အကုသိုလ်မှာ မပျော်ပါနဲ့ – မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

အကုသိုလ်မှာ မပျော်ပါနဲ့

လူအများစုဟာ ကိုယ်လုပ်နေတာ❝ ကုသိုလ်လား , အကုသိုလ်လား ❞ ဆိုတာခွဲခြား မသိကြဘူး …

အနည်းဆုံးတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကို❝ ကုသိုလ် , အကုသိုလ် ❞ ခွဲခြား သိသင့်တယ် …

❝ အကုသိုလ် ❞ လုပ်နေပေမယ့်အကုသိုလ် လုပ်နေတယ် ဆိုတာကိုလူတွေက သတိမထားကြဘဲ ကြုံသလို လုပ်နေကြတယ် …

စိတ်မထိန်းနိုင်လို့ အကုသိုလ်အမှု ပြုကျင့်မိသွားပြီ ဆိုရင်လည်း

ငါတော့ အကုသိုလ်လုပ်မိပြီ ဆိုတဲ့ အသိလေးတော့ အနည်းဆုံး ဝင်ဖို့ လိုပါတယ် …

အကုသိုလ် လုပ်မိပေမယ့် အကုသိုလ် လုပ်မိပြီလို့ သတိမထားမိတဲ့ လူကအကုသိုလ်ကို ပျော်ပျော်ကြီး လုပ်တော့တာပါပဲ …

ကြာလာတော့အကုသိုလ် လုပ်နေတာကို အပြစ်မရှိဘူးလို့ ထင်ပြီး အကုသိုလ်မှာ ပျော်သွားတတ်ပါတယ် …

အကုသိုလ်မှာ ပျော်နေတဲ့ပုဂ္ဂိုလ်အတွက်ကတော့ အန္တရာယ် စက်ကွင်းထဲ ရောက်သွားပြီ ဖြစ်လို့ကယ်တင်ဖို့အရမ်းကို ခဲယှဉ်းသွားပါပြီ …

အကုသိုလ်မှာ မပျော်မိပါစေနဲ့ …

အကုသိုလ် ဆိုတာ တစ်ခြားကဖြစ်တာ မဟုတ်ပါဘူး …

ကိုယ်ရဲ့ ကိုယ် , နှုတ် , နှလုံး သုံးပါးကပဲ ဖြစ်တာမို့

ကံသုံးပါးကို လုံခြုံအောင် စောင့်ထိန်းနိုင်ကြပါစေ …

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး













