လူတစ်ယောက်ကို စိတ်ဆိုးလိုက်ပြီဆိုရင်ဟိုလူက ဘာမှ မဖြစ်သေးဘူး။ကိုယ့်မှာ စိတ်ဒဏ်ရာဖြစ်နေပြီ။

လူတစ်ယောက်ကို စိတ်ဆိုးလိုက်ပြီဆိုရင်ဟိုလူက ဘာမှ မဖြစ်သေးဘူး။ကိုယ့်မှာ စိတ်ဒဏ်ရာဖြစ်နေပြီ။

အလုပ်ကနေ အိမ်ကိုပြန်ရောက်တယ်။ဒါပေမဲ့ အလုပ်မှာ အဆင်မပြေတာတွေ၊ဘယ်သူက ငါ့ကို ဘယ်လိုလုပ်လိုက်တယ်။

ငါ့ကို မကူညီဘူး။ အဲ့ဒါကို စမြုံပြန်ပြီးတော့ခဏခဏတွေးနေရင် ..ဟိုတစ်ယောက်ကတော့သူ့အိမ်မှာ သူက ငြိမ့်နေတာ။ကိုယ်ကျတော့ ကိုယ်အတွေးနဲ့ ကိုယ်ဒီမှာ ဒုက္ခရောက်နေတယ်။စိတ်ဒဏ်ရာဖြစ်စေတယ်။ဒါ့ကြောင့် တွေးတယ်ဆိုရင်စိတ်ဒဏ်ရာမဖြစ်အောင် တွေးပါ။ အဗျာပါဒ သင်္ကပ္ပ။

သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့ စိတ်ခံစားမှုလို့ ပြောတာက မှန်ကန်တဲ့စိတ်ခံစားမှု ရှိမှ မှန်ကန်တဲ့အတွေး တွေးနိုင်တာ။ဥပမာ ကိုယ်က လူတစ်ယောက်နဲ့ မတည့်ဘူးဆိုရင်အဲ့ဒီလူအကြောင်းတွေးတဲ့အခါမှာငါ့ရဲ့emotion – ငါ့ရဲ့ စိတ်ခံစားမှု မှန်ရဲ့လား။ငါ့ရဲ့ စိတ်ခံစားမှုက ငါ့ကို ပြန်ပြီးတော့ ဒဏ်ရာဒဏ်ချက်ဖြစ်အောင် လုပ်နေသလား။

ကိုယ့်ကိုယ် ပြန်စဉ်းစား၊ ပြန်သုံးသပ်ရမယ်။စိတ်ဒဏ်ရာဒဏ်ချက် ဖြစ်အောင် ပြန်ပြီးတော့ လုပ်နေတယ်ဆိုရင် ကိုယ့်ကိုယ် ချစ်ရာမရောက်ဘူး။ကိုယ့်ကိုယ် မေတ္တာထားရာမရောက်ဘူး။

ကိုယ့်ကိုယ် မေတ္တာထားရာရောက်အောင် ဆေးထည့်ပြီးတော့ အနာကျက်အောင်၊အနာပျောက်အောင် healing လုပ်သလို ဒီစိတ်ဒဏ်ရာဒဏ်ချက်ကို ကုသပုံ ကုသနည်းရှာကို ရှာရမယ်။

သမ္မာသင်္ကပ္ပကို မှန်ကန်တဲ့အတွေးဆိုပြီးတော့ပြောကြတယ်။ ဘာသာပြန်ကြတယ်။ ဒါကလည်းပဲ မှန်တယ်။ Right Though, Right Thinking.

ဘုန်းဘုန်းက ထပ်ပြီးတော့ ဘာသာပြန်ချင်တာက မှန်ကန်တဲ့စိတ်ခံစားမှု – Right Emotion .

ဘာဖြစ်လို့တုန်းဆိုတော့မြတ်စွာဘုရား ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်သုံးခုရှိတယ်။

မှန်ကန်တဲ့ စိတ်ခံစားမှု – သမ္မာသင်္ကပ္ပ

အကြမ်းမဖက်တဲ့အတွေး – အဝိဟိသ သင်္ကပ္ပ၊

ဒေါသမဖြစ်၊ စိတ်ဒဏ်ရာမဖြစ်တဲ့အတွေး – အဗျာပါဒ သင်္ကပ္ပ တဲ့။

ကိုယ့်ဦးခေါင်း၊ ဆံပင် မီးလောင်နေတယ်ဆိုရင် အဲ့ဒီအချိန်မှာ “နင်ငါ့ဦးခေါင်းကိုဘာလို့မီးလာရှို့တာတုန်း ပြောစမ်း” လို့အဲ့ဒီအဖြေ တောင်းနေမလား။

