ရယူချင်စိတ်များတဲ့သူဟာ စွန့်လွှတ်ရမှာကို ကြောက်တတ်တယ်။

ရယူချင်စိတ်များတဲ့သူဟာ စွန့်လွှတ်ရမှာကို ကြောက်တတ်တယ်။

ပိုင်ဆိုင်လိုမှုက တွယ်တာမှုကို ဖြစ်စေတယ်။

တွယ်တာများတော့ ပူလောင်မှုက တိုးလာတယ်။

ဒါကြောင့် အပူလျော့ဖို့ အယူလျှော့ရမယ်။

မကျေနပ်မှု အားကြီးရင် ငြိမ်းချမ်းမှုကို လျော့ပါးစေတတ်တယ်။

စိတ်လိုက်မာန်ပါ လုပ်တတ်မှုဟာ နှစ်ဦးနှစ်ဘက် မကျေမနပ်ဖြစ်ဖို့ သက်သက်ပါပဲ။

မကျေနပ်တာတွေ များလာရင် အသေသတ်တာတွေပါ ဖြစ်လာတတ်တယ်။

ဒါကြောင့် အနေမြတ်ဖို့ မကျေနပ်ချက်ကို လျှော့ရမယ်။

မသိတာတွေများလာရင် သိစရာတွေ ရှားလာတတ်တယ်။

အသိနည်းလာမှုက အမှန်အမှား ဝေဝါးမှုကို ဖြစ်ပေါ်စေတယ်။

အသိမဲ့လာမှုဟာ အရှိမဲ့မှုကို တိုးပွားစေတယ်။

ဒါကြောင့် အရှိမဆိုးဖို့ အသိတိုးအောင် လုပ်ရမယ်။

အရင်းစစ်တော့ အပူဆိုတာ သူများကြောင့်ပူတာထက်

ကိုယ့်လောဘ၊ ကိုယ့်ဒေါသ၊ ကိုယ့်မောဟကြောင့်ပဲ ပူတာမဟုတ်လား။

မနာပဒါယီ အရှင်ဝိစိတ္တ

ရယူခ်င္စိတ္မ်ားတဲ့သူဟာ စြန္႔လႊတ္ရမွာကို ေၾကာက္တတ္တယ္။

ပုိင္ဆုိင္လိုမႈက တြယ္တာမႈကို ျဖစ္ေစတယ္။

တြယ္တာမ်ားေတာ့ ပူေလာင္မႈက တုိးလာတယ္။

ဒါေၾကာင့္ အပူေလ်ာ့ဖုိ႔ အယူေလွ်ာ့ရမယ္။

မေက်နပ္မႈ အားႀကီးရင္ ျငိမ္းခ်မ္းမႈကို ေလ်ာ့ပါးေစတတ္တယ္။

စိတ္လိုက္မာန္ပါ လုပ္တတ္မႈဟာ ႏွစ္ဦးႏွစ္ဘက္ မေက်မနပ္ျဖစ္ဖုိ႔ သက္သက္ပါပဲ။

မေက်နပ္တာေတြ မ်ားလာရင္ အေသသတ္တာေတြပါ ျဖစ္လာတတ္တယ္။

ဒါေၾကာင့္ အေနျမတ္ဖုိ႔ မေက်နပ္ခ်က္ကို ေလွ်ာ့ရမယ္။

မသိတာေတြမ်ားလာရင္ သိစရာေတြ ရွားလာတတ္တယ္။

အသိနည္းလာမႈက အမွန္အမွား ေဝဝါးမႈကို ျဖစ္ေပၚေစတယ္။

အသိမဲ့လာမႈဟာ အရွိမဲ့မႈကို တုိးပြားေစတယ္။

ဒါေၾကာင့္ အရွိမဆုိးဖုိ႔ အသိတုိးေအာင္ လုပ္ရမယ္။

အရင္းစစ္ေတာ့ အပူဆိုတာ သူမ်ားေၾကာင့္ပူတာထက္

ကိုယ့္ေလာဘ၊ ကိုယ့္ေဒါသ၊ ကိုယ့္ေမာဟေၾကာင့္ပဲ ပူတာမဟုတ္လား။

မနာပဒါယီ အရွင္ဝိစိတၱ