သင်မသိသေးတဲ့ ဆားရဲ့အံ့မခန်း အသုံးဝင်ပုံ (၁၀) မျိုး
ဆား ဟာ ဟင်း ကောင်း တစ် ခွက် ရ ရုံ သာ စွမ်း ဆောင် နိုင် တာ မ ဟုတ် ပါ ဘူး။ သန့် ရှင်း ရေး နဲ့ ကျန်း မာ ရေးအ တွက် ပါ အ ထူး အ သုံး ဝင် တဲ့ ဆေး ကောင်း တစ် လက် ဖြစ် ပါ တယ်။ ဆားကို ဘယ်လိုနေရာတွေမှာ ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) ချိုးတွေကိုဖယ်ရှားနိုင်တယ်
ဟင်းအိုး တူးသွားတဲ့အခါတွေမှာပဲ ဖြစ်ဖြစ်၊ သုံးတာကြာလို့ပဲ ဖြစ်ဖြစ် အိုးတွေမှာ ကပ်နေတဲ့ ချိုးတွေကို ပန်းကန်ဆေးဆပ်ပြာထဲ ဆားအနည်းငယ် ထည့်ပြီး ပွတ်ဆေးပေးလိုက်ရုံနဲ့ ပြောင်လက်သွားမှာပါ။
(၂) စဉ့်တုံးကို သန့်ရှင်းစေတယ်
သုံးတာကြာသွားလို့ စဉ့်တုံးက မည်းလာတဲ့အခါမှာ ဆားဖြူးပြီး သံပုရာခြမ်းလေးနဲ့ ပွတ်ပေးလိုက်ရုံနဲ့ အသစ်အတိုင်းသန့်ရှင်းသွားစေပါတယ်။
(၃) ဖန်ပေါ်က အစွန်းတွေ ချွတ်ပေးတယ်
ဖန်မှာစွန်းနေတဲ့ အဝါကွက်တွေနဲ့ အစွန်းကွက်တွေကို ဆားအနည်းငယ်နဲ့ ရေရောပြီးခလောက်ပေးကာ ဆပ်ပြာနဲ့ပြန်လည် ဆေးကြောပေးလိုက်ရင် သန့်ရှင်းတောက်ပြောင်စေပါတယ်။
(၄) မျက်နှာဂျီးချွတ်ပေးနိုင်တယ်
ဆားအနည်းငယ်ကိုယူပြီး ထောပတ်နှင့် (၁ အချိုး ၂) ရောပေးကာ မျက်နှာကို ညင်ညင်သာသာ ပွတ်လိမ်းပေးကာ (၅) မိနစ်အကြာမှာ ရေဆေးပေးခြင်းဖြင့် မျက်နှာကို အတွင်းပိုင်းအထိ သန့်စင်စေပါတယ်။
(၅) ချိစ်တွေကိုမှိုမတက်အောင် ကာကွယ်ပေးတယ်
ချိစ်တွေကို မှိုမတက်အောင်လို့ ဆားကိုရေနဲ့ဖျော်ပြီး ချိစ်အပြင်ပိုင်းတွေကို သုတ်လိမ်းပေးခြင်းဖြင့် မှိုမတက်အောင် ကာကွယ်ပေးပါတယ်။
(၆) ကြွေပြားတွေကို သန့်စင်စေတယ်
ဆပ်ပြာရည်ထဲကို ဆားထည့်ပြီး ကြွေပြားတွေကို ဆေးကြောသန့်စင်ပေးခြင်းဖြင့် အသစ်အတိုင်း တောက်ပသစ်လွင်နေစေပါတယ်။
(၇) ခြေထောက်စိမ်နိုင်တယ်
ရေနွေးထဲကို ဆားအနည်းငယ်ထည့်ပြီး ရေအေးသွားတဲ့အထိ ခြေထောက်ကိုစိမ်ပေးပါ။ အကြောတွေအားလုံးပြေသွားပြီး ညောင်းညာတာတွေ သက်သာစေပါတယ်။
(၈) ကော်ဖီချိုးတွေကို ဖယ်ရှားပေးတယ်
ကြွေခွက်တွေမှာ ကော်ဖီချိုးတွေကျန်နေတာတွေကို ဆားနဲ့ ရှာလကာရည်ဆတူရောပြီး ခွက်ထဲလောင်းထည့်ကာ တစ်နာရီခန့်ကြာတဲ့အခါမှာ ဆေးကြောပေးခြင်းဖြင့်၊ ကော်ဖီချိုးနှင့် လက်ဖက်ရည်ချိုးတွေကို ပြောင်စေပါတယ်။
(၉) ကော်ဖီအခါးကိုသက်သာစေတယ်
ကော်ဖီကအရမ်းခါးနေတဲ့အခါ ဆားအနည်းငယ်ဖြူးပေးခြင်းဖြင့် အခါးသက်သာစေပါတယ်။
(၁၀) အဖြူရောင်အဝတ်အထည်တွေကို ဖြူဖွေးစေတယ်
အဖြူရောင် အဝတ်အထည်တွေ လျှော်ဖွပ်တဲ့အခါ ဆားအနည်းငယ် ထည့်လျှော်ခြင်းဖြင့် ဖြူဖွေးတောက်ပနေစေပါတယ်။
Posted by PP
