ဘဝမွာထိပ္ဆံုးထိေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖို႕ မျဖစ္မေနလိုအပ္တဲ့အခ်က္မ်ား

လူတစ္ေယာက္ဟာ တျခားသူေတြအေပၚကိုရိုးသားဖို႕အေရးၾကီးသလို ကိုယ့္ကိုယ္ကိုလည္း ရိုးသားဖုိ႕လိုပါတယ္။ ရိုးသားတဲ့သူဟာ ဘဝမွာ ထိပ္ဆံုးထိေအာင္ျမင္နိုင္ျပီး အဲ့ဒီေအာင္ျမင္မႈကလည္း ေရရွည္တည္ျမဲနိုင္ပါတယ္။ လူတစ္ေယာက္ ကိုယ့္ကိုယ္ကိုရိုးသားမႈရွိဖို႕ ၊ ထိပ္ဆံုးအထိေအာင္ျမင္ဖို႕ဆိုရာမွာ ဒီအခ်က္ေတြက အေရးၾကီးဆံုးပါ။

(၁) ကိုယ့္ကိုယ္ကိုလက္ခံရမယ္

freepik

လူတစ္ေယာက္က ကိုယ့္ဘဝကိုသိနားလည္ျပီး လက္ခံတတ္ဖို႕လိုပါတယ္။ ကိုယ့္ဘဝကိုအရွိအတိုင္းလက္ခံတတ္ျပီး ၾကိုးစားျခင္းက အေကာင္းဆံုးျဖစ္ပါတယ္။ ကိုယ့္ရဲ႕အားနည္းခ်က္ကိုျပုျပင္၊ အားသာခ်က္ေတြကိုအသံုးခ်ျပီး မွန္ကန္တဲ့ေအာင္ျမင္မႈကိုရေအာင္ ၾကုိးစားတာက အေကာင္းဆံုးျဖစ္ပါတယ္။

(၂) အရာရာကေနသင္ယူတတ္ရမယ္

ဘဝမွာေအာင္ျမင္တဲ့သူေတြဟာ သင္ယူတတ္တဲ့သူေတြျဖစ္ပါတယ္။ ကိုယ့္ပတ္ဝန္းက်င္ကေန၊ ကိုယ့္ေဘးနားကလူေတြဆီကေန၊ ကိုယ့္ရဲ႕အမွားေတြကေန သင္ယူနိုင္ေအာင္ ၾကိုးစားတာက ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္လာေစပါတယ္။

(၃) ခါးသီးမႈေတြကို ျဖတ္ေက်ာ္နိုင္ရမယ္

ေနရာတစ္ခုမွာေအာင္ျမင္ဖို႕ ၾကိုးစားတဲ့အခါ အခက္အခဲေတြ၊ ခါးသီးမႈေတြကိုလည္း ၾကံုရတတ္ပါတယ္။ အဲ့ဒီအခက္အခဲ၊ခါးသီးမႈေတြကို အရံႈးမေပးဘဲ ျဖတ္ေက်ာ္နိုင္ဖို႕လိုပါတယ္။

(၄) လစ္လ်ဴရႈတတ္ရမယ္

freepik

ဘဝမွာေအာင္ျမင္မႈရဖို႕ၾကိုးစားေနတဲ့အခ်ိန္မွာ ပတ္ဝန္းက်င္ကလူေတြရဲ႕အျမင္ေတြ၊ ေဝဖန္မႈေတြ၊ အတင္းအဖ်င္းစတာေတြကို လစ္လ်ဴရႈျပီး ကိုယ္လိုခ်င္တဲ့ေနရာရဖို႕ တစိုက္မတ္မတ္ၾကိုးစားဖို႕လိုပါတယ္။ အတင္းအဖ်င္းေတြနဲ႕ေဝဖန္စကားေတြကို ဂရုစိုက္ေနသေရြ႕ ကိုယ္သြားမယ့္လမ္းေၾကာင္းမွာ အာရံုမစိုက္နိုင္ဘဲ ေအာင္ျမင္မႈနဲ႕ေဝးေနဦးမွာပါပဲ။

