နှလုံးသားကို ဦးနှောက်နဲ့ပုံသွင်းပါ
အချစ်တစ်ခုတည်းနဲ့ ဘဝကိုဖြတ်သန်းလို့ မရနိူင်ဘူးဆိုတာ မရှိပါဘူး…
သို့ပေမဲ့လည်း ရည်ရှည်မှာ မတည်မြဲကြတာကများပါတယ်…
“တစ်ကယ်ဆိုရင် အချစ်ပဲလိုတယ်”ဆိုတာ သီချင်းထဲမှာပဲရှိတာပါ…
လက်တွေ့မှာ ဗိုက်ဟောင်းလောင်းနဲ့အချစ်ကို ကိုးကွယ်နေလို့ဘယ်ရမလဲ…
အချစ်ရဲ့နောက်ကွယ်ကစား၊ဝတ်၊နေရေး ဆိုတာကအရေးပါဆုံးပဲမဟုတ်လား???
သား၊သမီး မရှိသေးသ၍ကတော့အဆင်ပြေနေသေးပေမယ့်
နောက်ပိုင်း သားသမီးရှေ့ရေးအတွက်က
လိုအပ်လာပြီးမို့ အချစ်ကိုနှလုံးသားနဲ့ဆုံးဖြတ်ပြီးရင် ဘဝကိုဦးနှောက်နဲ့ဆုံးဖြတ်ပြီး
ပုံသွင်းတတ်ဖို့က အဓိကကျလာပါပြီ…
လောကကြီးထဲမှာ အချစ်မရှိလို့ဒုက္ခရောက်တဲ့ သူရယ်လို့မရှိပါဘူး
အချစ်ကြောင့်သာ ဒုက္ခရောက်နေကြတဲ့သူတွေချည်းပါပဲ ဒါပေမယ့်
မချစ်ရဘူးလို့တော့ မပြောပါဘူး…
ချစ်ပါ အချစ်ဆိုတာဘယ်လို “Relationship “မဆိုအရေးပါပါတယ် အချစ်ရှိမှ
ကြည့်တဲ့အကြည့်တွေကိုက ချစ်တဲ့မျက်စိနဲ့ကြည့်တဲ့အတွက် အရာရာက လှပနေမှာပဲမဟုတ်လား…
သို့ပေမဲ့ ကိုယ်နဲ့ဘဝတစ်သက်လုံးလက်တွဲရမယ့် ဘဝလက်တွဲဖော်နဲ့ခိုင်မြဲစွာ လက်တွဲနိူင်ဖို့အတွက်
အချစ်တစ်ခုတည်းနဲ့ ဘဝကိုမပုံအပ်လိုက်ပါနဲ့ နှလုံးသားကို ဦးနှောက်နဲ့ပုံသွင်းပြီး…
ချစ်သင့် မချစ်သင့်လက်တွဲသင့် လက်မတွဲသင့်
ရေရှည်တည်မြဲခြင်း မတည်မြဲခြင်းကို
သေချာဆုံးဖြတ်ချက်မှန်ကန်နေဖို့ကအဓိကကျပါတယ်…
ဘာကြောင့်ပဲ ချစ်ချစ် နှလုံးသာကိုဦးနှောက်နဲ့ပုံသွင်းပြီး ချစ်တတ်ကြပါစေ…
လေးစားစွာဖြင့်
MayHsu(ရာမညမြေ)
ႏွလုံးသားကို ဦးေႏွာက္နဲ႔ပုံသြင္းပါ
အခ်စ္တစ္ခုတည္းနဲ႔ ဘဝကိုျဖတ္သန္းလို႔ မရႏိူင္ဘူးဆိုတာ မရွိပါဘူး…
သို႔ေပမဲ့လည္း ရည္ရွည္မွာ မတည္ၿမဲၾကတာကမ်ားပါတယ္…
“တစ္ကယ္ဆိုရင္ အခ်စ္ပဲလိုတယ္”ဆိုတာ သီခ်င္းထဲမွာပဲရွိတာပါ…
လက္ေတြ႕မွာ ဗိုက္ေဟာင္းေလာင္းနဲ႔အခ်စ္ကို ကိုးကြယ္ေနလို႔ဘယ္ရမလဲ…
အခ်စ္ရဲ႕ေနာက္ကြယ္ကစား၊ဝတ္၊ေနေရး ဆိုတာကအေရးပါဆုံးပဲမဟုတ္လား???
သား၊သမီး မရွိေသးသ၍ကေတာ့အဆင္ေျပေနေသးေပမယ့္
ေနာက္ပိုင္း သားသမီးေရွ႕ေရးအတြက္က
လိုအပ္လာၿပီးမို႔ အခ်စ္ကိုႏွလုံးသားနဲ႔ဆုံးျဖတ္ၿပီးရင္ ဘဝကိုဦးေႏွာက္နဲ႔ဆုံးျဖတ္ၿပီး
ပုံသြင္းတတ္ဖို႔က အဓိကက်လာပါၿပီ…
ေလာကႀကီးထဲမွာ အခ်စ္မရွိလို႔ဒုကၡေရာက္တဲ့ သူရယ္လို႔မရွိပါဘူး
အခ်စ္ေၾကာင့္သာ ဒုကၡေရာက္ေနၾကတဲ့သူေတြခ်ည္းပါပဲ ဒါေပမယ့္
မခ်စ္ရဘူးလို႔ေတာ့ မေျပာပါဘူး…
ခ်စ္ပါ အခ်စ္ဆိုတာဘယ္လို “Relationship “မဆိုအေရးပါပါတယ္ အခ်စ္ရွိမွ
ၾကည့္တဲ့အၾကည့္ေတြကိုက ခ်စ္တဲ့မ်က္စိနဲ႔ၾကည့္တဲ့အတြက္ အရာရာက လွပေနမွာပဲမဟုတ္လား…
သို႔ေပမဲ့ ကိုယ္နဲ႔ဘဝတစ္သက္လုံးလက္တြဲရမယ့္ ဘဝလက္တြဲေဖာ္နဲ႔ခိုင္ၿမဲစြာ လက္တြဲႏိူင္ဖို႔အတြက္
အခ်စ္တစ္ခုတည္းနဲ႔ ဘဝကိုမပုံအပ္လိုက္ပါနဲ႔ ႏွလုံးသားကို ဦးေႏွာက္နဲ႔ပုံသြင္းၿပီး…
ခ်စ္သင့္ မခ်စ္သင့္လက္တြဲသင့္ လက္မတြဲသင့္
ေရရွည္တည္ၿမဲျခင္း မတည္ၿမဲျခင္းကို
ေသခ်ာဆုံးျဖတ္ခ်က္မွန္ကန္ေနဖို႔ကအဓိကက်ပါတယ္…
ဘာေၾကာင့္ပဲ ခ်စ္ခ်စ္ ႏွလုံးသာကိုဦးေႏွာက္နဲ႔ပုံသြင္းၿပီး ခ်စ္တတ္ၾကပါေစ…
ေလးစားစြာျဖင့္
MayHsu(ရာမညေျမ)