ဘဝမှာ ကြုံတွေ့လာရတဲ့ အရာတိုင်း အကောင်းအဆိုးတိုင်း က ကိုယ်ရဲ့ ရွေးခြယ်မှု့ကြောင့်ပါ

ဘဝမှာ ကြုံတွေ့လာရတဲ့ အရာတိုင်း အကောင်းအဆိုးတိုင်း က ကိုယ်ရဲ့ ရွေးခြယ်မှု့ကြောင့်ပါ

ကိုယ့်ရဲ့ ရွေးခြယ်မှု့ကြောင့်

ကံကောင်းခြင်းတွေ အမှန်တရားတွေ ကြုံရလဲ

ငါ အရမ်းတော်တယ်လို့ မတွေးနဲ့ အရမ်း ဂုဏ်မဖော်လိုက်နဲ့

သူများတွေကိုလဲ အထင်မသေးနဲ့

ကိုယ့်ရဲ ရွေးခြယ်မှု့ကြောင့်

ကံဆိုးခြင်းတွေ အမှားတွေ ရှုံးနိမ့်မှု့တွေ ကြုံရလဲ

ငါ ညံ့လိုက်တာလို့မတွေးနဲ့ ငါ့ကျမှ ဒီလို အဖြစ်မျိုးနဲ့ ကြုံရလားဆိုပြီး ဝမ်းမနည်းနဲ့

နောင်တတွေနဲ့ လဲကျမနေပါနဲ့

လူတိုင်းက ရွေးခြယ်မှု့တိုင်း ကို မှန်မယ်ထင်လို့ ရွေးခြယ်ခဲ့ကြတာကြည့်ပဲ

ငါတော့ အမှားတွေ လုပ်လိုက်မယ် ငါတော့ မီးပုံထဲ ခုံချလိုက်မယ်လို့

ဘယ်သူမှ တွေးပြီး ရွေးခြယ်ခဲ့ကြတာမဟုတ်ဘူး

အဲ့ဒီတော့ အကောင်းတွေ ကြုံလာခဲ့ရင် ကိုယ်ရွေးခြယ်မှု့ မှန်ကန်ခဲ့တယ်

အဲ့ဒီမှန်ကန်တဲ့ရွေးခြယ်မှု့ ကို ဘယ်လို ဆက်ပြီး ထိန်းသိမ်းရမလဲ ဆိုတာကိုပဲ စဉ်းစားမယ် ကြိုးစားရမယ်

အဆိုးတွေနဲ့ ကြုံလာခဲ့ရင်လဲ

နောင်တမရပါနဲ့ ပြီးခဲ့တာတွေက ကိုယ့်အမှားတွေ ကိုယ့်ရွေးခြယ်မှု့မှားခဲ့တာဆိုပြီး နောင်တမရနဲ့

ကိုယ်ကိုယ်တိုင် ကြိုက်နှစ်သက်လို့ ရွေးခြယ်ခဲ့တာ ဖြစ်လို့ နောင်တရစရာမလိုဘူး

အမှာတွေး နဲ့ အဆိုးတွေဆိုတာ လူတိုင်းမှာ ကြုံနိုင်တာပဲ

ကိုယ်တစ်ယောက်ထဲ ဖြစ်တာမဟုတ်ဘူး ဆိုတဲ့စိတ်နဲ့

အားတင်းပြီး ဆက်လျှောက်ပါ.

လူတိုင်းမှာ ပန်းတိုင်ရှိတယ်

တချိန်ချိန်မှာတော့ ပန်းဝင်ပြီး အောင်မြင်ကြရမှာပါ

အနှေးနဲ့ အမြန်ပဲ ရှိတယ် အားလျှော့ပြီး လဲကျပြစ်ဖို့ မတွေးလိုက်ပါနဲ့

အောင်မြင်ပျော်ရွှင်တဲ့ ပန်းတိုင်ဆိုတာ ၁ လမ်းထဲရှိတာ မဟုတ်ပါဘူး

လမ်းပေါင်း များစွာရှိပါတယ်

လမ်းကြမ်းတွေထဲက သွားရပြီမှ ရတဲ့ ပန်းတိုင်က

ပိုပြီး အနှစ်ရှိပြီး အဓိပ္ပာယ်ပိုရှိတာပေါ့

သားသားမေမေSS




ငါ အ၇မ်းတော်တယ်လို့ မတွေးနဲ့ အရမ်း ဂုဏ်မဖော်လိုက်နဲ့
























သားသားမေမေSS