ခြ်တ္ရခက္တဲ့အစြန္းအမ်ိဳးမ်ိဳးကိုကြ်တ္ေစမယ့္ လြယ္ကူသက္သာနည္းလမ္းေကာင္းမ်ား

အဝတ္အထည္ေတြမွာ အစြန္းေတြစြန္းသြားတဲ့အခါ ဒီအစြန္းေလးတစ္ခုအတြက္ အဝတ္တစ္ထည္လံုးကိုလႊင့္ပစ္လိုက္စရာမလိုပါဘူး။ ဆီအစြန္း၊ အေရာင္အစြန္းအပါအဝင္ အဝတ္မွာစြန္းတတ္တဲ့အစြန္းအမ်ိဳးမ်ိဳးကိုခြ်တ္နိုင္မယ့္ လြယ္ကူသက္သာတဲ့ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေကာ္ဖီ၊လက္ဖက္ရည္အစြန္း

Design space stained paper textured background

သြားတိုက္ေဆးအနည္းငယ္ကို ေကာ္ဖီ၊လက္ဖက္ရည္အစြန္းေတြေပၚမွာ ခပ္ပါးပါးေလးလိမ္းျပီး ေျခာက္တဲ့အထိိထားလိုက္ပါ။ သြားတိုက္ေဆးေျခာက္သြားတဲ့အခါ သြားပြတ္တံေလးနဲ႕ပြတ္တိိုက္ျပီး ေလွ်ာ္ဖြပ္ေပးလိုက္ပါ။ အစြန္းေတြေပ်ာက္သြားပါလိမ့္မယ္။

(၂) မင္အစြန္း

အဝတ္မွာမင္ေတြစြန္းသြားရင္ သံပရိုရည္အနည္းငယ္နဲ႕ဆြတ္ျပီး ေလွ်ာ္ေပးလိုက္ရင္ မင္အစြန္းေတြေပ်ာက္သြားပါလိမ့္မယ္။

(၃) ဆီအစြန္း

freepik

အဝတ္မွာဆီစြန္းသြားတဲ့အခါ စြန္းသြားတဲ့ေနရာကို ေျမျဖူနဲ႕ပြတ္ထားျပီးမွ ေလွ်ာ္ေပးလိုက္ပါ။ ဒါမွမဟုတ္ ဆီစြန္္းတဲ့ေနရာမွာ မုန္႕ဖုတ္ဆိုဒါကိုျဖူးလိုက္ျပီး ေျခာက္သြားတဲ့အခါမွ ေလွ်ာ္ေပးလိုက္ပါ။ ဆီအစြန္းေတြေပ်ာက္သြားပါလိမ့္မယ္။

(၄) အေရာင္အစြန္း

အဝတ္ေတြေရာေလွ်ာ္ျပီး တစ္ထည္နဲ႕တစ္ထည္အေရာင္ေတြစြန္းကုန္တဲ့အခါ အဝတ္တစ္ထည္ခ်င္းကို ရွာလကာရည္နဲ႕ေရေနြးေရာထားတဲ့အထဲတစ္နာရီခန္႕စိမ္ထားျပီးမွ ျပန္ေလွ်ာ္ေပးလိုက္ပါ။

(၅) ေခြ်းအစြန္း

freepik

အက်ႌခ်ိုင္းေနရာမွာ ေခြ်းေတြစြန္းေနတာကိုေပ်ာက္ဖို႕ သံပရိုရည္နဲ႕မုန္႕ဖုတ္ဆိုဒါကိုေရာျပီးရလာတဲ့အႏွစ္နဲ႕ သုတ္လိမ္းကာ ေျခာက္သြားမွ ျပန္ေလွ်ာ္လိုက္ပါ။ ေခြ်းအစြန္းေတြေပ်ာက္သြားပါလိ္မ့္မယ္။