(၅) ေလးစားတတ္ရမယ္

ေလးစားတတ္တာကလည္း ေအာင္ျမင္မႈရဲ႕ေသာ့ခ်က္တစ္ခုပါပဲ။ လူတစ္ဖက္သားကိုေလးစားတတ္ဖို႕လိုသလို၊ ကိုယ့္ကိုယ္ကိုလည္း ေလးစားတတ္ဖို႕လိုပါေသးတယ္။ ကိုယ့္ကိုယ္ကိုေလးစားျပီး ကိုယ့္ကိုထိခိုက္ေစမယ့္အျပုအမူအေျပာအဆိုေတြကို ေရွာင္မယ္ဆိုရင္ တျခားသူေတြကလည္း ကိုယ့္ကိုေလးစားပါလိမ့္မယ္။

written by PP

လူတစ်ယောက်ဟာ တခြားသူတွေအပေါ်ကိုရိုးသားဖို့အရေးကြီးသလို ကိုယ့်ကိုယ်ကိုလည်း ရိုးသားဖို့လိုပါတယ်။ ရိုးသားတဲ့သူဟာ ဘဝမှာ ထိပ်ဆုံးထိအောင်မြင်နိုင်ပြီး အဲ့ဒီအောင်မြင်မှုကလည်း ရေရှည်တည်မြဲနိုင်ပါတယ်။ လူတစ်ယောက် ကိုယ့်ကိုယ်ကိုရိုးသားမှုရှိဖို့ ၊ ထိပ်ဆုံးအထိအောင်မြင်ဖို့ဆိုရာမှာ ဒီအချက်တွေက အရေးကြီးဆုံးပါ။

(၁) ကိုယ့်ကိုယ်ကိုလက်ခံရမယ်

လူတစ်ယောက်က ကိုယ့်ဘဝကိုသိနားလည်ပြီး လက်ခံတတ်ဖို့လိုပါတယ်။ ကိုယ့်ဘဝကိုအရှိအတိုင်းလက်ခံတတ်ပြီး ကြိုးစားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကိုပြုပြင်၊ အားသာချက်တွေကိုအသုံးချပြီး မှန်ကန်တဲ့အောင်မြင်မှုကိုရအောင် ကြိုးစားတာက အကောင်းဆုံးဖြစ်ပါတယ်။

(၂) အရာရာကနေသင်ယူတတ်ရမယ်

ဘဝမှာအောင်မြင်တဲ့သူတွေဟာ သင်ယူတတ်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကနေ၊ ကိုယ့်ဘေးနားကလူတွေဆီကနေ၊ ကိုယ့်ရဲ့အမှားတွေကနေ သင်ယူနိုင်အောင် ကြိုးစားတာက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာစေပါတယ်။

(၃) ခါးသီးမှုတွေကို ဖြတ်ကျော်နိုင်ရမယ်

နေရာတစ်ခုမှာအောင်မြင်ဖို့ ကြိုးစားတဲ့အခါ အခက်အခဲတွေ၊ ခါးသီးမှုတွေကိုလည်း ကြုံရတတ်ပါတယ်။ အဲ့ဒီအခက်အခဲ၊ခါးသီးမှုတွေကို အရှုံးမပေးဘဲ ဖြတ်ကျော်နိုင်ဖို့လိုပါတယ်။

(၄) လစ်လျူရှုတတ်ရမယ်

ဘဝမှာအောင်မြင်မှုရဖို့ကြိုးစားနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတွေရဲ့အမြင်တွေ၊ ဝေဖန်မှုတွေ၊ အတင်းအဖျင်းစတာတွေကို လစ်လျူရှုပြီး ကိုယ်လိုချင်တဲ့နေရာရဖို့ တစိုက်မတ်မတ်ကြိုးစားဖို့လိုပါတယ်။ အတင်းအဖျင်းတွေနဲ့ဝေဖန်စကားတွေကို ဂရုစိုက်နေသရွေ့ ကိုယ်သွားမယ့်လမ်းကြောင်းမှာ အာရုံမစိုက်နိုင်ဘဲ အောင်မြင်မှုနဲ့ဝေးနေဦးမှာပါပဲ။

(၅) လေးစားတတ်ရမယ်

လေးစားတတ်တာကလည်း အောင်မြင်မှုရဲ့သော့ချက်တစ်ခုပါပဲ။ လူတစ်ဖက်သားကိုလေးစားတတ်ဖို့လိုသလို၊ ကိုယ့်ကိုယ်ကိုလည်း လေးစားတတ်ဖို့လိုပါသေးတယ်။ ကိုယ့်ကိုယ်ကိုလေးစားပြီး ကိုယ့်ကိုထိခိုက်စေမယ့်အပြုအမူအပြောအဆိုတွေကို ရှောင်မယ်ဆိုရင် တခြားသူတွေကလည်း ကိုယ့်ကိုလေးစားပါလိမ့်မယ်။

written by PP