သတိရတာထက်ပိုပါတယ်
သတိရတာထက်ပိုပါတယ်
ကျမတို့အတိအလင်းလမ်းခွဲပြီးနောက်….
သူ့ကိုဆွဲထားခဲ့ချင်ပေမယ့်..ကျမ.နာကျင်စွာငိုခဲ့ရပါတယ်လေ..
သူ့အကြောင်းတွေးရင်း.အိမ်ထဲမှာပဲ.အပြင်လည်းမသွားချင်တော့ဘူး..ညဘက်တွေရောက်ရင်လည်း
ဘယ်သူမှ..မသိအောင်ကြိတ်ပြီးငိုကြွေးခဲ့ရပါတယ်
တစ်ခါ‌တစ်လေကျတော့လည်း….
သူ့ကို.သေလောက်အောင်လွမ်းတယ်..အလုပ်လည်း
လုပ်လို့မရဘူး..သူဘအကြောင်းတွေခေါင်းထဲဝင်လာတယ်.ဘာမှလည်းလုပ်ချင်စိတ်မရှိဘူး..
စိတ်ဓါတ်တွေပြိုလဲချိန်ပေါ့…..
တစ်ယောက်ထဲနေရတဲ့ဘဝကို.ပိုမက်မောလာတယ်
မတရားလွမ်းလာတဲ့အချိန်ဆို..မျက်ရည်တေကျမိလာတယ်..အရင်လို့တော့မငိုနိုင်တော့ဘူး။
ငိုတာကို.သူမကြိုက်လို့လေ…..
ခံစားချက်တေ.မွန်းကကျတ်လာတဲ့အခါ….
စိတ်လွတ်ကိုယ်လွတ်နေပစ်လိုက်တယ်….
သူ့ကိုသတိရတိုင်း..အစားတစ်ခုခုကိုစားပစ်တယ်
ကော်ဖီပူပူခါးခါးလေးသောက်မိတယ်။
ညဘက်ဆိလည်း.အိပ်ပျော်အောင်အိပ်မိတယ်..
သူ့.,အိမ်မက်ထဲကိုရောက်လာတက်လို့ပါ။ .
ကျမ တစ်ယောက်ထဲနေရတာ အဆင်ပြေတယ်လို့သာပြောလိုက်ရတာ..သူ.စိတ်ပူနေမှာစိုးလို့ပါ။
သူ နဲ့.နောက်ဆုံးပြောဖုန်းပြောခဲ့တဲ့.ဒီလို.၁၀ရက်နေ့ ညနေ.6;36.အချိန်လေးကိုရောက်တိုင်းရူးမတက်လွမ်းနေရတယ် .ဒါကြောင့်…..
ကျမ..သူနဲ့.ဖုန်းပြောခဲ့တဲ့.အိမ်ရှေ့ဝရန်တာလေးကို
ညနေတိုင်း.ကျမ.ခြေလှမ်းတေရောက်နေမိတယ်
သူ့ကို.အချိန်တိုင်း.စက္ကန့်တိုင်းသတိရနေမိတယ်
သူ.ကော..ကျမ.ကိုသတိရနေမလား..
လွမ်းနေမလား..မသေချာပေမယ့်..အိမ်မက်ထဲကိုရောက်လာနေတာတော့အသေချာပါပဲ…
ဒါကြောငိ့..သူ့.ကို..သတိရတာထက်ပိုပါတယ်။
သူ.တစ်ယောက်.အစစရာရာအဆင်ပြေပါစေ။
အလုပ်မှာ.အန္တာရယ်ကင်းပါစေ.ဘဝလေးအေးချမ်းပါစေ.လိုအင်ဆန္ဒတေအမြန်ဆုံးပြည့်ဝပါစေလို့ဆုတောင်းပေးရင်း။
မှီ..10;10am.10.5.2020
သတိရတာထက်ပိုပါတယ်
မှီ..10;10am.10.5.2020