စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေကိုခါထုတ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းပါ
လူတိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုးတော့စိတ်ရှုပ်စရာ အနည်းနဲ့ အများဆိုသလိုရှိကြတာပါပဲ
ဒါတွေ ထိုင်တွေးပြီး စိတ်ရှုပ်ထွေးနေမယ်ဆိုရင်ဘာမှ မလုပ်နိုင်ပဲ နောက်ကောက်ကျကျန်နေရစ်တော့မှာပါပဲ
ကိုယ့်ဘ၀ တိုးတတ်အောင်မြင်ဖို့ပျော်ရွှင်အောင်နေသင့်တယ် ။
ကိုယ့်ကို နာကျင်စေခဲ့ သူတွေ ကိုယ့်ကို ထိုးနှပ်ခဲ့တဲ့ သူတွေ ကိုယ့်ကို ဒုက္ခရောက်အောင် တွန်းပို့ခဲ့သူတွေ
ကိုယ့်ကို မနာလို မုန်းတီး သူတွေ ကိုယ့်ကို ကျဆုံးစေချင်သူတွေ
အဲ့လို လူမျိုးတွေကြောင့် စိတ်ရှုပ်ခံ စိတ်ညစ်ခံပြီးပြိုလဲ ပြစ်လိုက်တော့ မလို့လား ? လုံး၀ မလုပ်ပါနဲ့ ( သူများဝမ်းသာပါတယ်။ )
ကိုယ့် စိတ်ထဲက ပူပန်မှု့ စိတ်ရှုပ်တွေးမှု့ ဒေါသ စိတ်ညစ်ထွေးမှု့တွေကို ခါထုတ်ပြီးပျော်ပျော်နေပြစ်လိုက်စမ်းပါ လာစမ်းဟဲ့ လောကဓံ ဆိုပြီး စိန်ခေါ်လိုက်စမ်းပါ ။ အကောင်းမြင်တတ်သူထက် အဆိုးမြင်တတ်သူက ကျရှုံးမှု့ ပိုမြန်ပါတယ် ။
တတ်နိုင်သလောက် အကောင်းဘက်ကပဲ တွေးကြရအောင် ပိုကောင်းဖို့ ဖြစ်လာတာ
ပိုကောင်းတာတွေ လာဖို့ စွန့်လွတ်လိုက်ရတာ လို့တွေးကြရအောင်
မင်း သာ ပျော်ရွှင်နေရင် ကောင်းတဲ့ အရာတွေ မင်းဆီရောက်လာလိမ့်မယ် ။
လူတစ်ယောက်ဟာ ပျော်ရွှင်နေရင် ထက်မြတ်လာလိမ့်မယ်
အကြံဉာဏ်တွေ ကောင်းမွန်လာမယ် တွေးခေါ်မှု့တွေ ဆန်းသစ်လာမယ်
ဖန်တီးနိုင်စွမ်းတွေ မြင့်လာမယ် စိတ်ကူးတွေ အကောင်အထည်ဖော်တတ်လာမယ် တိုးတတ်လာမယ် ။
တိုးတတ်လာတာနဲ့ အမျှ ငွေကြေးလဲ ရှာနိုင်လာမယ် ဝင်ငွေလဲ တိုးလာနိုင်တယ် ။
ကိုယ်လိုချင်တဲ့ အရာတွေကို ဖန်တီးနိုင်မယ်။
မင်းဘ၀ က အရေးကြီးတယ် ။ မင်းဘဝကို ပျော်အောင်ထားရမှာက မင်းအလုပ်ပဲ မင်းမှာ တာဝန်ရှိတယ်။
မင်းဘဝကို ပျော်ရွှင်စေဖို့ လုပ်ပြီးမှ ကျန်တဲ့ အလုပ်ကို ဆက်လုပ်ပါ ဘဝပြီးမှ အလုပ်နဲ့ ကျန်တာဖြစ်သင့်တယ်မလား
မပျော်ရွှင်တဲ့ အရာတွေ အလုပ်တွေကို စွန့်ခွာနိူင်ဖို့ကြိုးစားပါ ။
ဘဝက တိုတောင်းပါတယ်လူတိုင်က ပျော်ရွှင်မှု့ကို ရှာတယ်
ရှာရင်းနဲ့သာ အသက်တွေ ကြီးပြီး အချိန်တွေ ကုန်သွားတယ်တွေ့မသွားကြဘူး ။
ပျော်ရွှင်မှု့ဆိုတာ သူများဆီမှာ မရှိဘူး ကိုယ်ကိုတိုင် ဆီမှာပဲ ရှိတယ် ။
တန်ဖိုးရှိတဲ့ မင်းရဲ့ အချိန်တွေကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါစေ
မင်းဘဝလေး ပျော်ရွှင်အောင် မင်းကိုယ်တိုင် ဖန်တီးနိုင်ပါစေ ။
သားသားမေမေ SS
အကြံဥာဏ်တွေ ကောင်းမွန်လာမယ် တွေးခေါ်မှု့တွေ ဆန်းသစ်လာမယ်
မပျော်ရွှင်တဲ့ အရာတွေ အလုပ်တွေကို စွန့်ခွာနိုင်ဖို့ကြိုးစားပါ ။
သားသားမေမေ SS