“ငါ ဘယ်တုန်းက နင့်ကို ဘာလုပ်ဖူးလို့တုန်း” လို့ အဲ့လို အဖြေ သွားတောင်းမလား။ဒါမှ မဟုတ်ရင်လည်းပဲ သူ့ကို “နင်က ငါ့ခေါင်းကို လာပြီးတော့ မီးနဲ့ရှို့တယ်” လို့ ပြောပြီး သူ့ကို လက်သီးနဲ့ လိုက်ထိုးမလား။

“မင်းငါ့ကို ဒီလိုလုပ်တယ်။ ရဲတိုင်မယ်” ဆိုပြီးတော့ ခေါင်းပေါ်မှာ ရှိတဲ့မီးကို အရင်မငြိမ်းဘဲနဲ့ iphone ကိုင်ပြီးတော့ ရဲကို ဖုန်းဆက်မလား။

“မင်းငါ့ကို ဒီလိုလုပ်တယ်နော်” selfie ရိုက်ပြီးတော့ Facebook ပေါ်တင်မလား။ အဲ့ဒီလို လုပ်မလား။ပရိတ်သတ်တို့ အဲ့ဒီလို လုပ်မယ်ဆိုရင်အသက်ပဲ ပါသွားမယ်။

အဲ့ဒီအချိန်မှာ အရေးကြီးဆုံးက ခေါင်းပေါ်မှာမီးလောင်တာကို မီးငြိမ်းဖို့ပါ။

စိတ်ထဲမှာရှိတဲ့ ဒေါသ၊စိတ်ထဲမှာ ရှိတဲ့ မခံချင်တဲ့မာန၊ကိုယ့်ထက် ညံ့တဲ့သူနဲ့တွေ့မှ ပျော်ရွှင်နိုင်တဲ့မာန၊ကိုယ့်ထက်သာရင် ဘယ်လိုမှ မကြည့်နိုင်၊မရှုနိုင် စိတ်မချမ်းသာနိုင်၊ပီတိမဖြစ်နိုင်တဲ့မာန၊ အဲ့ဒီ မာနတွေ ရှိတယ်ဆိုရင် ကိုယ့်ခေါင်းမီးလောင်တယ်။

မြန်မာစကားက “ကိုယ့်ခေါင်း မီးလောင်တယ်” ဆိုရင် ခေါင်းထဲမှာ Negative emotion စားနေပြီလို့ ပြောတာ။ အဲ့ဒီဟာကို အရေးတကြီး ဖြေရှင်းရမယ်။

လခတိုးတာထက် ပိုပြီးအရေးကြီးတယ်။

ပိုက်ဆံပိုပြီးတော့ ဝင်အောင် လုပ်တာထက်ပိုအရေးကြီးတယ်။

ကားကောင်းကောင်းစီးနိုင်တာထက် ပိုပြီးအရေးကြီးတယ်။

ကားကောင်းကောင်းစီးပြီးတော့ စိတ်က ညစ်နေတယ်ဆိုရင် ဒီကား ဘာမှ သိပ်တန်ဖိုးမရှိဘူး။

ငါ ကားကောင်းကောင်းတော့စီးတယ်။ ဒါပေမဲ့ ဟိုဘက်လူတွေကငါ ကားကောင်း စီးရမှန်းလည်း မသိဘူး။ငါ သူဌေးမှန်းလည်း မသိဘူး။ငါ ပညာတတ်မှန်းလည်း မသိဘူး။Ph.D ရမှန်းလည်း မသိဘူး။ငါ ဆရာဝန်မှန်းလည်း မသိဘူး။ငါ အင်ဂျင်နီယာမှန်းလည် မသိဘူး။

“ဒီလူတွေက ငါ့ကို မလေးမခန့်လုပ်တယ်”ဆိုပြီး ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဒဏ်ရာဖြစ်အောင် လုပ်နေတယ်ဆိုရင် ဒီဘဝနေနည်း မမှန်ဘူး…..

