ရင့်ကျက်တဲ့မိန်းမ
တွေဝေခဲ့ဖူးတာပေါ့…
ဂျောက်ချတတ်တဲ့လူတစ်ချို့ကြောင့်
ရှင်ရက်နဲ့ သေသွားသလို မြော်လင့်ချက်မဲ့သွားချိန်က…
လမ်းပျောက်ခဲ့ဖူးတာပေါ့…
မနာလိုသူတစ်ချို့ကြောင့်ရည်မှန်းချက်တွေပြိုလဲလို့
ဘဝလမ်းကိုစမ်းတဝါးဝါးလျှောက်သွားခဲ့ချိန်က…
ရူးသွပ်ခဲ့ဖူးတာပေါ့…
အချစ်ရဆုံးဆိုသူကဂတိစကားတွေအထပ်ထပ်ပေးပြီး
ရိုးသားမူကိုခုတုံးလုပ်,လို့သစ္စာဖောက်ဖျက်ချန်ထားရစ်ခဲ့ချိန်က…
ခံစားခဲ့ဖူးတာပေါ့…
စိတ်ဓာတ်နိမ့်ကျတဲ့လူတစ်ချို့ကြောင့်
ပြစ်ပယ်ချိုးနှိမ်ခံရဖန်များလို့ ဆောက်တည်ရာမရပြေးထွက်ခဲ့ချိန်က…
စိတ်နာခဲ့ဖူးတာပေါ့…
မိတ်ဆွေစစ်လို့ထင်မှတ်ထားသူတစ်ချို့က
ရှေ့မှာတော့အပြုံးပန်းတွေတဝေဝေနဲ့ ပွေ့ဖက်နမ်းရူံ့လက်ဆွဲနူတ်ဆက်ကြပေမယ့်
နောက်ကွယ်လဲရောက်ရော မဲ့ရွဲ့အတင်းစကားဆိုလို့
နောက်ကျောဓားနဲ့ထိုးခံခဲ့ရချိန်က…
ပြန်တွေးကြည့်တော့
ဘဝဆိုတာ,တစ်ခါတစ်ရံရယ်စရာကောင်းတဲ့
အပေါစားပျက်လုံးတွေနဲ့ကြုံဆုံခဲ့ရသလိုပဲ…
စိတ်ဓာတ်တွေ ခြေဖဝါးအောက်ရောက်နေတဲ့လူတစ်ချို့ကြောင့်
ဒါဏ်ရာအထပ်ထပ်ခံစားခဲ့ရတဲ့ကိုယ်ဟာ
ခုတော့လည်းလာသမျှအခက်အခဲတွေကို “သနားတယ်”လို့ပြောရင်း
အပြုံးမပျက်ကျော်ဖြတ်လာနိုင်တဲ့
ရင့်ကျက်တဲ့မိန်းမတစ်ယောက်အဖြစ်နဲ့ပေါ့…
Nan Khin May Win
ရင့္က်က္တဲ့မိန္းမ
ေတြေဝခဲ့ဖူးတာေပါ့…
ေဂ်ာက္ခ်တတ္တဲ့လူတစ္ခ်ိဳ႕ေၾကာင့္
႐ွင္ရက္နဲ႔ ေသသြားသလို ေျမာ္လင့္ခ်က္မဲ့သြားခ်ိန္က…
လမ္းေပ်ာက္ခဲ့ဖူးတာေပါ့…
မနာလိုသူတစ္ခ်ိဳ႕ေၾကာင့္ရည္မွန္းခ်က္ေတြၿပိဳလဲလို႔
ဘဝလမ္းကိုစမ္းတဝါးဝါးေလ်ွာက္သြားခဲ့ခ်ိန္က…
႐ူးသြပ္ခဲ့ဖူးတာေပါ့…
အခ်စ္ရဆံုးဆိုသူကဂတိစကားေတြအထပ္ထပ္ေပးၿပီး
ရ္ုိးသားမူကိုခုတံုးလုပ္,လို႔သစၥာေဖာက္ဖ်က္ခ်န္ထားရစ္ခဲ့ခ်ိန္က…
ခံစားခဲ့ဖူးတာေပါ့…
စိတ္ဓာတ္နိမ့္က်တဲ့လူတစ္ခ်ိဳ႕ေၾကာင့္
ျပစ္ပယ္ခ်ိဳးႏွိမ္ခံရဖန္မ်ားလို႔ ေဆာက္တည္ရာမရေျပးထြက္ခဲ့ခ်ိန္က…
စိတ္နာခဲ့ဖူးတာေပါ့…
မိတ္ေဆြစစ္လို႔ထင္မွတ္ထားသူတစ္ခ်ိဳ႕က
ေ႐ွ႕မွာေတာ့အျပံဳးပန္းေတြတေဝေဝနဲ႔ ေပြ႔ဖက္နမ္းရံူ႔လက္ဆြဲႏူတ္ဆက္ျကေပမယ့္
ေနာက္ကြယ္လဲေရာက္ေရာ မဲ့ရြဲ႔အတင္းစကားဆိုလို႔
ေနာက္ေက်ာဓားနဲ႔ထိုးခံခဲ့ရခ်ိန္က…
ျပန္ေတြးၾကည့္ေတာ့
ဘဝဆိုတာ,တစ္ခါတစ္ရံရယ္စရာေကာင္းတဲ့
အေပါစားပ်က္လံုးေတြနဲ႔ၾကံဳဆံုခဲ့ရသလိုပဲ…
စိတ္ဓာတ္ေတြ ေျခဖဝါးေအာက္ေရာက္ေနတဲ့လူတစ္ခ်ိဳ႕ေၾကာင့္
ဒါဏ္ရာအထပ္ထပ္ခံစားခဲ့ရတဲ့ကိုယ္ဟာ
ခုေတာ့လည္းလာသမ်ွအခက္အခဲေတြကို “သနားတယ္”လို႔ေျပာရင္း
အျပံဳးမပ်က္ေက်ာ္ျဖတ္လာႏိုင္တဲ့
ရင့္က်က္တဲ့မိန္းမတစ္ေယာက္အျဖစ္နဲ႔ေပါ့…
Nan Khin May Win