facebook သုံးသူတိုင်းအတွက် သင်ခန်းစာ လူလိမ်တွေမှာ ဂျိုမပါ

မိန်းမသားတို့ရင်ဖွင့်ရာ Group မှ သမီးလေးတစ်ယောက်ရေးတဲ့စာ

Adminတင်တဲ့ပိုစ့်လေး ထောက်ခံပေးခြင်တာရယ်ကိုယ့်အတွေ့ကြုံလေးလည်းရှင်းပြပေးခြင်လို့ပါ

စာလေးကတော့ရှည်ပါတယ် ဗဟုသုတရစေခြင်လို့ပါ လူလိမ်တွေမှာ ဂျိုမပါလို့ပါ

ကိုယ်ရဲ့အားနည်းချက်က သူတစ်ပါးကိုအရမ်းစာနာပြီကူညီပေးခြင်းတာပဲ အဲ့ဒါကိုအခွင့်ရေးယူပြီအလိမ်ခံရရုံတင်မကဘူး စေတနာပါအစော်ကားခံလိုက်ရတယ်

တနေ့မှာ ခင်ခဲ့ကြတယ်ပေါ့ သူကအရမ်းစိတ်ဆင်းရဲနေရတယ်ပေါ့ ယောကျ်ားကခရီးတွေပဲသွားပြီး ပြန်လာရင်လည်းခဏပေါ့ သူ့ကိုအိမ်ထဲမှာပဲ သိမ်းထားတယ် မျက်စိပိတ်နားပိတ်ပေါ့ စီးပွားတွေလည်းမလုပ်တတ်တော့

ယောကျ်ားပြောတာပဲယုံပြီးနေရတယ်ပေါ့ စီးပွားတွေကလည်း ကျနေပြီးပေါ့ အမေ့အိမ်ကိုတောင် ပြောင်းနေရပြီးဆိုပြီစတာတွေပေါ့

ကိုယ်ကလည်းသိတဲ့အတိုင်းပဲ မိန်းကလေးတွေကိုအဲ့ဒီလိုအဖြစ်မျိုးဆိုရင် မခံမရပ်နိုင်နဲ့ ဘာလုပ်ခြင်လဲပေါ့ အားလုံးကူညီပေးမယ်ဆိုတာကြီးပဲ

အဲ့ဒီမှာ သူအလုပ်လေးလုပ်ခြင်တယ်ပေါ့ ယောကျ်ားအကူညီလည်းမလိုခြင်ဘူးပေါ့ သူ့အမေနဲ့တိုင်ပင်ပြီပြီ ညီမလေးနဲ့လုပ်ခြင်တယ်ပေါ့ ကူညီပေးပါဆိုပြီ

အဲ့ဒါဆိုရင် အစ်မအခုနေတဲ့နေရာလေးမှာ ခရီးသွားဝန်ဆောင်မှု့လေးလုပ်ဆိုပြီ ရှင်းပြပေးလိုက်တယ် အဲ့ဒီမှာ သူစလုပ်တယ် တလကို ၆ /၈သောင်း လောက်တော့စရတယ်ပေါ့ ၃လလောက်လည်းကြာရော

ညီမလေးအစ်မကိုတစ်ခြားဘာအလုပ်လေးတွေရှိသေးလဲပေါ့ အစ်မဒီထက်များများရတာလေးလည်းလုပ်ခြင်တယ်ပေါ့

အစ်မဒါကိုစိတ်ဝင်းစားတယ် တကယ်ထည်ထည်ဝင်ဝင်လုပ်ခြင်သွားပြီတဲ့ အဲ့ဒါဆို အစ်မလမ်းမတန်းကိုထွက်ပေါ့ အဲ့ဒီမှာဆိုင်ခန်းအသေးလေးငှားလုပ်ပေါ့နော် တစ်ခြားလုပ်စရာလေးတွေပါရှင်းပြပြီး အစစအရာရာကူညီပေးတာပေါ့ ညီမလေးရယ် အစ်မတစ်ယောက်ထဲဆို မလုပ်တတ်မကိုက်တတ်နဲ့ နှစ်ယောက်တူတူလုပ်ကြမယ်နော်တဲ့ အဲ့ဒီမှာ သူ့အမေကလည်း လိုက်လာပြီး လုပ်ပေးပါ သမီးကိုအားကိုးပါတယ် ကူညီပေးပါဆိုပြီကိုယ်ကလည်း သနားတတ်တာနဲ့ အားလုံးကူညီပေးခဲ့တယ်

