေလးကေတာ့ တင္တင္ခ်င္းမွာပဲ မွတ္ခ်က္ ၁၁ ခုရွိျပီး အဲ့ထဲကမွ အနည္းစုကို ျပန္လည္မွ်ေ၀လိုက္ျခင္းျဖစ္ပါတယ္ . . .

မိန္းမသားတို႔ရင္ဖြင့္ရာ Group ကို အဖြဲ႕၀င္လိုပါက Comment မွာ Group လို႔ေရးခဲ့ေပးပါ