ဦးေရျပားမွာျဖစ္တတ္တဲ့အနာေတြကို သက္သာေပ်ာက္ကင္းေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား

ရာသီဥတုပူတဲ့အခ်ိန္မွာ ခႏၶာကိုယ္တင္မက ဦးေခါင္းကလည္းေခြ်းထြက္ျပီး ယားယံတတ္ပါတယ္။ လက္နဲ႕ကုတ္လိုက္မိလို႕ပဲျဖစ္ျဖစ္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဦးေရျပားမွာ အနာေတြျဖစ္လာတဲ့အခါ အခုေဖာ္ျပေပးမယ့္ သဘာဝနည္းလမ္းေလးေတြနဲ႕ ေပ်ာက္ကင္းေအာင္လုပ္နိုင္ပါတယ္။

(၁) သံလြင္ဆီ

freepik

သံလြင္ဆီကို ေနြးတယ္ဆိုုရံုေလာက္အပူေပးျပီး ဦးေရျပားအနွံ႕လိမ္းကာ လက္ေခ်ာင္းထိပ္ေလးေတြနဲ႕ နွိပ္နယ္ေပးကာ နာရီဝက္ေလာက္အၾကာမွာ ေရေအးေလးနဲ႕ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဒီနည္းလမ္းကိုတစ္ပတ္နွစ္ၾကိမ္ေလာက္လုပ္ေပးရံုနဲ႕ ဦးေရျပားေပၚကအနာေတြေပ်ာက္သြားပါလိမ့္မယ္။

(၂) လက္ဖက္စိမ္း

လက္ဖက္စိမ္းကိုအုန္းဆီထဲမွာ တစ္ညသိပ္စိမ္ပါ။ အနယ္ေတြကိုစစ္ျပီး ရလာတဲ့အရည္ကိုဦးေရျပားအႏွံ႕လိမ္းေပးျပီး နာရီဝက္အၾကာမွာ ေခါင္းေလွ်ာ္ေပးပါ။ တစ္ပတ္တစ္ၾကိမ္ပံုမွန္လုပ္ေပးရင္ပဲ ဦးေရျပားအနာေတြကိုေပ်ာက္ကင္းေစပါလိမ့္မယ္။

(၃) ရွားေစာင္းလက္ပပ္နဲ႕ပ်ားရည္

freepik

ရွားေစာင္းလက္ပပ္အတြင္းသားအနွစ္နဲ႕ပ်ားရည္ကိုဆတူေရာျပီး ဦးေရျပားအႏွံ႕ရႊဲေနေအာင္လိမ္းေပးပါ။ နာရီဝက္ေလာက္ထားျပီး နွိပ္နယ္ေပးကာ ေရေအးနဲ႕ေခါင္းေလွ်ာ္ေပးပါ။ တစ္ပတ္တစ္ၾကိမ္လုပ္ေပးရင္ ဦးေရျပားကိုနာက်င္ေစတဲ့ အနာေတြကို ေပ်ာက္ကင္းေစနိုင္ပါတယ္။

written by PP

ရာသီဥတုပူတဲ့အချိန်မှာ ခန္ဓာကိုယ်တင်မက ဦးခေါင်းကလည်းချွေးထွက်ပြီး ယားယံတတ်ပါတယ်။ လက်နဲ့ကုတ်လိုက်မိလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ဦးရေပြားမှာ အနာတွေဖြစ်လာတဲ့အခါ အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းလေးတွေနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ပါတယ်။

(၁) သံလွင်ဆီ

သံလွင်ဆီကို နွေးတယ်ဆိုရုံလောက်အပူပေးပြီး ဦးရေပြားအနှံ့လိမ်းကာ လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်နယ်ပေးကာ နာရီဝက်လောက်အကြာမှာ ရေအေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရုံနဲ့ ဦးရေပြားပေါ်ကအနာတွေပျောက်သွားပါလိမ့်မယ်။

(၂) လက်ဖက်စိမ်း

လက်ဖက်စိမ်းကိုအုန်းဆီထဲမှာ တစ်ညသိပ်စိမ်ပါ။ အနယ်တွေကိုစစ်ပြီး ရလာတဲ့အရည်ကိုဦးရေပြားအနှံ့လိမ်းပေးပြီး နာရီဝက်အကြာမှာ ခေါင်းလျှော်ပေးပါ။ တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင်ပဲ ဦးရေပြားအနာတွေကိုပျောက်ကင်းစေပါလိမ့်မယ်။

(၃) ရှားစောင်းလက်ပပ်နဲ့ပျားရည်

ရှားစောင်းလက်ပပ်အတွင်းသားအနှစ်နဲ့ပျားရည်ကိုဆတူရောပြီး ဦးရေပြားအနှံ့ရွှဲနေအောင်လိမ်းပေးပါ။ နာရီဝက်လောက်ထားပြီး နှိပ်နယ်ပေးကာ ရေအေးနဲ့ခေါင်းလျှော်ပေးပါ။ တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် ဦးရေပြားကိုနာကျင်စေတဲ့ အနာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

written by PP