ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့အချိန်ပဲ…အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့မိန်းမ၊
နွေးထွေးမှုကို တောင့်တနေချိန်မှာအေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ၊
ဂရုတစိုက်နဲ့ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာလျစ်လျူရှုခံခဲ့ရတဲ့မိန်းမ
အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါယောကျ်ားတွေ မာကျောပါတယ်ဆိုတာထက်ပိုပြီး ကြောက်ဖို့ကောင်းသွားတယ်
သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကိုမျက်ကွယ်ပြုခံလိုက်ရတဲ့အတွက်မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ နေသားကျသွားတဲ့အချိန်က ကြောက်စရာ အကောင်းဆုံးပဲ
သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင် အပိုတွေ လာလုပ်ပြနေတယ်
ဘာတွေလဲ စိတ်ရှုပ်လိုက်တာဆိုပြီးတော့ကိုစိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ရော
အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး ကပ်ချွဲနေလည်း မခံစားတတ်တော့ဘူူးလေ
အထူးအဆန်းတွေ ဖြစ်နေတာအဲ့လို အခြေအနေမျိုးမှာ ယောကျ်ားလေးဘက်က
ဘယ်လိုပဲ ချော့ချော့ ဘယ်လိုပဲ လိုက်လျောလိုက်လျောသူမဘက်က ဘာမှ မလိုအပ်တော့ဘူး တန်ဖိုးမထားတတ်တော့ဘူး
အဲ့တော့ အဆင်ပြေကြလည်း ခနပဲ ရေရှည်မှာ လက်တွဲဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး
အစမှ မကောင်းခဲ့တာ အနှောင်းဆိုတာလည်း မသေချာတော့ဘူးလေ အဲ့အချိန်ကျမှ အဲ့မိန်းမကို အပစ်တင်လို့ မရဘူး
စာရွက်ပေါ်မှာ မှားခဲ့ရင် ပြန်ဖျက်ဖို့ ခဲဖျက်ရှိတယ်နှလုံးသားထဲမှာ အနာဖြစ်သွားရင် ပျောက်အောင်လုပ်ဖို့ မလွယ်ဘူး မေ့အောင်လုပ်ဖို့ မဖြစ်နိုင်ဘူးအချစ်ဆိုတဲ့အရာကို ချစ်တယ်ဆိုတဲ့ စကားနဲ့ မဖော်ကြူးပါနဲ့
မြတ်နိုးတန်ဖိုးထားမှုနဲ့ ဖော်ကြူးပါ။ ဂရုစိုက်ကြင်နာမှုနဲ့ ဖော်ကြူးပါအကယ်၍ အဲဒီအရာတွေ ပျောက်ကွယ်နေပြီဆိုရင်သေချာတယ် သင်တို့ကြားမှာ အချစ်ဆိုတာ မရှိတော့ဘူး
သံယောဇဉ်ကြိုးမျှင်မျှင်လေးပဲ ကျန်တော့တာပါ…။
sakura
ဥေပကၡာေတြနဲ႔ ေနသားက်သြားတဲ့အခ်ိန္ပဲ…အခ်စ္ကို လိုေနခ်ိန္မွာ အခ်စ္မခံရတဲ့မိန္းမ၊
ေႏြးေထြးမႈကို ေတာင့္တေနခ်ိန္မွာေအးတိေအးစက္ ဆက္ဆံခံရတဲ့မိန္းမ၊
ဂရုတစိုက္နဲ႔ၾကင္နာတာေတြကို ေမၽွာ္လင့္ေနခ်ိန္မွာလ်စ္လ်ဴရႈခံခဲ့ရတဲ့မိန္းမ
အဲ့လိုမိန္းမေတြ ေအးစက္သြားတဲ့အခါေယာက်္ားေတြ မာေက်ာပါတယ္ဆိုတာထက္ပိုၿပီး ေၾကာက္ဖို႔ေကာင္းသြားတယ္
သူတို႔လိုအပ္ေနခ်ိန္မွာ သူတို႔လိုအပ္ခ်က္ေတြကိုမ်က္ကြယ္ျပဳခံလိုက္ရတဲ့အတြက္မခ်စ္တတ္ မၾကင္နာတတ္တဲ့ဘဝမွာ ေနသားက်သြားတဲ့အခ်ိန္က ေၾကာက္စရာ အေကာင္းဆံုးပဲ
သူတို႔ေအးစက္သြားတဲ့အခ်ိန္မွ လာၿပီး ၾကင္နာျပ ခ်စ္ျပေနရင္ အပိုေတြ လာလုပ္ျပေနတယ္
ဘာေတြလဲ စိတ္ရႈပ္လိုက္တာဆိုၿပီးေတာ့ကိုစိတ္ထဲမွာ ကသိကေအာက္ေတြ ျဖစ္ကုန္ေရာ
အနားမွာ လာကပ္ေနရင္ကို စိတ္အေႏွာက္အယွက္ေတြ ျဖစ္ေနတာ အျမဲတမ္း တေယာက္တည္း ပစ္ထားခံရတဲ့ ဘဝမွာ ေနသားက်ေနေတာ့ လာၿပီး ကပ္ခၽြဲေနလည္း မခံစားတတ္ေတာ့ဘူူးေလ
အထူးအဆန္းေတြ ျဖစ္ေနတာအဲ့လို အေျခအေနမ်ိဳးမွာ ေယာက်္ားေလးဘက္က
ဘယ္လိုပဲ ေခ်ာ့ေခ်ာ့ ဘယ္လိုပဲ လိုက္ေလ်ာလိုက္ေလ်ာသူမဘက္က ဘာမွ မလိုအပ္ေတာ့ဘူး တန္ဖိုးမထားတတ္ေတာ့ဘူး
အဲ့ေတာ့ အဆင္ေျပၾကလည္း ခနပဲ ေရရွည္မွာ လက္တြဲဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူး
အစမွ မေကာင္းခဲ့တာ အေႏွာင္းဆိုတာလည္း မေသခ်ာေတာ့ဘူးေလ အဲ့အခ်ိန္က်မွ အဲ့မိန္းမကို အပစ္တင္လို႔ မရဘူး
စာရြက္ေပၚမွာ မွားခဲ့ရင္ ျပန္ဖ်က္ဖို႔ ခဲဖ်က္ရွိတယ္ႏွလံုးသားထဲမွာ အနာျဖစ္သြားရင္ ေပ်ာက္ေအာင္လုပ္ဖို႔ မလြယ္ဘူး ေမ့ေအာင္လုပ္ဖို႔ မျဖစ္ႏိုင္ဘူးအခ်စ္ဆိုတဲ့အရာကို ခ်စ္တယ္ဆိုတဲ့ စကားနဲ႔ မေဖာ္ၾကဴးပါနဲ႔
ျမတ္ႏိုးတန္ဖိုးထားမႈနဲ႔ ေဖာ္ၾကဴးပါ။ ဂရုစိုက္ၾကင္နာမႈနဲ႔ ေဖာ္ၾကဴးပါအကယ္၍ အဲဒီအရာေတြ ေပ်ာက္ကြယ္ေနၿပီဆိုရင္ေသခ်ာတယ္ သင္တို႔ၾကားမွာ အခ်စ္ဆိုတာ မရွိေတာ့ဘူး
သံေယာဇဥ္ႀကိဳးမၽွင္မၽွင္ေလးပဲ က်န္ေတာ့တာပါ…။
sakura