ကျမ… အချိန်ပေးပြီး မမုန်းဝံ့ဘူး… ပြန်ခေါ်ခွင့် မရလိုက်လို့ ရင်နာနာနဲ့ သေသွားလိုက်ရမှာ မရဲဘူးလေ…နော်…

ကျွန်မလေ…

ယောက်ျားနဲ့ သဘောထားချင်းမတူကြလို့

စိတ်ဆိုးငြင်းခုန်ပြီးလဲ စိတ်ဆိုးတဲ့အချက်ကို သူသိအောင် ပြောဆိုပြီး…

ခဏနေရင်..ဘာမှမဖြစ်သလို ကိုယ်ကစပြီး ပြန်ခေါ်တာပဲ…

အမှတ်မရှိတာ မဟုတ်ဘူးနော်

ဒီလိုဟာမျိုး အဆင်မပြေတာ/မကြိုက်တာ သိရင် ရပြီ..

ကြာရှည်စွဲမြဲစွာ မုန်းရတာ ဟာ ချစ်ခင်စုံမက်ပေါင်းဖက်ခွင့်ရတဲ့အချိန်တွေကို

ခိုးသွားတာမို့ နှမြောစရာ ကောင်းလို့ဘာနေနေ ပြန်ခေါ်ကြကြေး…လို့

သူသိအောင်တော့ ပြောပြထားရတာပေါ့…

ကျွန်မလေ…သမီးတွေကို စိတ်ဆိုးပြီး ဆူပူမိလဲ..

ခဏနေရင် ပြန်ရယ်ပြ ပြန်ခေါ် ပြန်ခွီတာပဲ….

ခွီနေ ရယ်နေရင်းလဲ ပြောရသေးတာအပြစ်မရှိတော့လို့ မေ့လိုက်တာမဟုတ်ဘူးနော်…

ကြာကြာစိတ်ဆိုး/ကောက်တတ်တာကို…မလိုချင်လို့..ဆိုတာ နားလည်အောင်/သိအောင် ပြောပြရတယ်…

ဒီလိုပါပဲ…ကျွန်မလေ…..

မိတ်ဆွေအပေါင်းအသင်းတွေ နဲ့လဲ အပြောအဆို အမူအကျင့်တွေ မတိုက်ဆိုင်တဲ့အခါ…

ခတ်မဆိတ် နေလိုက်တာမျိုးလဲ ရှိပါတယ်.

သိပ်ရင်းနှီးရင် ဖွင့်ပြောလိုက်တာမျိုးလဲ ရှိခဲ့တာပဲ…

ပြီးရင် ဘာမှ မဖြစ်ခဲ့သလို ပြန်ခေါ်ပြန်ပြော ပြန်ရယ်မောနိုင်ပြန်တယ်…

နောက်တခါ ဒါမျိုးမဖြစ်အောင်တော့ သတိနဲ့ ဆင်ခြင်လိုက်တာပေါ့…

(အများအမြင်မှာတော့ အမှတ်မရှိတဲ့သူ နဲ့ တူသွားပါတယ်..)

ဒါပေမယ့်လေ…ကျမရင်ထဲမှာ..

မသေခင် ချစ်ခွင့်ရချိန်လေးတွေကို မုန်းစိတ်နဲ့ ဖြတ်သန်းကုန်ဆုံးလိုက်ရမှာ..

နှမြောမိတာလေး တစ်ခုထဲ…ရှိခဲ့တာ…

ခုလို… ရင်တမမနဲ့ နေကြရတဲ့ အခြေအနေထဲ..

