ထိုင်ခုံမှာထိုင်ပြီးလုပ်ရုံနဲ့အဆီကျစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်း(၃)မျိုး


နည်းလမ်း (၁)

freepik


နည်းလမ်း (၂)


နည်းလမ်း (၃)

freepik


written by PP

လှုပ်ရှားမှုနည်းလို့ ခန္ဓာကိုယ်မှာ အဆီတွေစုလာတဲ့အခါ အဲ့ဒီစုလာတဲ့အဆီတွေကိုချဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်၊ အစားအသောက်ဆင်ခြင်ဖို့လိုပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်၊အပင်ပန်းလည်းမခံနိုင်တဲ့သူတွေကတော့ လွယ်ကူသက်သာတဲ့ လေ့ကျင့်ခန်းလုပ်နည်းလေးတွေကို သိချင်ကြပါတယ်။ အဲ့ဒီလိုနည်းလေးတွေရှာနေတဲ့သူတွေအတွက် ကိုယ်အလုပ်လုပ်တဲ့ ထိုင်ခုံမှာထိုင်ရင်း အဆီကျအောင်လုပ်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

နည်းလမ်း (၁)

ထိုင်ခုံအစွန်မှာထိုင်ပြီး ခါးကိုမတ်ထားပါ။ လက်နှစ်ဖက်ကို ထိုင်ခုံဘေးတစ်ဖက်တစ်ချက်မှာကိုင်ထားပြီး ခေါင်းကိုအပေါ်မော့လိုက်ကာ မျက်နှာကျက်ကိုကြည့်ပါ။ အသက်ကိုခပ်ပြင်းပြင်းလေး ရှူသွင်း၊ရှူထုတ်လုပ်လိုက်ပြီး ခေါင်းကိုပြန်ငုံ့လိုက်ပါ။ ခေါင်းကိုပြန်ငုံ့တဲ့အချိန်မှာ ဗိုက်ကြွက်သားတွေကို တောင့်ထားပါ။ အဲ့ဒါကို သုံးကြိမ်လုပ်ပါ။

နည်းလမ်း (၂)

ထိုင်ခုံအစွန်မှာ ထိုင်ပြီးခါးကိုမတ်ထားပါ။ လက်နှစ်ဖက်က ထိုင်ခုံလက်တန်းနှစ်ဖက်ကိုကိုင်ထားပြီး ခါးကိုအနောက်သို့အနည်းငယ် လှန်ချလိုက်ကာ ခြေထောက်နှစ်ဖက်ကို ကပ်ကြေးညှပ်တဲ့ပုံစံမျိုး လုပ်ပေးပါ။ အကြိမ်နှစ်ဆယ်ခန့်လုပ်ပါ။

နည်းလမ်း (၃)

ထိုင်ခုံမှာပုံမှန်ထိုင်နေကျအတိုင်းထိုင်ပါ။ ခါးကိုမတ်ထားပြီး လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာထားကာ နောက်ကျောကို အနောက်ဘက်သို့ကော့လှန်လိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်နေပြီး နဂိုပုံစံအတိုင်းပြန်နေပါ။ အဲ့ဒါကို (၅) ကြိမ်ခန့်လုပ်ပါ။

written by PP