အောက်စဖိုဒ့်ဆရာတော်

ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ

ဤခရီးလျစ်လျူရှုချင်လှပါဘိ တရားတော် အား ရေးသားပူဇော်ပါသည်။

လူတစ္ေယာက္ကို စိတ္ဆိုးလိုက္ၿပီဆိုရင္ဟိုလူက ဘာမွ မျဖစ္ေသးဘူး။ကိုယ့္မွာ စိတ္ဒဏ္ရာျဖစ္ေနၿပီ။

အလုပ္ကေန အိမ္ကိုျပန္ေရာက္တယ္။ဒါေပမဲ့ အလုပ္မွာ အဆင္မေျပတာေတြ၊ဘယ္သူက ငါ့ကို ဘယ္လိုလုပ္လိုက္တယ္။

ငါ့ကို မကူညီဘူး။ အဲ့ဒါကို စၿမဳံျပန္ၿပီးေတာ့ခဏခဏေတြးေနရင္ ..ဟိုတစ္ေယာက္ကေတာ့သူ႔အိမ္မွာ သူက ၿငိမ့္ေနတာ။ကိုယ္က်ေတာ့ ကိုယ္အေတြးနဲ႔ ကိုယ္ဒီမွာ ဒုကၡေရာက္ေနတယ္။စိတ္ဒဏ္ရာျဖစ္ေစတယ္။ဒါ့ေၾကာင့္ ေတြးတယ္ဆိုရင္စိတ္ဒဏ္ရာမျဖစ္ေအာင္ ေတြးပါ။ အဗ်ာပါဒ သကၤပၸ။

သမၼာသကၤပၸကို မွန္ကန္တဲ့ စိတ္ခံစားမႈလို႔ ေျပာတာက မွန္ကန္တဲ့စိတ္ခံစားမႈ ရွိမွ မွန္ကန္တဲ့အေတြး ေတြးႏိုင္တာ။ဥပမာ ကိုယ္က လူတစ္ေယာက္နဲ႔ မတည့္ဘူးဆိုရင္အဲ့ဒီလူအေၾကာင္းေတြးတဲ့အခါမွာငါ့ရဲ႕emotion – ငါ့ရဲ႕ စိတ္ခံစားမႈ မွန္ရဲ႕လား။ငါ့ရဲ႕ စိတ္ခံစားမႈက ငါ့ကို ျပန္ၿပီးေတာ့ ဒဏ္ရာဒဏ္ခ်က္ျဖစ္ေအာင္ လုပ္ေနသလား။

ကိုယ့္ကိုယ္ ျပန္စဥ္းစား၊ ျပန္သုံးသပ္ရမယ္။စိတ္ဒဏ္ရာဒဏ္ခ်က္ ျဖစ္ေအာင္ ျပန္ၿပီးေတာ့ လုပ္ေနတယ္ဆိုရင္ ကိုယ့္ကိုယ္ ခ်စ္ရာမေရာက္ဘူး။ကိုယ့္ကိုယ္ ေမတၱာထားရာမေရာက္ဘူး။

ကိုယ့္ကိုယ္ ေမတၱာထားရာေရာက္ေအာင္ ေဆးထည့္ၿပီးေတာ့ အနာက်က္ေအာင္၊အနာေပ်ာက္ေအာင္ healing လုပ္သလို ဒီစိတ္ဒဏ္ရာဒဏ္ခ်က္ကို ကုသပုံ ကုသနည္းရွာကို ရွာရမယ္။

သမၼာသကၤပၸကို မွန္ကန္တဲ့အေတြးဆိုၿပီးေတာ့ေျပာၾကတယ္။ ဘာသာျပန္ၾကတယ္။ ဒါကလည္းပဲ မွန္တယ္။ Right Though, Right Thinking.

ဘုန္းဘုန္းက ထပ္ၿပီးေတာ့ ဘာသာျပန္ခ်င္တာက မွန္ကန္တဲ့စိတ္ခံစားမႈ – Right Emotion .

ဘာျဖစ္လို႔တုန္းဆိုေတာ့ျမတ္စြာဘုရား ဖြင့္ဆိုထားတဲ့ အဓိပၸာယ္သုံးခုရွိတယ္။

မွန္ကန္တဲ့ စိတ္ခံစားမႈ – သမၼာသကၤပၸ

အၾကမ္းမဖက္တဲ့အေတြး – အဝိဟိသ သကၤပၸ၊

ေဒါသမျဖစ္၊ စိတ္ဒဏ္ရာမျဖစ္တဲ့အေတြး – အဗ်ာပါဒ သကၤပၸ တဲ့။

ကိုယ့္ဦးေခါင္း၊ ဆံပင္ မီးေလာင္ေနတယ္ဆိုရင္ အဲ့ဒီအခ်ိန္မွာ “နင္ငါ့ဦးေခါင္းကိုဘာလို႔မီးလာရႈိ႕တာတုန္း ေျပာစမ္း” လို႔အဲ့ဒီအေျဖ ေတာင္းေနမလား။