ပါဆယ်ပစည်းပို့တာတွေကအစ အားလုံး ကိုယ်ဆီကပဲထောက်ပံ့ပေးတယ် ရုံးကကားနဲ့ ပါ ဆည်ပစည်းပို့ရသမျှအမြတ်တွေကို ခွဲဝေမယူပဲ ၂ယောက်နာမည်နဲ့ဖွင့်ထားတဲ့ဘဏ်ထဲမှာပဲထည့်ထားပေါ့ နောက်ထပ်လုပ်မည့် လုပ်ငန်းစဉ်တွေအတွက် စုထားထပ်ပြီးရင်းစရာလည်းမလိုတော့ဘူးဆိုပြီး လုပ်ငန်းအတွက် ကိုယ်က အားသွန်ခွန်စိုက်သင်ပေး နည်းလမ်းတွေပြ ၄လလောက်လဲရောက်ရော သူ့အမျိုးသားကပြန်ရောက်လာပြီး ရုံးမှာလာထိုင်တယ် ကိုယ်ကလည်း သူတို့အဆင်ပြေရင်ပြီးတာပါပဲပေါ့ နောက်လည်းကျရော ပစည်းတွေပို့တာ သူ့ယောကျာ်းပို့ပေးမယ်ပေါ့ စတာတွေစုံလို့ပေါ့

၆လပြည့်ခါနည်းလည်းကျရော သူ့ယောကျာ်းကဒီအလုပ်ကဝင်ငွေနည်းတာရယ် ၊အချိန်ပေးရတာရယ်ကြောင့်မလုပ်နိုင်တော့ဘူးပေါ့ ( မနက်ကို ၁၀နာရီမှ ညနေ၆နာရီထိပဲဖွင့်ရတာပါ) စတာတွေအများကြီးပေါ့ ညှိကြည့်တယ် ညှိမရရင်တော့ ခွဲပေါ့

ညီမကတော့ဆက်လုပ်မယ် အစ်မအဆင်မပြေရင်နားပေါ့ ပြောတော့ ကားကိုသူလိုခြင်ပါတယ်တဲ့ ဘုရား! ၊ ရုံးထဲမှာထည့်ထားတာတွေကတစ်ယောက်တစ်ဝက်တဲ့ ရပြီ၊ ဘဏ်ထဲထည့်ထားတာလည်းတစ်ယောက်တစ်ဝက်တဲ့ သူ့ယောကျ်းက ခွဲခိုင်းတယ်တဲ့ အမယ်လေး ၊အစ်မနဲ့ ညီမစလုပ်တုန်းက စာချုပ်မှာထည့်ဝင်ထားတဲ့ငွေလည်းမရှိပါပဲနဲ့ ကားကရော ညီမနာမည်နဲ့ဝယ်ထားတာ တစ်နှစ်တောင်ကျော်နေပြီလေ အစ်မနဲ့ဘာဆိုင်လို့ပါလဲပေါ့ (ကျန်တာအားလုံးခွဲယူပါလို့ပြောလိုက်ပါတယ် )နောက်နှစ်ရက်မြောက်မှာ အဲ့ဒီရုံးဘက်လည်းသွားရော ရှိသမျှရုံးခန်းထဲကပစည်းတွေရော ကားရော အားလုံးယူပြီး ပြေးသွားတယ်

သူ့အမျိူးသားကအိမ်ရှင်ကိုပြောသွားတယ်တဲ့ သူ့မိန်းမရဲ့ပိုက်ဆံတွေ သိန်းဆယ်ဂဏန်းလောက်ကုန်သွားတယ်တဲ့ ကားကလည်းသူတို့ကားတဲ့ဆိုပြီး အဲ့ဒီကောင်မလေးကလူလိမ်ပါဆိုပြောသွားတယ်တဲ့

ကိုယ်လည်းရောက်ရော အိမ်ရှင်ပြောတာတွေကိုစာချုပ်ပါတာတွေနဲ့ရှင်းပြမှပဲ အိမ်ရှင်က ကိုယ့်ကိုယုံသွားပြီးအေးသူတို့ မှန်ရင်ထွက်ပြေးစရာမှမလိုတာကို အေးဟယ်

