မိန်းကလေး အများစု သတိမထားမိသည့် အမှားများ

မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း။

မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှုရှိတယ်လို့လည်း ခံစားရတာကြောင့် မပါ မဖြစ် လွယ်သွားတတ်ကြပါတယ်။

ဒါ ပေမဲ့ ဖြစ်လေ့ရှိတဲ့ အမှားတွေကတော့ အိတ်ထဲကို ပစ္စည်းပစ္စယအစုံ ထည့်လွယ် တာပါပဲ။ ခဏတစ်ဖြုတ် လွယ်တာက ကိစ္စမရှိပေမယ့် ကြာကြာလွယ်ထားတာ က ပခုံးနဲ့ကျောရိုးကို နာကျင်စေပါတယ်။ ကြွက်သားတွေကိုလည်း အားနဲ့ဆွဲထား သလိုဖြစ်စေပြီး ကိုယ်အနေအထားလည်း မမှန်တာကြောင့် ကြွက်တက်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

(၂) ဒေါက်မြင့် ဖိနပ်စီးခြင်း။

ဒေါက်မြင့် ဖိနပ်စီးတာဟာ မိမိ ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုး တယ်လို့ ခံစားရစေတာကြောင့် မိန်းက လေးတိုင်း စီးလေ့ရှိပါတယ်။ အနေတော် ဒေါက်အမြင့်က အရိုးအဆစ်တွေကို ထိခိုက်မှုသိပ်မဖြစ်ပေမယ့် ဒေါက်မြင့်ဖိ နပ်တွေကတော့ ခြေထောက် သွေးကြော တွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲ တာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ်ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ် သက်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကိုလည်း ခံစားရတတ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်တာဟာ အမျိုး သားတွေသာ အများဆုံးပြုလုပ်လေ့ရှိပေ မယ့် ဆေးလိပ်သောက်တတ်တဲ့ အမျိုး သမီးတွေကိုလည်း လေ့လာချက်တွေပြု လုပ်ခဲ့ရာ ဟော်မုန်း မညီမျှမှုတွေ တွေ့ရ တဲ့အပြင် ကလေးမရနိုင်တာ၊ မီးဖွားတဲ့ အခါ ခက်ခဲတာတွေအပြင် အဆုတ်ကင် ဆာလည်းဖြစ်နိုင်တယ်လို့ တွေ့ရှိ ရပါတယ်။

(၄) ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို အချိန်ကြာကြာ ဝတ်ခြင်း။

အရမ်းကျပ်တဲ့ဂျင်းဘောင်းဘီတွေ ကို အချိန်ကြာကြာဝတ်ထားတာကြောင့် ခြေထောက်ကြွက်တက်တာ၊ ထုံကျဉ်တာ၊ ဆီးအိတ်ရောဂါနဲ့ မိန်းမကိုယ်မှိုစွဲတဲ့ရော ဂါတွေကိုလည်း ခံစားရနိုင်တယ်လို့ သိရ ပါတယ်။

(၅) ပါတီပွဲများတွင် အသောက်အစားများခြင်း

ပါတီပွဲတွေ၊ ပျော်ပွဲရွင်ပွဲတွေမှာ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ အရက် သောက်တာ၊ စားစရာတွေ မဆင်မခြေ စားတာဟာ ကျန်းမာရေးကို ထိခိုက်စေ တဲ့ အကြောင်းအရာထဲက တစ်ခုပါပဲ။

အိဖြူ

မိန္းကေလး အမ်ားစု သတိမထားမိသည့္ အမွားမ်ား

မိန္းကေလး အေတာ္မ်ားမ်ားဟာ ေန႔စဥ္သတိ မထားမိတဲ့ အမွားေတြ ျပဳလုပ္မိေနတယ္ ဆိုတာ မသိၾကပါဘူး။ အမွား ေသးေသးေလး ေတြဟာ အခ်ိန္ၾကာလာ တဲ့အခါ က်န္းမာေရး ထိခိုက္တဲ့ အထိ ျဖစ္ လာတတ္ ပါတယ္။

(၁) ေလးလြန္းသည့္ အိတ္မ်ားလြယ္ျခင္း။

မိန္းကေလး ေတြဟာ ဘယ္သြား သြား လြယ္တဲ့အိတ္ ဒါမွမဟုတ္ လက္ ဆြဲအိတ္ေတြ ယူသြားေလ့ ရွိပါတယ္။ အိတ္တစ္လံုးေလာက္ ကိုယ္နဲ႔အတူ ရွိေန တာဟာ အေဖာ္ရတဲ့အျပင္ ယံုၾကည္မႈရွိတယ္လို႔လည္း ခံစားရတာေၾကာင့္ မပါ မျဖစ္ လြယ္သြားတတ္ၾကပါတယ္။