“ငါ ဘယ္တုန္းက နင့္ကို ဘာလုပ္ဖူးလို႔တုန္း” လို႔ အဲ့လို အေျဖ သြားေတာင္းမလား။ဒါမွ မဟုတ္ရင္လည္းပဲ သူ႔ကို “နင္က ငါ့ေခါင္းကို လာၿပီးေတာ့ မီးနဲ႔ရႈိ႕တယ္” လို႔ ေျပာၿပီး သူ႔ကို လက္သီးနဲ႔ လိုက္ထိုးမလား။

“မင္းငါ့ကို ဒီလိုလုပ္တယ္။ ရဲတိုင္မယ္” ဆိုၿပီးေတာ့ ေခါင္းေပၚမွာ ရွိတဲ့မီးကို အရင္မၿငိမ္းဘဲနဲ႔ iphone ကိုင္ၿပီးေတာ့ ရဲကို ဖုန္းဆက္မလား။

“မင္းငါ့ကို ဒီလိုလုပ္တယ္ေနာ္” selfie ႐ိုက္ၿပီးေတာ့ Facebook ေပၚတင္မလား။ အဲ့ဒီလို လုပ္မလား။ပရိတ္သတ္တို႔ အဲ့ဒီလို လုပ္မယ္ဆိုရင္အသက္ပဲ ပါသြားမယ္။

အဲ့ဒီအခ်ိန္မွာ အေရးႀကီးဆုံးက ေခါင္းေပၚမွာမီးေလာင္တာကို မီးၿငိမ္းဖို႔ပါ။

စိတ္ထဲမွာရွိတဲ့ ေဒါသ၊စိတ္ထဲမွာ ရွိတဲ့ မခံခ်င္တဲ့မာန၊ကိုယ့္ထက္ ညံ့တဲ့သူနဲ႔ေတြ႕မွ ေပ်ာ္႐ႊင္ႏိုင္တဲ့မာန၊ကိုယ့္ထက္သာရင္ ဘယ္လိုမွ မၾကည့္ႏိုင္၊မရႈႏိုင္ စိတ္မခ်မ္းသာႏိုင္၊ပီတိမျဖစ္ႏိုင္တဲ့မာန၊ အဲ့ဒီ မာနေတြ ရွိတယ္ဆိုရင္ ကိုယ့္ေခါင္းမီးေလာင္တယ္။

ျမန္မာစကားက “ကိုယ့္ေခါင္း မီးေလာင္တယ္” ဆိုရင္ ေခါင္းထဲမွာ Negative emotion စားေနၿပီလို႔ ေျပာတာ။ အဲ့ဒီဟာကို အေရးတႀကီး ေျဖရွင္းရမယ္။

လခတိုးတာထက္ ပိုၿပီးအေရးႀကီးတယ္။

ပိုက္ဆံပိုၿပီးေတာ့ ဝင္ေအာင္ လုပ္တာထက္ပိုအေရးႀကီးတယ္။

ကားေကာင္းေကာင္းစီးႏိုင္တာထက္ ပိုၿပီးအေရးႀကီးတယ္။

ကားေကာင္းေကာင္းစီးၿပီးေတာ့ စိတ္က ညစ္ေနတယ္ဆိုရင္ ဒီကား ဘာမွ သိပ္တန္ဖိုးမရွိဘူး။

ငါ ကားေကာင္းေကာင္းေတာ့စီးတယ္။ ဒါေပမဲ့ ဟိုဘက္လူေတြကငါ ကားေကာင္း စီးရမွန္းလည္း မသိဘူး။ငါ သူေဌးမွန္းလည္း မသိဘူး။ငါ ပညာတတ္မွန္းလည္း မသိဘူး။Ph.D ရမွန္းလည္း မသိဘူး။ငါ ဆရာဝန္မွန္းလည္း မသိဘူး။ငါ အင္ဂ်င္နီယာမွန္းလည္ မသိဘူး။

“ဒီလူေတြက ငါ့ကို မေလးမခန႔္လုပ္တယ္”ဆိုၿပီး ကိုယ့္စိတ္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ စိတ္ဒဏ္ရာျဖစ္ေအာင္ လုပ္ေနတယ္ဆိုရင္ ဒီဘဝေနနည္း မမွန္ဘူး…..

ေအာက္စဖိုဒ့္ဆရာေတာ္

ပါေမာကၡေဒါက္တာ ဘဒၵႏၲဓမၼသာမိ

ဤခရီးလ်စ္လ်ဴရႈခ်င္လွပါဘိ တရားေတာ္ အား ေရးသားပူေဇာ္ပါသည္။