စိတ်ကိုblock လိုက်တယ်

စိတ်ကိုblock လိုက်တယ်

သူများက ဘာလဲ၊ဘယ်လဲ၊ ဘယ်လောက်ရှိ၊ ဘယ်လောက်အတိုင်းအတာ၊ ဘယ်လောက် လုပ်နိုင်၊မလုပ်နိုင် စသည်ဖြင့် သူများအကြောင်းတွေနဲ့ ကိုယ့်ခေါင်းထဲမှာ အမှိုက်ဖြစ်မယ့် အတွေးတွေကို ပယ်ရှားရင်း၊ ကိုယ့်ကိုယ်ကိုယ် ဘာစိတ်မွေးနေလဲ၊ ကိုယ်မွေးတဲ့စိတ်က ကိုယ့်ကို အေးချမ်းမှုပေးနေလား၊ပူလောင်မှုပေးနေလား၊ ဒီစိတ်ကအမှိုက် ကိုယ့်ခေါင်းထဲရှုပ်ပွစေတယ်ဆိုရင် ဒီစိတ်ကို block လုပ်လိုက်တယ်။

ဒီစိတ်က ကိုယ့်ခေါင်းကို ကြည်လင်အေးမြသလို၊ ကိုယ့်ရင်ကို အေးမြစေတယ်ဆိုရင် ဒီစိတ်ကို Save လုပ်ထားဖို့တတ်လာတယ်။

မြင်မြင်သမျှကို ပြောစရာလို့မမြင်သလို၊ ပြောစရာဖြစ်ခဲ့ရင်တောင် ဒီနေရာမှာ အကျိုးမဲ့လိမ့်မယ်ဆိုရင်၊ အကျိုးမဲ့မယ့်အချိန်မှာ မပြောဖြစ်မိအောင် ကိုယ့်စိတ်ကို ဆင်ခြင်တုံတရားနဲ့ Friend လုပ်ပေးလိုက်တယ်။

တစ်ခါတလေမှာ ကိုယ့်ပြောမှဖြစ်မယ်၊ ကိုယ်လုပ်မှဖြစ်မယ်လို့အထင်လွန်နေကြတာပါ၊ အမှန်တကယ်တော့ တစ်ချို့နေရာတွေမှာ ကိုယ်မရှိလေ ပိုဖြစ်လေ၊

ကိုယ်မလုပ်လေ ပိုဖြစ်လေ ဆိုတဲ့ အတွေ့အကြုံတွေ ရလာတဲ့အခါ၊ အထင်လွန်နဲ့ ကိုယ့်စိတ်ရဲ့မာန်ကို ပြန်လည်သုံးသပ်ပြီး ရှက်ဖို့တတ်လာ သလို တိတ်ဆိတ် မှုတွေကို လည်း မြတ်နိုးလာတယ်။
သင့်ဦးနှောက်ကို အမှိုက်ပုံးမဖြစ်စေနဲ့ စာအုပ်မှ

မေတ္တာဖြင့်

အရှင်ဇနက(မန္တလေးစာသင်သား)

စိတ္ကိုblock လိုက္တယ္

သူမ်ားက ဘာလဲ၊ဘယ္လဲ၊ ဘယ္ေလာက္ရွိ၊ ဘယ္ေလာက္အတိုင္းအတာ၊ ဘယ္ေလာက္ လုပ္ႏိုင္၊မလုပ္ႏိုင္ စသည္ျဖင့္ သူမ်ားအေၾကာင္းေတြနဲ႔ ကိုယ့္ေခါင္းထဲမွာ အမႈိက္ျဖစ္မယ့္ အေတြးေတြကို ပယ္ရွားရင္း၊ ကိုယ့္ကိုယ္ကိုယ္ ဘာစိတ္ေမြးေနလဲ၊ ကိုယ္ေမြးတဲ့စိတ္က ကိုယ့္ကို ေအးခ်မ္းမႈေပးေနလား၊ပူေလာင္မႈေပးေနလား၊ ဒီစိတ္ကအမႈိက္ ကိုယ့္ေခါင္းထဲရႈပ္ပြေစတယ္ဆိုရင္ ဒီစိတ္ကို block လုပ္လိုက္တယ္။

ဒီစိတ္က ကိုယ့္ေခါင္းကို ၾကည္လင္ေအးျမသလို၊ ကိုယ့္ရင္ကို ေအးျမေစတယ္ဆိုရင္ ဒီစိတ္ကို Save လုပ္ထားဖို႔တတ္လာတယ္။

ျမင္ျမင္သမွ်ကို ေျပာစရာလို႔မျမင္သလို၊ ေျပာစရာျဖစ္ခဲ့ရင္ေတာင္ ဒီေနရာမွာ အက်ိဳးမဲ့လိမ့္မယ္ဆိုရင္၊ အက်ိဳးမဲ့မယ့္အခ်ိန္မွာ မေျပာျဖစ္မိေအာင္ ကိုယ့္စိတ္ကို ဆင္ျခင္တုံတရားနဲ႔ Friend လုပ္ေပးလိုက္တယ္။

တစ္ခါတေလမွာ ကိုယ့္ေျပာမွျဖစ္မယ္၊ ကိုယ္လုပ္မွျဖစ္မယ္လို႔အထင္လြန္ေနၾကတာပါ၊ အမွန္တကယ္ေတာ့ တစ္ခ်ိဳ႕ေနရာေတြမွာ ကိုယ္မရွိေလ ပိုျဖစ္ေလ၊

ကိုယ္မလုပ္ေလ ပိုျဖစ္ေလ ဆိုတဲ့ အေတြ႕အႀကဳံေတြ ရလာတဲ့အခါ၊ အထင္လြန္နဲ႔ ကိုယ့္စိတ္ရဲ႕မာန္ကို ျပန္လည္သုံးသပ္ၿပီး ရွက္ဖို႔တတ္လာ သလို တိတ္ဆိတ္ မႈေတြကို လည္း ျမတ္ႏိုးလာတယ္။
သင့္ဦးေႏွာက္ကို အမႈိက္ပုံးမျဖစ္ေစနဲ႔ စာအုပ္မွ

ေမတၱာျဖင့္

အရွင္ဇနက(မႏၲေလးစာသင္သား)