အခုမှသဘောပေါက်သွားပြီဆိုပြီး ကိုယ့်ရဲ့နာမည်လေးမပျက်သွားလို့ ဟင် ချခဲ့ရတယ်

ကိုယ်လည်း လက်လှမ်းမှီသလောက် စုံစမ်းတော့ နယ်ဘက်ရောက်သွားတယ်တဲ့ ကိုဗစ်နဲ့ဖြစ်နေတော့

သူဘက်ထပ်မလှည့်နိုင်သေးဘူး ကလေးတွေကလည်းငယ်နေသေးတာကြောင့် အပြင်မထွက်နိုင်သေးဘူး

ဆက်ပြီးလုပ်ရမှာတွေရှိသေးတယ်ပြောခြင်တာက ကိုယ့်လိုအဖြစ်စိုးမျိုးနဲ့ မကြုံစေခြင်တာပါ

လူလိမ်တွေက အချိန်ယူပြီး အရှိန်ရတာနဲ့ သိမ်းတော့တာပါပဲ

မိန်းမသားတို့ရင်ဖွင့်ရာ





တ​နေ့မှာ ခင်ခဲ့ကြတယ်​ပေါ့ သူကအရမ်းစိတ်ဆင်းရဲ​နေရတယ်​ပေါ့ ​ယောက်ျားကခရီး​တွေပဲသွားပြီး ပြန်လာရင်လည်းခဏ​ပေါ့ သူ့ကိုအိမ်ထဲမှာပဲ သိမ်းထားတယ် မျက်စိပိတ်နားပိတ်​ပေါ့ စီးပွား​တွေလည်းမလုပ်တတ်​တော့

ယောက်ျား​​​ပြောတာပဲယုံပြီး​နေရတယ်​ပေါ့ စီးပွား​တွေကလည်း ကျ​နေပြီး​ပေါ့ အ​မေ့အိမ်ကို​တောင် ​ပြောင်း​နေရပြီးဆိုပြီစတာ​တွေ​​ပေါ့


အဲ့ဒီမှာ သူအလုပ်​လေးလုပ်ခြင်တယ်​ပေါ့ ​ယောက်ျားအကူညီလည်းမလိုခြင်ဘူး​ပေါ့ သူ့အ​မေနဲ့တိုင်ပင်ပြီပြီ ညီမ​လေးနဲ့လုပ်ခြင်တယ်​​ပေါ့ ကူညီ​ပေးပါဆိုပြီ






ညီမက​တော့ဆက်လုပ်မယ် အစ်မအဆင်မ​​ပြေရင်နား​ပေါ့ ​ပြော​တော့ ကားကိုသူလိုခြင်ပါတယ်တဲ့ ဘုရား! ၊ ရုံးထဲမှာထည့်ထားတာ​တွေကတစ်​ယောက်တစ်ဝက်တဲ့ ရပြီ၊ ဘဏ်ထဲထည့်ထားတာလည်းတစ်​ယောက်တစ်ဝက်တဲ့ သူ့​ယောက်ျးက ခွဲခိုင်းတယ်တဲ့ အမယ်​လေး ၊အစ်မနဲ့ ညီမစလုပ်​တုန်းက စာချုပ်မှာထည့်ဝင်ထားတဲ့​ငွေလည်းမရှိပါပဲနဲ့ ကားက​ရော ညီမနာမည်နဲ့ဝယ်ထားတာ တစ်နှစ်​တောင်​ကျော်​နေပြီ​​လေ အစ်မနဲ့ဘာဆိုင်လို့ပါလဲ​ပေါ့ (ကျန်တာအားလုံးခွဲယူပါလို့​ပြောလိုက်ပါတယ် ​)နောက်နှစ်ရက်မြောက်မှာ အဲ့ဒီရုံးဘက်လည်းသွား​ရော ရှိသမျှရုံးခန်းထဲကပစည်း​တွေ​ရော ကား​ရော အားလုံးယူပြီး ​ပြေးသွားတယ်

သူ့အမျိုးသားကအိမ်ရှင်ကို​ပြောသွားတယ်တဲ့ သူ့မိန်းမရဲ့ပိုက်ဆံ​တွေ သိန်းဆယ်ဂဏန်း​လောက်ကုန်သွားတယ်တဲ့ ကားကလည်းသူတို့ကားတဲ့ဆိုပြီး အဲ့ဒီ​​ကောင်မ​လေးကလူလိမ်ပါဆို​ပြောသွားတယ်တဲ့






