တစ်ကယ်ချစ်ရင်
ပင်မြင့်မှာပဲပွင့်ပွင့်လမ်းဘေးမှာပဲအလေ့ကျပေါက်ပေါက်
ကိုယ်မြတ်နိုးရင်တော့ အလှဆုံးပန်းပါပဲ။
အဝေးကြီးကလရောင်ကိုအလှဆုံးလို့ထင်မှတ်ပြီး
တမ်းတရူးသွပ်နေမယ့်အစားအနီးမှာရှိတဲ့
ပိုးစုန်းကြူးလေးရဲ့အလင်းရောင်က ကြေနပ်ကြည်နူးစိတ်နဲ့ဆို အတောက်ပဆုံးဖြစ်နေမှာပါ။
ဘယ်အရာမဆို ရောင့်ရဲတတ်တဲ့စိတ်ရှိခြင်းဟာ
မေတ္တာတရားဆိုတာကို လျံကျလာစေမှာပဲလေ။
အများကြီးမျော်လင့်မထားပါနဲ့။
ဘဝဆိုတာ တည်မြဲတဲ့အရာမဟုတ်ဘူးလေ။
Nan Khin May Win
တစ်ကယ်ချစ်ရင်
Nan Khin May Win