Facebook သုံးသူတိုင်း အစစအရာရာ သတိထားနိုင်ကြပါစေ

ကိုယ်နဲ့နှစ်အတော်ကြာ ပေါင်းသင်းလာတဲ့သူငယ်ချင်းတွေထဲမှာတောင် နောက်ကျောကိုဓားနဲ့ထိုးတဲ့သူတွေ ရှိနေတတ်သေးတာ

ခုမှလိုင်းပေါ်မှာ Comment လေးတစ်ခါပေးဖူးလို့သိတာနဲ့ အလုံးစုံအကြွင်းမဲ့ မယုံကြည်လိုက်ပါနဲ့

ရိုးသားတဲ့လူတွေရှိတယ် . . .စိတ်ရင်းစေတနာနဲ့ကူညီမယ့်သူတွေရှိတယ်. . .အဲ့လိုပဲ လိမ်မယ့်သူတွေလည်းရှိတယ် . . .

အလုပ်လိုချင်လို့ ကူညီကြပါလို့ သွားမပြောနဲ့ . . . ညီမရေ မြို့ပေါ်မှာလုပ်ရမယ် ၅ သိန်း ၆ သိန်းရတယ် လုပ်ချင်ရင်လာခဲ့ဆိုလို့ လောဘကြီးပြီးမသွားနဲ့ ဖာခန်းတွေ မာဆတ်တွေ ရောက်သွားမယ် သတိထား . . .

အဲ့လိုပဲ ညီမကတော့ နိုင်ငံခြားကပြန်လာတာမကြာသေးဘူး အရင်းအနှီးက သိန်း ဘယ်နှဆယ်ရှိတာ ဘာလုပ်ရမလဲမသိလို့ အကြံပေးပါဦးလို့ မတင်လိုက်နဲ့ ရှယ်ယာလိုနေတာ ရှယ်ယာထည့်ပါလားဆိုတဲ့လူလိမ်တွေ ရောက်လာလိမ့်မယ် . . .

အဲ့လိုပဲ ညီမက ကလေးတစ်ဖက်နဲ့ အပိုဝင်ငွေလေးရအောင် ဘာလုပ်ရမလဲ အကြံပေးပါဦးဆို မတင်လိုက်နဲ့ OS လုပ်ပါလား . . ဒီလောက်ပဲရင်းရမှာ ဒီလောက်ရင်းရင် လစဉ် ၁၀ သိန်းလောက်အေးဆေးပဲ. . . လုပ်လည်းလုပ်လိုက်ရော အဲ့ပစ္စည်းတွေ ရောင်းမထွက်ပဲ ကိုယ့်အိမ်မှာ အမှိုက်ဖြစ်နေရော . . .

အားလုံးအစစအရာရာ သတိထားနိုင်ကြပါစေ

Nay Lin (tameelay)

ကိုယ္နဲ့ႏွစ္အေတာ္ၾကာ ေပါင္းသင္းလာတဲ့သူငယ္ခ်င္းေတြထဲမွာေတာင္ ေနာက္ေက်ာကိုဓားနဲ့ထိုးတဲ့သူေတြ ရွိေနတတ္ေသးတာ

ခုမွလိုင္းေပၚမွာ Comment ေလးတစ္ခါေပးဖူးလို့သိတာနဲ့ အလံုးစံုအၾကြင္းမဲ့ မယံုၾကည္လိုက္ပါနဲ့

ရိုးသားတဲ့လူေတြရွိတယ္ . . .စိတ္ရင္းေစတနာနဲ့ကူညီမယ့္သူေတြရွိတယ္. . .အဲ့လိုပဲ လိမ္မယ့္သူေတြလည္းရွိတယ္ . . .

အလုပ္လိုခ်င္လို႔ ကူညီၾကပါလို့ သြားမေျပာနဲ့ . . . ညီမေရ ျမိဳ႕ေပၚမွာလုပ္ရမယ္ ၅ သိန္း ၆ သိန္းရတယ္ လုပ္ခ်င္ရင္လာခဲ့ဆိုလို့ ေလာဘၾကီးျပီးမသြားနဲ့ ဖာခန္းေတြ မာဆတ္ေတြ ေရာက္သြားမယ္ သတိထား . . .

အဲ့လိုပဲ ညီမကေတာ့ ႏို္င္ငံျခားကျပန္လာတာမၾကာေသးဘူး အရင္းအႏွီးက သိန္း ဘယ္ႏွဆယ္ရွိတာ ဘာလုပ္ရမလဲမသိလို႔ အၾကံေပးပါဦးလို့ မတင္လိုက္နဲ့ ရွယ္ယာလိုေနတာ ရွယ္ယာထည့္ပါလားဆိုတဲ့လူလိမ္ေတြ ေရာက္လာလိမ့္မယ္ . . .

အဲ့လိုပဲ ညီမက ကေလးတစ္ဖက္နဲ့ အပို၀င္ေငြေလးရေအာင္ ဘာလုပ္ရမလဲ အၾကံေပးပါဦးဆို မတင္လိုက္နဲ့ OS လုပ္ပါလား . . ဒီေလာက္ပဲရင္းရမွာ ဒီေလာက္ရင္းရင္ လစဥ္ ၁၀ သိန္းေလာက္ေအးေဆးပဲ. . . လုပ္လည္းလုပ္လိုက္ေရာ အဲ့ပစၥည္းေတြ ေရာင္းမထြက္ပဲ ကိုယ့္အိမ္မွာ အမွိုက္ျဖစ္ေနေရာ . . .

အားလံုးအစစအရာရာ သတိထားႏိုင္ၾကပါေစ

Nay Lin (tameelay)