နေ့တိုင်း နေ့တိုင်း… မနက်ဖြန်ကိုတောင် တွေ့ခွင့်ရဖို့ မသေချာတာမို့…

ကျမ… အချိန်ပေးပြီး မမုန်းဝံ့ဘူး… ပြန်ခေါ်ခွင့် မရလိုက်လို့

ရင်နာနာနဲ့ သေသွားလိုက်ရမှာ မရဲဘူးလေ…နော်…

ချစ်ဖို့ပဲ သိတဲ့ ဝပု…

ကြၽန္မေလ…

ေယာက္်ားနဲ႔ သေဘာထားခ်င္းမတူၾကလို႔

စိတ္ဆိုးျငင္းခုန္ၿပီးလဲ စိတ္ဆိုးတဲ့အခ်က္ကို သူသိေအာင္ ေျပာဆိုၿပီး…

ခဏေနရင္..ဘာမွမျဖစ္သလို ကိုယ္ကစၿပီး ျပန္ေခၚတာပဲ…

အမွတ္မရွိတာ မဟုတ္ဘူးေနာ္

ဒီလိုဟာမ်ိဳး အဆင္မေျပတာ/မႀကိဳက္တာ သိရင္ ရၿပီ..

ၾကာရွည္စြဲၿမဲစြာ မုန္းရတာ ဟာ ခ်စ္ခင္စုံမက္ေပါင္းဖက္ခြင့္ရတဲ့အခ်ိန္ေတြကို

ခိုးသြားတာမို႔ ႏွေျမာစရာ ေကာင္းလို႔ဘာေနေန ျပန္ေခၚၾကေၾကး…လို႔

သူသိေအာင္ေတာ့ ေျပာျပထားရတာေပါ့…

ကြၽန္မေလ…သမီးေတြကို စိတ္ဆိုးၿပီး ဆူပူမိလဲ..

ခဏေနရင္ ျပန္ရယ္ျပ ျပန္ေခၚ ျပန္ခြီတာပဲ….

ခြီေန ရယ္ေနရင္းလဲ ေျပာရေသးတာအျပစ္မရွိေတာ့လို႔ ေမ့လိုက္တာမဟုတ္ဘူးေနာ္…

ၾကာၾကာစိတ္ဆိုး/ေကာက္တတ္တာကို…မလိုခ်င္လို႔..ဆိုတာ နားလည္ေအာင္/သိေအာင္ ေျပာျပရတယ္…

ဒီလိုပါပဲ…ကြၽန္မေလ…..

မိတ္ေဆြအေပါင္းအသင္းေတြ နဲ႔လဲ အေျပာအဆို အမူအက်င့္ေတြ မတိုက္ဆိုင္တဲ့အခါ…

ခတ္မဆိတ္ ေနလိုက္တာမ်ိဳးလဲ ရွိပါတယ္.

သိပ္ရင္းႏွီးရင္ ဖြင့္ေျပာလိုက္တာမ်ိဳးလဲ ရွိခဲ့တာပဲ…

ၿပီးရင္ ဘာမွ မျဖစ္ခဲ့သလို ျပန္ေခၚျပန္ေျပာ ျပန္ရယ္ေမာႏိုင္ျပန္တယ္…

ေနာက္တခါ ဒါမ်ိဳးမျဖစ္ေအာင္ေတာ့ သတိနဲ႔ ဆင္ျခင္လိုက္တာေပါ့…

(အမ်ားအျမင္မွာေတာ့ အမွတ္မရွိတဲ့သူ နဲ႔ တူသြားပါတယ္..)

ဒါေပမယ့္ေလ…က်မရင္ထဲမွာ..

မေသခင္ ခ်စ္ခြင့္ရခ်ိန္ေလးေတြကို မုန္းစိတ္နဲ႔ ျဖတ္သန္းကုန္ဆုံးလိုက္ရမွာ..

ႏွေျမာမိတာေလး တစ္ခုထဲ…ရွိခဲ့တာ…

ခုလို… ရင္တမမနဲ႔ ေနၾကရတဲ့ အေျခအေနထဲ..

ေန႔တိုင္း ေန႔တိုင္း… မနက္ျဖန္ကိုေတာင္ ေတြ႕ခြင့္ရဖို႔ မေသခ်ာတာမို႔…

က်မ… အခ်ိန္ေပးၿပီး မမုန္းဝံ့ဘူး… ျပန္ေခၚခြင့္ မရလိုက္လို႔

ရင္နာနာနဲ႔ ေသသြားလိုက္ရမွာ မရဲဘူးေလ…ေနာ္…

ခ်စ္ဖို႔ပဲ သိတဲ့ ဝပု…