ငွေ ကိုရှာပါ မကိုးကွယ်ပါနဲ့ ငွေ ကို ရှာပါ အရာရာတိုင်းကို ငွေကြေး နဲ့ တန်ဖိုးမဖြတ်မိပါစေနဲ့

ငွေ ကိုရှာပါ မကိုးကွယ်ပါနဲ့ ငွေ ကို ရှာပါ အရာရာတိုင်းကို ငွေကြေး နဲ့ တန်ဖိုးမဖြတ်မိပါစေနဲ့

လူတော်တော်များများက ပြောကြတယ် ငွေဆိုတာ ဒုတိယ ဘုရားသခင်တဲ့ မှန်ပါတယ် ဒုတိယ ဘုရားသခင်ပါပဲ ။

ငွေရှိရင် ကို လိုချင်တာဝယ်လို့ရမယ် ။

ငွေရှိရင် ကိုယ်နေချင်တဲ့ အိမ်ကိုဝယ်လို့ရမယ် ။

ငွေရှိရင် ကိုယ်သွားချင်တဲ့လမ်းကို ကောင်းကောင်းသွားနိုင်တယ် ။

ငွေရှိရင် ကိုယ်ပြောတဲ့စကား တော်တော်များများကို လက်ခံလာလိမ့်မယ် ။

ငွေရှိရင် ကိုယ်မှားနေရင်တောင်အမှန်လို ဝန်းရံထောက်ခံလာလိမ့်မယ် ။

ငွေရှိရင် လူတွေက ပိုချစ်တယ် ။

ငွေရှိရင် ကိုယ့်အတွက် ဝင်နာပေးမဲ့သူတွေ များလာလိမ့်မယ် ။

ငွေရှိရင် ကိုယ့်ကို ထိရင် အသတ်နဲ့ လဲမဲ့ လူလိုပံစံတွေ များလာလိမ့်မယ် ။ ( လက်တွေ့မှာတော့ မဟုတ်ပါဘူး )

ငွေရှိရင် ကိုယ့်ရှေ့ ကျွန်ခံမဲ့သူတွေ ဒူးထောက်မဲ့သူတွေ များလာလိမ့်မယ် ။

ငွေရှိရင် တရားလဲနိုင်လိမ့်မယ်။

ဒါပေမဲ့ ငွေရှိတိုင်း မေတ္တာတရားတွေမရနိုင်ဘူး။ ငွေရှိတိုင်းလဲ မပျော်ရွှင်နိုင်ဘူး ။

ငွေရှိတိုင်းလဲ အထီးမကျန်တော့ဘူးဆိုတာမဟုတ်ဘူး ။ ငွေရှိတိုင်း စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ မရနိုင်ဘူး ။

ငွေရှိတိုင်း အမှားတွေက အမှန်ဖြစ်မလာဘူး ။ ငွေရှိလို့ ကျွန်လာခံ ဒူးထောက်နေမဲ့သူရှိတိုင်းလဲ မယုံကြည်ရဘူး။

ဒါကြောင့် ငွေ ကိုရှာပါ မကိုးကွယ်ပါနဲ့ ။ ငွေ ကို ရှာပါ အရာရာကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်မိပါစေနဲ့ ။

ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေ ရှိသလို ကိုယ့်ငွေ ကိုယ့်ပိုင်ဆိုင်တာ မဟုတ်ရင် မမက်မောတတ်တဲ့ သူတွေ ရှိတယ် ။

သားသားမေမေ SS


















သားသားမေမေ SS