နှစ်ယောက်တစ်ဘဝ စုံမက်ကြ၍လက်ထပ်အပြီး
ငါသည်အိမ်ထောင်ဦးစီးအိမ်ဦးနတ်ကြီး ငါ့စကားပြီးစေအမိန့်တွေနဲ့ မအုပ်ချုပ်နဲ့
ချစ်ခြင်းနဲ့စခဲ့ဇာတ်ကို မေတ္တာ သစ္စာ နားလည်မှုများ ဖေးမစာနာ သက်ညှာစွာနဲ့
တစ်ဦးနဲ့တစ်ဦး ကြည်ကြည်နူးနူးမြင်သူအားကျ စံပြဖြစ်စေ
ညှိနှိုင်းနေထိုင် စိတ်ဓာတ်စရိုက်မကိုက်တာရှိ
အပြန်အလှန်သည်းခံပါမှ နှစ်ဖက်မိဘညီမျှစွာသာ ထောက်ပံ့ကျေးဇူးအထူးဆပ်ပါ
ငါရှာနေတာငါ့မိဘသာ ကြည်ဖြူမှာပေါ့ငါတကောတွေ မကောကြနဲ့လေ
ကိုယ်ပိုင်ဆိုင်ထား ဇနီးခင်ပွန်းအားယောက္ခမဆိုသူ လူသားနှစ်ဦးကကျွေးမွေးပြုစု
ယုယပညာသင်ကြားပေးခဲ့ လူရာဝင်ကာဂုဏ်ရှိန်ထည်မှ သင်ကအသင့်ပိုင်ခွင့်ရခဲ့ ကျေးဇူးတရားသိတတ်ပါလေ
ယောက္ခမဆိုတာမိဘပါပဲ ဇနီးလင်သားပိုင်ဆိုင်ချိန်အား ဂုဏ်အပေါင်းဝေဆာဖိတ်စာထဲက နာမည်နောက်ပါ
အမြီးရှည်က နှစ်ရှည်လများငွေနဲ့အချိန် ရင်းနှီးပေးဆပ်ဖြည့်ဆည်းခဲ့တာ ယောက္ခမဆိုသူ
ထိုလူသားနှစ်ဦး ကျေးဇူးသိတတ်ရိုသေလေးမြတ် ဆက်ဆံပေးပါ
တလေးတစား အရေးထားတတ်ကြရင်ဖြင့်စိုပြည်သာယာ ထိုအိမ်ထောင်ရေးမျှော်တွေးမိရုံ ပြည့်စုံသာယာမှာပဲ ထင်မိတယ်
Myint Mo Thi Har
“ကိုယ္စီစာနာ နားလည္ၾကရင္”
ႏွစ္ေယာက္တစ္ဘဝ စုံမက္ၾက၍လက္ထပ္အၿပီး
ငါသည္အိမ္ေထာင္ဦးစီးအိမ္ဦးနတ္ႀကီး ငါ့စကားၿပီးေစအမိန္႔ေတြနဲ႔ မအုပ္ခ်ဳပ္နဲ႔
ခ်စ္ျခင္းနဲ႔စခဲ့ဇာတ္ကို ေမတၱာ သစၥာ နားလည္မႈမ်ား ေဖးမစာနာ သက္ညႇာစြာနဲ႔
တစ္ဦးနဲ႔တစ္ဦး ၾကည္ၾကည္ႏူးႏူးျမင္သူအားက် စံျပျဖစ္ေစ
ညႇိႏႈိင္းေနထိုင္ စိတ္ဓာတ္စ႐ိုက္မကိုက္တာရွိ
အျပန္အလွန္သည္းခံပါမွ ႏွစ္ဖက္မိဘညီမွ်စြာသာ ေထာက္ပံ့ေက်းဇူးအထူးဆပ္ပါ
ငါရွာေနတာငါ့မိဘသာ ၾကည္ျဖဴမွာေပါ့ငါတေကာေတြ မေကာၾကနဲ႔ေလ
ကိုယ္ပိုင္ဆိုင္ထား ဇနီးခင္ပြန္းအားေယာကၡမဆိုသူ လူသားႏွစ္ဦးကေကြၽးေမြးျပဳစု
ယုယပညာသင္ၾကားေပးခဲ့ လူရာဝင္ကာဂုဏ္ရွိန္ထည္မွ သင္ကအသင့္ပိုင္ခြင့္ရခဲ့ ေက်းဇူးတရားသိတတ္ပါေလ
ေယာကၡမဆိုတာမိဘပါပဲ ဇနီးလင္သားပိုင္ဆိုင္ခ်ိန္အား ဂုဏ္အေပါင္းေဝဆာဖိတ္စာထဲက နာမည္ေနာက္ပါ
အၿမီးရွည္က ႏွစ္ရွည္လမ်ားေငြနဲ႔အခ်ိန္ ရင္းႏွီးေပးဆပ္ျဖည့္ဆည္းခဲ့တာ ေယာကၡမဆိုသူ
ထိုလူသားႏွစ္ဦး ေက်းဇူးသိတတ္႐ိုေသေလးျမတ္ ဆက္ဆံေပးပါ
တေလးတစား အေရးထားတတ္ၾကရင္ျဖင့္စိုျပည္သာယာ ထိုအိမ္ေထာင္ေရးေမွ်ာ္ေတြးမိ႐ုံ ျပည့္စုံသာယာမွာပဲ ထင္မိတယ္
Myint Mo Thi Har