သင္မသိေသးတဲ့ ဆားရဲ႕အံ့မခန္း အသုံးဝင္ပုံ (၁၀) မ်ိဳး
ဆား ဟာ ဟင္း ေကာင္း တစ္ ခြက္ ရ ႐ုံ သာ စြမ္း ေဆာင္ ႏိုင္ တာ မ ဟုတ္ ပါ ဘူး။ သန႔္ ရွင္း ေရး နဲ႔ က်န္း မာ ေရးအ တြက္ ပါ အ ထူး အ သုံး ဝင္ တဲ့ ေဆး ေကာင္း တစ္ လက္ ျဖစ္ ပါ တယ္။ ဆားကို ဘယ္လိုေနရာေတြမွာ ဘယ္လိုအက်ိဳးရွိရွိ အသုံးျပဳႏိုင္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ခ်ိဳးေတြကိုဖယ္ရွားႏိုင္တယ္
ဟင္းအိုး တူးသြားတဲ့အခါေတြမွာပဲ ျဖစ္ျဖစ္၊ သုံးတာၾကာလို႔ပဲ ျဖစ္ျဖစ္ အိုးေတြမွာ ကပ္ေနတဲ့ ခ်ိဳးေတြကို ပန္းကန္ေဆးဆပ္ျပာထဲ ဆားအနည္းငယ္ ထည့္ၿပီး ပြတ္ေဆးေပးလိုက္႐ုံနဲ႔ ေျပာင္လက္သြားမွာပါ။
(၂) စဥ့္တုံးကို သန႔္ရွင္းေစတယ္
သုံးတာၾကာသြားလို႔ စဥ့္တုံးက မည္းလာတဲ့အခါမွာ ဆားျဖဴးၿပီး သံပုရာျခမ္းေလးနဲ႔ ပြတ္ေပးလိုက္႐ုံနဲ႔ အသစ္အတိုင္းသန႔္ရွင္းသြားေစပါတယ္။
(၃) ဖန္ေပၚက အစြန္းေတြ ခြၽတ္ေပးတယ္
ဖန္မွာစြန္းေနတဲ့ အဝါကြက္ေတြနဲ႔ အစြန္းကြက္ေတြကို ဆားအနည္းငယ္နဲ႔ ေရေရာၿပီးခေလာက္ေပးကာ ဆပ္ျပာနဲ႔ျပန္လည္ ေဆးေၾကာေပးလိုက္ရင္ သန႔္ရွင္းေတာက္ေျပာင္ေစပါတယ္။
(၄) မ်က္ႏွာဂ်ီးခြၽတ္ေပးႏိုင္တယ္
ဆားအနည္းငယ္ကိုယူၿပီး ေထာပတ္ႏွင့္ (၁ အခ်ိဳး ၂) ေရာေပးကာ မ်က္ႏွာကို ညင္ညင္သာသာ ပြတ္လိမ္းေပးကာ (၅) မိနစ္အၾကာမွာ ေရေဆးေပးျခင္းျဖင့္ မ်က္ႏွာကို အတြင္းပိုင္းအထိ သန႔္စင္ေစပါတယ္။
(၅) ခ်ိစ္ေတြကိုမႈိမတက္ေအာင္ ကာကြယ္ေပးတယ္
ခ်ိစ္ေတြကို မႈိမတက္ေအာင္လို႔ ဆားကိုေရနဲ႔ေဖ်ာ္ၿပီး ခ်ိစ္အျပင္ပိုင္းေတြကို သုတ္လိမ္းေပးျခင္းျဖင့္ မႈိမတက္ေအာင္ ကာကြယ္ေပးပါတယ္။
(၆) ေႂကြျပားေတြကို သန႔္စင္ေစတယ္
ဆပ္ျပာရည္ထဲကို ဆားထည့္ၿပီး ေႂကြျပားေတြကို ေဆးေၾကာသန႔္စင္ေပးျခင္းျဖင့္ အသစ္အတိုင္း ေတာက္ပသစ္လြင္ေနေစပါတယ္။
(၇) ေျခေထာက္စိမ္ႏိုင္တယ္
ေရေႏြးထဲကို ဆားအနည္းငယ္ထည့္ၿပီး ေရေအးသြားတဲ့အထိ ေျခေထာက္ကိုစိမ္ေပးပါ။ အေၾကာေတြအားလုံးေျပသြားၿပီး ေညာင္းညာတာေတြ သက္သာေစပါတယ္။
(၈) ေကာ္ဖီခ်ိဳးေတြကို ဖယ္ရွားေပးတယ္
ေႂကြခြက္ေတြမွာ ေကာ္ဖီခ်ိဳးေတြက်န္ေနတာေတြကို ဆားနဲ႔ ရွာလကာရည္ဆတူေရာၿပီး ခြက္ထဲေလာင္းထည့္ကာ တစ္နာရီခန႔္ၾကာတဲ့အခါမွာ ေဆးေၾကာေပးျခင္းျဖင့္၊ ေကာ္ဖီခ်ိဳးႏွင့္ လက္ဖက္ရည္ခ်ိဳးေတြကို ေျပာင္ေစပါတယ္။
(၉) ေကာ္ဖီအခါးကိုသက္သာေစတယ္
ေကာ္ဖီကအရမ္းခါးေနတဲ့အခါ ဆားအနည္းငယ္ျဖဴးေပးျခင္းျဖင့္ အခါးသက္သာေစပါတယ္။
(၁၀) အျဖဴေရာင္အဝတ္အထည္ေတြကို ျဖဴေဖြးေစတယ္
အျဖဴေရာင္ အဝတ္အထည္ေတြ ေလွ်ာ္ဖြပ္တဲ့အခါ ဆားအနည္းငယ္ ထည့္ေလွ်ာ္ျခင္းျဖင့္ ျဖဴေဖြးေတာက္ပေနေစပါတယ္။
Posted by PP