(၆) ေကာ္ေဇာေတြမွာစြန္းတဲ့အစြန္းေတြ

မုန္႕ဖုတ္ဆိုဒါကိုေရနဲ႕ေရာျပီး ရလာတဲ့အနွစ္ကို ေကာ္ေဇာေပၚကအစြန္းေတြေပၚမွာ သုတ္လိမ္းကာ ဘရပ္နဲ႕ပြတ္ျပီးေလွ်ာ္ေပးလိုက္ပါ။

written by PP

အဝတ်အထည်တွေမှာ အစွန်းတွေစွန်းသွားတဲ့အခါ ဒီအစွန်းလေးတစ်ခုအတွက် အဝတ်တစ်ထည်လုံးကိုလွှင့်ပစ်လိုက်စရာမလိုပါဘူး။ ဆီအစွန်း၊ အရောင်အစွန်းအပါအဝင် အဝတ်မှာစွန်းတတ်တဲ့အစွန်းအမျိုးမျိုးကိုချွတ်နိုင်မယ့် လွယ်ကူသက်သာတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကော်ဖီ၊လက်ဖက်ရည်အစွန်း

သွားတိုက်ဆေးအနည်းငယ်ကို ကော်ဖီ၊လက်ဖက်ရည်အစွန်းတွေပေါ်မှာ ခပ်ပါးပါးလေးလိမ်းပြီး ခြောက်တဲ့အထိထားလိုက်ပါ။ သွားတိုက်ဆေးခြောက်သွားတဲ့အခါ သွားပွတ်တံလေးနဲ့ပွတ်တိုက်ပြီး လျှော်ဖွပ်ပေးလိုက်ပါ။ အစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၂) မင်အစွန်း

အဝတ်မှာမင်တွေစွန်းသွားရင် သံပရိုရည်အနည်းငယ်နဲ့ဆွတ်ပြီး လျှော်ပေးလိုက်ရင် မင်အစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၃) ဆီအစွန်း

အဝတ်မှာဆီစွန်းသွားတဲ့အခါ စွန်းသွားတဲ့နေရာကို မြေဖြူနဲ့ပွတ်ထားပြီးမှ လျှော်ပေးလိုက်ပါ။ ဒါမှမဟုတ် ဆီစွန်းတဲ့နေရာမှာ မုန့်ဖုတ်ဆိုဒါကိုဖြူးလိုက်ပြီး ခြောက်သွားတဲ့အခါမှ လျှော်ပေးလိုက်ပါ။ ဆီအစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၄) အရောင်အစွန်း

အဝတ်တွေရောလျှော်ပြီး တစ်ထည်နဲ့တစ်ထည်အရောင်တွေစွန်းကုန်တဲ့အခါ အဝတ်တစ်ထည်ချင်းကို ရှာလကာရည်နဲ့ရေနွေးရောထားတဲ့အထဲတစ်နာရီခန့်စိမ်ထားပြီးမှ ပြန်လျှော်ပေးလိုက်ပါ။

(၅) ချွေးအစွန်း

အင်္ကျီချိုင်းနေရာမှာ ချွေးတွေစွန်းနေတာကိုပျောက်ဖို့ သံပရိုရည်နဲ့မုန့်ဖုတ်ဆိုဒါကိုရောပြီးရလာတဲ့အနှစ်နဲ့ သုတ်လိမ်းကာ ခြောက်သွားမှ ပြန်လျှော်လိုက်ပါ။ ချွေးအစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၆) ကော်ဇောတွေမှာစွန်းတဲ့အစွန်းတွေ

မုန့်ဖုတ်ဆိုဒါကိုရေနဲ့ရောပြီး ရလာတဲ့အနှစ်ကို ကော်ဇောပေါ်ကအစွန်းတွေပေါ်မှာ သုတ်လိမ်းကာ ဘရပ်နဲ့ပွတ်ပြီးလျှော်ပေးလိုက်ပါ။

written by PP