(၁၄-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၄-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၁၄-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေး ပြီးစီး ခဲ့သော ဓာတ်ခွဲနမူနာ (၁၅၁) ခုတွင် –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

၂။ (၁၄-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၁) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး (Case – 44, 55, 92, 95 နှင့် 127) ရှိခဲ့သဖြင့် (၁၄-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၈၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၇၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁၃-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၄-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၂) ဦး ရှိပါသည်။

Ministry of Health and Sports, Myanmar

COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း(၁၄-၅-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ

၁။ (၁၄-၅-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ ေဆးသုေတသနဦးစီးဌာန (DMR) မွ စစ္ေဆး ၿပီးစီး ခဲ့ေသာ ဓာတ္ခြဲနမူနာ (၁၅၁) ခုတြင္ –

COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိရပါ။

၂။ (၁၄-၅-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ (၁၈၁) ဦးရွိၿပီျဖစ္ပါသည္။

၃။ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္းမ်ား၏ ဓာတ္ခြဲနမူနာမ်ားစစ္ေဆးမႈတြင္ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၅) ဦး (Case – 44, 55, 92, 95 ႏွင့္ 127) ရွိခဲ့သျဖင့္ (၁၄-၅-၂၀၂၀) ရက္ေန႔အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၈၄) ဦးရွိပါသည္။ ၎တို႔အနက္ (၇၁) ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာကန႔္သတ္၍ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။

၅။ (၁၃-၅-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၄-၅-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၈၂) ဦး ရွိပါသည္။

Ministry of Health and Sports, Myanmar