အရမ်းကိုလွယ်ကူတဲ့ ပူရီလေးလုပ်စားကြမယ်

အိမ်မှာ ဂျုံဘဲရှိတယ် ဘာလုပ်စားလို့ရလဲဆိုသူတွေအတွက်

အရမ်းကိုလွယ်ကူတဲ့ ပူရီလေးလုပ်စားကြမယ်

ဂျုံ ဆီ ဆား ရေ ဒါနဲ့ဘဲမုန့်သားလုပ်ပြီး

ဆီပူပူနဲ့ကြော်ရုံဘဲနော် (ဆီနေရာမှာထောပတ်ဆီထည့်ချင်ထည့်လဲရ ရိုးရိုးဆီလည်းရ)

ဂျုံကို ဆီနဲနဲထည့် ဆားလေးနဲနဲထည့်

ပြီးရင်ရေးလေးနဲနဲဆီထည့်ထည့်ပြီး နယ်သွား

ဂျုံစီးသွားရင် လုံးထားပြီး ဂျုံးသားပွအောင်

အိအောင် အဝတ်ပါးလေးနဲ့အုပ်ပြီး နာရီဝက်တစ်နာရီလောက်နှပ်ထား

ရပြီဆို အလုံးလေးတွေအနေတော်ကိုယ်အဆင်ပြေသလိုလုပ်ပြီး ဒလိမ့်တုံးနဲ့ဖိပြီးလှိမ့်

ဒလှိမ့်တုံးမရှိရင်ပုလင်းနဲ့လှိမ့်ပါ

ကြွပ်ကြွပ်ကြိုက်ရင် ပါးနိူင်သလောက်ပါး

အထူအိအိလေးကြိုက်ရင် ထူထူလေးလုပ်

အဝိုင်းလေးတွေရပြီဆို ဆီပူပူမှာကြော်ရုံပါဘဲ

ကဲ ကြော်ပြီးရင်တော့ ပဲဟင်း အချဉ်လေးတွေနဲ့တွဲစားလို့ရပြီနော်

ဟုတ်ကဲ့ ဝါသနာရှင်လေးကပြန်မျှဝေလိုက်ပါတယ်

winelaymaymay











ကြွပ်ကြွပ်ကြိုက်ရင် ပါးနိုင်သလောက်ပါး





winelaymaymay