ဒါ ေပမဲ့ ျဖစ္ေလ့ရွိတဲ့ အမွားေတြကေတာ့ အိတ္ထဲကို ပစၥည္းပစၥယအစံု ထည့္လြယ္ တာပါပဲ။ ခဏတစ္ျဖဳတ္ လြယ္တာက ကိစၥမရွိေပမယ့္ ၾကာၾကာလြယ္ထားတာ က ပခံုးနဲ႔ေက်ာ႐ိုးကို နာက်င္ေစပါတယ္။ ႂကြက္သားေတြကိုလည္း အားနဲ႔ဆြဲထား သလိုျဖစ္ေစၿပီး ကိုယ္အေနအထားလည္း မမွန္တာေၾကာင့္ ႂကြက္တက္တဲ့ အထိ ဆိုးရြားႏိုင္ပါတယ္။

(၂) ေဒါက္ျမင့္ ဖိနပ္စီးျခင္း။

ေဒါက္ျမင့္ ဖိနပ္စီးတာဟာ မိမိ ကိုယ္ကိုယ္ယံုၾကည္မႈရွိေစတဲ့ အျပင္ ပြဲတိုး တယ္လို႔ ခံစားရေစတာေၾကာင့္ မိန္းက ေလးတိုင္း စီးေလ့ရွိပါတယ္။ အေနေတာ္ ေဒါက္အျမင့္က အ႐ိုးအဆစ္ေတြကို ထိခိုက္မႈသိပ္မျဖစ္ေပမယ့္ ေဒါက္ျမင့္ဖိ နပ္ေတြကေတာ့ ေျခေထာက္ ေသြးေၾကာ ေတြကို ဖူးေရာင္ေစတာ၊ အ႐ိုးအက္ကြဲ တာ၊ အရြတ္စုတ္ၿပဲတာ၊ OA အဆစ္ေရာင္ေရာဂါနဲ႔ ေျခေထာက္၊ ခါး႐ိုးနဲ႔ ပတ္ သက္တဲ့ ေနာက္ဆက္တြဲ ေဝဒနာေတြကိုလည္း ခံစားရတတ္ပါတယ္။

(၃) ေဆးလိပ္ေသာက္ျခင္း။

ေဆးလိပ္ေသာက္တာဟာ အမ်ဳိး သားေတြသာ အမ်ားဆံုးျပဳလုပ္ေလ့ရွိေပ မယ့္ ေဆးလိပ္ေသာက္တတ္တဲ့ အမ်ဳိး သမီးေတြကိုလည္း ေလ့လာခ်က္ေတြျပဳ လုပ္ခဲ့ရာ ေဟာ္မုန္း မညီမွ်မႈေတြ ေတြ႕ရ တဲ့အျပင္ ကေလးမရႏိုင္တာ၊ မီးဖြားတဲ့ အခါ ခက္ခဲတာေတြအျပင္ အဆုတ္ကင္ ဆာလည္းျဖစ္ႏိုင္တယ္လုိ႔ ေတြ႕ရွိ ရပါတယ္။

(၄) ဂ်င္းေဘာင္းဘီ က်ပ္က်ပ္ကို အခ်ိန္ၾကာၾကာ ဝတ္ျခင္း။

အရမ္းက်ပ္တဲ့ဂ်င္းေဘာင္းဘီေတြ ကို အခ်ိန္ၾကာၾကာဝတ္ထားတာေၾကာင့္ ေျခေထာက္ႂကြက္တက္တာ၊ ထံုက်ဥ္တာ၊ ဆီးအိတ္ေရာဂါနဲ႔ မိန္းမကိုယ္မိႈစြဲတဲ့ေရာ ဂါေတြကိုလည္း ခံစားရႏိုင္တယ္လို႔ သိရ ပါတယ္။

(၅) ပါတီပြဲမ်ားတြင္ အေသာက္အစားမ်ားျခင္း

ပါတီပြဲေတြ၊ ေပ်ာ္ပြဲရြင္ပြဲေတြမွာ အ ေပါင္းအသင္း မိတ္ေဆြ ေတြနဲ႔ အရက္ ေသာက္တာ၊ စားစရာေတြ မဆင္မေျခ စားတာဟာ က်န္းမာေရးကို ထိခိုက္ေစ တဲ့ အေၾကာင္းအရာထဲက တစ္ခုပါပဲ။

အိျဖဴ