သူ့စိတ်ကိုမကြည့်ဘဲ ကိုယ့်စိတ်ကိုကြည့်ပါ

သူ့စိတ်ကိုမကြည့်ဘဲ ကိုယ့်စိတ်ကိုကြည့်ပါ

စိတ်ချမ်းသာမှုကို၊ရချင်တဲ့သူက၊

သူ့စိတ်ကို၊လိုက်ကြည့်ရတာမဟုတ်ဘူး၊

ကိုယ့်စိတ်ကို၊လိုက်ကြည့်ရတာဖြစ်ပါတယ်။

သူ့စိတ်ကို၊လိုက်ကြည့်နေလို့၊သူ့စိတ်မှာဖြစ်နေ

တဲ့၊အရာတွေကို အပြည့်အစုံသိရတာမှ၊မဟုတ်တာ၊ပင်ပန်းရုံပဲ၊မောရုံပဲရှိမှာပါပဲ။

ကိုယ့်စိတ်ကို၊လိုက်ကြည့်တယ်ဆိုတာ၊ကိုယ့်စိတ်ကို၊အတင်းထိန်းချုပ်နေတာမဟုတ်ဘူး၊

ကိုယ့်စိတ်မှာ၊သူ့ကို မကျေနပ်ဖြစ်နေလား၊အဲဒီမကျေနပ်တဲ့စိတ်ကိုပဲကြည့်၊

ကိုယ့်စိတ်မှာအလိုမကျဖြစ်နေလားအဲဒီအလိုမကျဖြစ်နေတဲ့ စိတ်ကိုပဲကြည့်ခိုင်းတာပါ။

ကိုယ့်စိတ်ရဲ့အခြေအနေကို၊ကြည့်ပေးနေခြင်းသည်၊

ကိုယ့်စိတ်ကို၊မနာကျင်ရဘဲ၊ထိန်းချုပ်ခြင်းဖြစ်ပါတယ်။

တစ်ခါတလေ၊စိတ်ကို အသိမပါဘဲ၊မတတ်သာလို့၊ထိန်းချုပ်လိုက်ရတာက၊စိတ်ဒဏ်ရာကို၊ပေးတတ်ပါတယ်။

အားလုံး စိတ်အေးချမ်းကြပါစေ။

မေတ္တာဖြင့်အရှင်ဇနက(မန္တလေးစာသင်သား)

သူ႔စိတ္ကိုမၾကည့္ဘဲ ကိုယ့္စိတ္ကိုၾကည့္ပါ

စိတ္ခ်မ္းသာမႈကို၊ရခ်င္တဲ့သူက၊

သူ႔စိတ္ကို၊လိုက္ၾကည့္ရတာမဟုတ္ဘူး၊

ကိုယ့္စိတ္ကို၊လိုက္ၾကည့္ရတာျဖစ္ပါတယ္။

သူ႔စိတ္ကို၊လိုက္ၾကည့္ေနလို႔၊သူ႔စိတ္မွာျဖစ္ေန

တဲ့၊အရာေတြကို အျပည့္အစုံသိရတာမွ၊မဟုတ္တာ၊ပင္ပန္း႐ုံပဲ၊ေမာ႐ုံပဲရွိမွာပါပဲ။

ကိုယ့္စိတ္ကို၊လိုက္ၾကည့္တယ္ဆိုတာ၊ကိုယ့္စိတ္ကို၊အတင္းထိန္းခ်ဳပ္ေနတာမဟုတ္ဘူး၊

ကိုယ့္စိတ္မွာ၊သူ႔ကို မေက်နပ္ျဖစ္ေနလား၊အဲဒီမေက်နပ္တဲ့စိတ္ကိုပဲၾကည့္၊

ကိုယ့္စိတ္မွာအလိုမက်ျဖစ္ေနလားအဲဒီအလိုမက်ျဖစ္ေနတဲ့ စိတ္ကိုပဲၾကည့္ခိုင္းတာပါ။

ကိုယ့္စိတ္ရဲ႕အေျခအေနကို၊ၾကည့္ေပးေနျခင္းသည္၊

ကိုယ့္စိတ္ကို၊မနာက်င္ရဘဲ၊ထိန္းခ်ဳပ္ျခင္းျဖစ္ပါတယ္။

တစ္ခါတေလ၊စိတ္ကို အသိမပါဘဲ၊မတတ္သာလို႔၊ထိန္းခ်ဳပ္လိုက္ရတာက၊စိတ္ဒဏ္ရာကို၊ေပးတတ္ပါတယ္။

အားလုံး စိတ္ေအးခ်မ္းၾကပါေစ။

ေမတၱာျဖင့္အရွင္ဇနက(မႏၲေလးစာသင္သား)