“မိန်းမသားတို့အတွက်”
ချစ်သူချင်းလမ်းခွဲခွဲအိမ်ထောင်တစ်ခု ပြိုကွဲကွဲ
မျက်ရည်လည်ရွဲငိုပွဲဆင်တာ မိခင်စိတ်ရှင်နူးညံ့ငြင်သာ အားနွဲ့ပါတဲ့ မိန်းမသားတွေပါ
ချစ်သူအဖြစ် ဆန်းစစ်ရွေးချယ် ဘဝတစ်သက် ရွှေလက်တွဲဖို့
စိတ်ကူးနဲ့ရူး ပျော်မြူးမဆုံးခင် မထင်မှတ်ဘဲ ငင်လာကြမ္မာ ခြံခုန်သူက ပေးရက်ပါတဲ့
အသည်းကွဲဝေဒနာ အိမ်ထောင်တစ်ခု အစပြုတော့
ရိုးမြေကျပဲ ထင်ကြတယ်
နေ့တွေလပြောင်း ကာလညောင်းတော့
ခြံခုန်စနိုက် ဇာတ်တွေရှုပ်လာ မျက်ရည်ဖြာပေါ့ ဇနီးသည်ရယ်
မိန်းမသားတစ်ယောက်အတွက်
သောကကြီးစွာ ဗေဒင်ယတြာ မျိုးစုံစွာလေ လုပ်တတ်ကြတဲ့
အမျိုးသမီးတို့ရယ် ကိုယ်ဆွဲထားမှ မြဲမယ့်လက်များ ဖြုတ်ချလိုက်ပါကွယ်
ရဲဝံ့စိတ်ထား ကြံ့ခိုင်အားနဲ့ လောကဓံက တွန်းဖြိုလှဲလည်း
ပစ်တိုင်းထောင်ထုံး နှလုံးမူထားရင်း အလုပ်တွင်စိတ်နစ်ဝင်ငွေတိုးလာ နှစ်ကာလကြာ
ကိုယ်ပိုင်အနေအထား အဆင့်အတန်းများ မြင့်သထက်မြင့်လာ
အတိတ်ကအသည်းကွဲအရိပ်ဝေဒနာထဲ အပြီးသတ်နှုတ်ဆက်
စိတ်ကြည်လင်စွာ အေးချမ်းပါစေ
ချစ်သောမိန်းမသား အပေါင်းတို့ရေ
မြင့်မိုရ်သီဟာ
“မိန္းမသားတို႔အတြက္”
ခ်စ္သူခ်င္းလမ္းခြဲခြဲအိမ္ေထာင္တစ္ခု ၿပိဳကြဲကြဲ
မ်က္ရည္လည္႐ြဲငိုပြဲဆင္တာ မိခင္စိတ္ရွင္ႏူးညံ့ျငင္သာ အားႏြဲ႕ပါတဲ့ မိန္းမသားေတြပါ
ခ်စ္သူအျဖစ္ ဆန္းစစ္ေ႐ြးခ်ယ္ ဘဝတစ္သက္ ေ႐ႊလက္တြဲဖို႔
စိတ္ကူးနဲ႔႐ူး ေပ်ာ္ျမဴးမဆုံးခင္ မထင္မွတ္ဘဲ ငင္လာၾကမၼာ ၿခံခုန္သူက ေပးရက္ပါတဲ့
အသည္းကြဲေဝဒနာ အိမ္ေထာင္တစ္ခု အစျပဳေတာ့
႐ိုးေျမက်ပဲ ထင္ၾကတယ္
ေန႔ေတြလေျပာင္း ကာလေညာင္းေတာ့
ၿခံခုန္စႏိုက္ ဇာတ္ေတြရႈပ္လာ မ်က္ရည္ျဖာေပါ့ ဇနီးသည္ရယ္
မိန္းမသားတစ္ေယာက္အတြက္
ေသာကႀကီးစြာ ေဗဒင္ယၾတာ မ်ိဳးစုံစြာေလ လုပ္တတ္ၾကတဲ့
အမ်ိဳးသမီးတို႔ရယ္ ကိုယ္ဆြဲထားမွ ၿမဲမယ့္လက္မ်ား ျဖဳတ္ခ်လိုက္ပါကြယ္
ရဲဝံ့စိတ္ထား ႀကံ့ခိုင္အားနဲ႔ ေလာကဓံက တြန္းၿဖိဳလွဲလည္း
ပစ္တိုင္းေထာင္ထုံး ႏွလုံးမူထားရင္း အလုပ္တြင္စိတ္နစ္ဝင္ေငြတိုးလာ ႏွစ္ကာလၾကာ
ကိုယ္ပိုင္အေနအထား အဆင့္အတန္းမ်ား ျမင့္သထက္ျမင့္လာ
အတိတ္ကအသည္းကြဲအရိပ္ေဝဒနာထဲ အၿပီးသတ္ႏႈတ္ဆက္
စိတ္ၾကည္လင္စြာ ေအးခ်မ္းပါေစ
ခ်စ္ေသာမိန္းမသား အေပါင္းတို႔ေရ
ျမင့္မိုရ္သီဟာ